လွမ်းတက်ခဲ့ပြီ
myanmar·@myintlwinsoe·
0.000 HBDလွမ်းတက်ခဲ့ပြီ
လွမ်းတတ်ခဲ့ပြီ မင်းရဲ့ရှေ့မှာသစ်ရွက်လေးတွေလို ကြွေကျခဲ့တဲ့ငါ နေကောင်းရဲ့လား ကျန်းမာရေးဂရုစိုက်နော်ဆိုတဲ့ စကားလေးတွေကို စိတ်ရှုပ်ခဲ့တဲ့ ငါ စိတ်ပူမယ့် နင်မရှိမှ ငါအခု နင်မရှိတော့ လွမ်းတတ်ခဲ့ပြီ…… နေပူနေတယ် ထီးယူသွားနော်ဆိုတဲ့စိတ်ပူတဲ့စကားလေးတွေကို စိတ်ရှုပ်ခဲ့တဲ့ငါ အခုသတိပေးမယ့်နင်မရှိမှ နင့်ကို လွမ်းတတ်ခဲ့ပြီ……… ညနက်ထိ အပြင်မထွက်နဲ့နော်ဆိုပြီးပြောတဲ့ စိတ်ပူသံလေးတွေကို စိတ်ရှုပ်ခဲ့တဲ့ငါ အခုသတိပေးမယ့်နင်မရှိမှ နင့်ကိုလွမ်းတတ်ခဲ့ပြီ…… နေမကောင်းဖြစ်မယ် စောစောအိပ်နော်ဆိုပြီးဆူတဲ့ နင့်အသံလေးတွေကို စိတ်ရှုပ်ခဲ့တဲ့ငါ အခု မနက်အိပ်ယာထ အိပ်ရေးမဝတိုင်း နင့်ကို လွမ်းတတ်ခဲ့ပြီ…… ငါသာအခု သစ်ပင်တစ်ပင်ဆို နွေမိုးဆောင်း ပြောင်းသွားတိုင်း နင့်ကိုလွမ်းတိုင်း သစ်ရွက်တစ်ရွက်ကြွေမယ်ဆို ငါဆိုတဲ့ သစ်ပင်က အရွက်မရှိတော့ဘူး ထင်ပါရဲ့… ငါအလွမ်းတွေသာ ပန်းဖြစ်မယ်ဆို နင်လျှောက်တဲ့ ခြေလှမ်းတိုင်းပန်းဖြစ်ပါနေမှာပါ…… ငါ့ဘေးမှာမရှိတော့တဲ့ နင့်ကို အခုငါ "အရမ်းလွမ်းတတ်ခဲ့ပြီ" https://img.esteem.ws/ywrk7ztwmd.jpg MSC-224 @myintlwinsoe
👍 myominaung, nyinyiwin, zinzin, coralbright, yethihakyaw, bandula, chanmyaekyaw, pyaetioo, thethtooaung, minnowsupport, steemprentice, numpypython, decibel, edrivegom, pomperipossa, qwasert, myday, gamerveda, pheonike, jhermanbeans, shellyduncan, cryptonator, river-island, magnus19, hmushtaq, gyanibilli, inceptionally, steemdrive, myanmarkoko, zawmyo, myintlwinsoe, nedspeaks, spencercoffman, champagnecrypto, skytrex, btshuang, brains, raycoms, steps, good-karma, demo, feruz, esteemapp,