မိတ်ဆွေ + ရန်သူ
myanmar·@myanmarpyithar·
0.000 HBDမိတ်ဆွေ + ရန်သူ
 သူက သုံးတတ်ရင် အလွန်အကျိုးပြုတဲ့ မိတ်ကောင်းဖော်မွန် တစ်ယောက်ပါ ... အဲ .. သူ့ကို မကောင်းတဲ့ စိတ်နဲ့ သုံးပြန်ရင်လည်း အလွန် အန္တရာယ်ကြီးသော ရန်သူ တစ်ယောက်အဖြစ် ပြောင်းသွားပြန်ပါလေ ရောလား .. အခြားမဟုတ်ပါ ... ဖေ့စ်ဘွတ် ဆိုရှယ်မီဒီယာ ..... တလောလေးကပဲ ဖရဲသီးဗန်းမှောက်တယ် ဆိုပြီး အုန်းအုန်းကျွတ်ကျွတ် အားပေးလိုက်တာ စိတ်မကောင်းစရာ .... အပြောခံရတဲ့ တစ်ယောက် သေပါလေရောလား .. ဒါက မကောင်းတဲ့ ဘက်ခြမ်း .. ကောင်းတဲ့ ဘက်က လာပါပြီ .. အားလုံးသိတဲ့အတိုင်း ရေခဲချောင်းရောင်းတဲ့ လှတောသူအစ်မကြီး ... ဟော အခု ဖေ့ဘွတ်အစွမ်းကြောင့် တော်တော်လေးအဆင်ပြေနေတာတွေ့ရတာ ဝမ်းသာစရာပါ .. ပြောချင်တာက ... ဘယ်လို အရာပဲ ဖြစ်ဖြစ် အသုံးပြုတဲ့သူတွေရဲ့ အပေါ်မှာဘဲ မူတည်ပါတယ် .. ကောင်းတဲ့နေရာ ကောင်းတဲ့စိတ်နဲ့သုံးရင် ကောင်းကျိုးပြုမှာပါ ...... မကောင်းတဲ့နေရာမှာသုံးမိရင်တော့ ဆိုးကျိုးတွေပဲရမှာ ပြောစရာပင်မလိုချေ ... မိတ်ဆွေများလည်း မှန်ကန်စွာ အသုံးပြုနိုင်ကြစေဖို့ ဆန္ဒပြုရင်း....  Written by @myanmarpyithar MSC 103
👍 myanmarpyithar, sheinthu, moorkedi, aunggyi100, suhlaing, pyaesonekhinkhin, good-karma, demo, feruz, esteemapp, minnowsupport, stephen.king989, steemprentice, dickturpin, decibel, shellyduncan, cryptohustler, myday, pheonike, jhermanbeans, pomperipossa, numpypython, alexmorenoec, redpillproj, gamerveda, htetwaihin, mamamyanmar, zarmanizawlinn,