အလွမ်းတမ်းချင်း
esteem·@myatthuhnin·
0.000 HBDအလွမ်းတမ်းချင်း
သရက်ပင် ကရလာတဲ့အမွေးနံ့တစ်ချို့ ရှုရှိုက်မိတယ် ဪ.....နွေရောက်တော့မှာပါလား အိမ့်ရှေ့ကတမာပင်ကြီးက လည်း အရွက်တွေကြွေလွင့်ပြီးလေမှာပျံဝဲနေတယ် စိတ်ထဲမှာတော့ အတိတ်ကိုလွမ်းသလိုလို အိမ်ထဲမှာစကားသံအချို့ ကြားမိတယ် ငါဝင်ကြည့်တော့ သူရောက်နေတယ်လေ. ကြည့်စမ်းပါဦး.......သူအရမ်းပြောင်းလဲသွားတယ် ငါ့ရဲ့ရင်ခုန်သံတွေ ၁၆ နှစ်အရွယ်ကလေးလေးတစ်ယောက်လိုပဲ ရင်ထဲမှာ ဝုန်း...ဒိုင်း ကြဲသွားပြီ ဒါ..သူ့ကိုချစ်တဲ့ ၄နှစ်တာ သံယောဇဉ်ကပိုခိုင်မြဲသွားပြီဆိုတဲ့အကြောင်း သက်သေပဲ 