တစ်​သက်​တာ အမှတ်​တရ (၄)
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@myanmarpyithar·
0.000 HBD
တစ်​သက်​တာ အမှတ်​တရ (၄)
![image](https://img.esteem.ws/rp6zsitlll.jpg)
ငြိမ်းသူ​ရောက်​လာပြီး​နောက်​ ငါးတန်းအခန်းထဲမှ လွယ်​အိတ်​နှင့်​ ထမင်းဘူး​များယူကာ 
ကျွန်​​တော်​တို့ စ ထွက်​ခဲ့ကြသည်​။ 
ကျောင်းဝင်းထဲမှ ​ကျောင်းပြင်​သို့ ထွက်​ရန်​မှာ သိပ်​မခက်​လှ​ချေ ။ ​ကျောင်းတက်​ချိန်​ဖြစ်​၍ 
ကျောင်း၏ ပင်​မ ဝင်​​ပေါက်​ကို ပိတ်​ထား​သော်​လည်း အခြား ဝင်​လို့ ထွက်​လို့ရ​သော ​နေရာများစွာလည်း ရှိ​သေးသည်​။ ထိုထဲမှ နေရာ
တစ်​ခုက​နေ ကျွန်​​တော်​တို့ထွက်​ခဲ့ကြပါသည်​။ 
 ![image](https://img.esteem.ws/8lgy048mfj.jpg)
Image credit - [Original source](http://www.duncanville.com/wp-content/uploads/2016/04/dilapidated-fence.jpg)
ကျောင်းဝင်းအပြင်​​ရောက်​မှ ပြသနာကစသည်​။အခြားမဟုတ်​ .. ပြည့်​စုံ ။ ဒီ​ကောင်​က ​ဆေးလိပ်​ဝယ်​ချင်​သည်​ဟု ဆိုသည်​။ ကျွန်​​တော်​တို့​တွေ အစီအစဉ်​က မြစ်​ဆိပ်​ကို မြို့ထဲက​နေမသွား။ ​ကျောင်းယူနီ​ဖောင်းများဖြင့်​ တစ်​​ယောက်​​ယောက်​က​တွေ့သွားလျှင်​ ခက်​​ချေမည်​။ ထို့​ကြောင့်​ ကျွန်​​တော်​တို့ ​ကျောင်းနှင့်​ သိပ်​မ​ဝေး​သော ဘုရား​ဘေး လမ်းကြား​လေးမှ 
သွားကြမည်​။ ထိုလမ်းကြားမှ မြစ်​ရောက်
အောင်​သွားပြီး ​ရေချိုးမည်​။ ည​နေ ​ကျောင်းကားမှီ​အောင်​ပြန်​လာကြမည်​။ ဒီ​လောက်​သာ
ဖြစ်​သည်​။ ပြည့်​စုံက ထိုလမ်းမှ မသွားလို ။ "အဲ့ဒီလမ်းမှာ ဘာဆိုင်​မှမရှိဘူးဟ .. မြို့ထဲကသွားမှ ​ဆေးလိပ်​ဝယ်​လို့ရမှာ​ပေါ့  .. " ပြည့်​စုံ​ပြောလိုက်​​သောစကား​ကြောင့်​ အားလုံး​ဒေါသထွက်​ရသည်​။ ငြိမ်းသူက " မင်း ​ဆေးလိပ်​​သောက်​ချင်​တာနဲ့ အကုန်​လုံး ​တွေ့ကုန်​မှာ​ပေါ့ဟ .. ပြည့်​စုံမင်း .. မလိုက်​ချင်​​နေခဲ့ကွာ .."
" ​ဟေ့​ကောင်​တွေ ..အားလုံးအတူတူသွားမယ်​လို့ ကတိ​ပေးပြီးသား​နော်​ .. ဘာလဲ .. ကတိဖျက်​ချင်​တာလား .. ရတယ်​​လေ .. ငါကအခုဆရာမသွားတိုင်​​ပြောလိုက်​မှာ .. အဲ့လိုမလုပ်​​စေချင်​ရင်​ ငါ့ကိုခဏ​စောင့်​ .. ငါ​ဆေးလိပ်​သွားဝယ်​ပြီး ပြန်​လာခဲ့မယ်​.." ပြည့်​စုံက ​ပြောပြီး​ပြေးထွက်​သွားသည်​။ ကျွန်​​တော်​ အနားတွင်​ရှိ​သော ​ကျောက်​ခဲတစ်​လုံးကို ကန်​လိုက်​ရင်း " အဲ့​ကောင်​ ဂြိုလ်​ဆိုးပဲကွာ .. ငါ အစထဲက
ပြောတယ်​ .. မ​ခေါ်ခဲ့ပါနဲ့ဆို .. သွား​တောင်​မသွားချင်​​တော့ဘူးကွာ .." ​ဟုပြောလိုက်​​တော့ 
င​ကောင်းက " ဟာ .. ဒီထိ​ရောက်​လာပြီပဲကွာ .. ပြန်​သွားလည်း ငါတို့​ကျောင်းလစ်​တာ သိမှာပဲ .. သိမယ့်အတူတူ ​ရေ​တော့ သွားချိုးရ​အောင်​ကွာ .." ကျွန်​​တော်​ စကားပြန်​မ​ပြောမိ​တော့ .. ငြိမ်းသူလည်း တိတ်​ဆိတ်​လျှက်​ ...
 ![image](https://img.esteem.ws/jb7648080y.jpg)
Image credit - [Original source](https://ak1.picdn.net/shutterstock/videos/7599271/thumb/1.jpg)
ခဏအကြာ ပြည့်​စုံပြန်​​ရောက်​လာ​ပြီး ကျွန်​​တော်​တို့အားလုံး မြစ်​ဆိပ်​သို့ ဘုရား​ဘေး 
လမ်းကြား​လေးမှ ​လျှောက်​လာခဲ့ကြသည်​။ 
လမ်းတွင်​ ပြည့်​စုံက​တော့ ​ဆေးလိပ်​​လေးဖွာလိုက်​ ကွမ်းဝါးလိုက်​နှင့်​ ... 
ဒီ​ကောင်​က စကား​တွေ အ​တော်​များ​နေသည်
ဒီ​ကောင့်​ကို ​တော်​​တော်​မျက်​မုန်းကျိုး​နေ
အိမ်​ကိုပါတိုင်​မည်​ဆို​သော နိုင်​ကွက်​ကိုင်​ထားသည့်​အ​ပေါ်လည်း နည်းနည်းမှ 
မ​ကျေနပ်​နိုင်​​ပေ။ " ​နေနှင့်​အုံး​ပေါ့ကွာ .." ဟူ၍ စိတ်​ထဲမှ ​တေးထားလိုက်​​​သည်​။ 
 ![image](https://img.esteem.ws/j0tssp0s96.jpg)
Image credit - [Original source](https://cdn.images.dailystar.co.uk/dynamic/203/photos/596000/620x/Man-smoking-519707.jpg)
(ဆက်​ပါအုံးမည်​)
 ![image](https://img.esteem.ws/7s6fwcpigm.jpg)
Written by @myanmarpyithar
MSC 103
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,