ပြည်ပ သီးသန့်ပဲတဲ့
hive-122133·@myancrypto·
0.000 HBDပြည်ပ သီးသန့်ပဲတဲ့
 Russia ပြည်တွင်းက စီးပွားရေးလုပ်ငန်းအချို့မှာ cryptocurrency တွေ အသုံးပြုခွင့် ဥပဒေကြမ်းဟာ အောက်လွှတ်တော်ကနေ ခွင့်ပြုချက်ရလာပါပြီ။ ဒါပေမယ့် ပြည်တွင်းမှာတော့ cryptocurrency တွေကို ငွေပေးချေမှုအတွက် အသုံးပြုခွင့်ရှိမှာမဟုတ်ဘဲ နိုင်ငံတကာငွေပေးချေမှုတွေမှာသာ အသုံးပြုခွင့်ရှိမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီဥပဒေဟာ အသက်ဝင်ဦးမှာမဟုတ်သေးဘဲ September လောက်မှ အသက်ဝင်မှာဖြစ်သလို ဒီနှစ်ကုန်ပိုင်းမတိုင်ခင်လောက်မှသာ ငွေအလွှဲအပြောင်းတွေ စလုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် Russia ဗဟိုဘဏ်အနေနဲ့ crypto ငွေပေးချေမှုတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အခုချိန်ထိ မရေးဆွဲရသေးသလို ရေးဆွဲပြီး၊ ပြည်သူကိုချပြပြီးတဲ့အချိန်ထိစောင့်ပြီးမှသာ နိုင်ငံတကာငွေပေးချေမှုတွေမှာ crypto ကို တရားဝင်သုံးလို့ရလာနိုင်မှာပါ။ ဒီဥပဒေနဲ့ပတ်သက်လို့ El Salvador သမ္မတ Nayib Bukele ကတော့ အတော်လေးကြိုဆိုနေပြီး Russia နဲ့ El Salvador ကြား ငွေပေးချေမှုတွေကို Bitcoin နဲ့ လုပ်ဖို့အထိပါ ကမ်းလှမ်းထားပါတယ်။ Russia ဖက်က cryptocurrency တွေကို အားပေးလာတာဟာ US အတွက် မျက်စိဆံပင်မွှေးစူးစရာ ဖြစ်လာနိုင်ပြီး ပြည်တွင်းအခြေစိုက် crypto company တွေအပေါ် ပိုတင်းကြပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။  Reference Link: https://protos.com/no-russia-did-not-just-lift-its-ban-on-domestic-crypto-use/ အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ် https://t.me/myancrypto https://t.me/myancryptochannel Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ် https://www.youtube.com/c/MyanCrypto Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord https://discord.gg/zxJK6sVMDH Binance Myanmar Telegram Group https://t.me/BinanceBurmese Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ် https://accounts.binance.com/en/register?ref=UAPFLEFU Future Trading အတွက် Referral Code: myancrypto Mining Account အတွက် Referral Code: E381THBL