အတိတ်​ဘဝကချစ်​သူ အပိုင်း၁၆
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@myohlaingoo·
0.000 HBD
အတိတ်​ဘဝကချစ်​သူ အပိုင်း၁၆
ဘုရင်​နန္ဒသူသည်​ သူ၏တပ်​ကြီးထဲ တွင်​ပညာရှိ​သော ရ​သေ့ကြီးတစ်​ပါး ရှိသည်​။တစ်​ညတွင်​ ဘုရင်​နန္ဒသူ သည်​ သူ၏ ရွက်​ဖျင်​တဲ၌ စိတ်​ပျက်​လက်​ပျက်​ ထိုင်​​နေစဉ်​ ရ​သေ့ကြီး က သူ့ဆီသို့ ဝင်​​ရောက်​လာ​လေ့သည်​။
          ''ရ​သေ့ ကြီးကို တပည့်​​တော်​ မ​ခေါ်မိပါလား''
   ဟု ဘုရင်​နန္ဒသူ က​ပြောလိုက်​သည်​ယ
         "အရှင်​မင်းကြီး နဲ့ နယ်​စားမ​လေးရဲ့ ပဋိပက္ခ​ကြောင့်​ စစ်​သည်​ ရဲမက်​​တွေလည်း အ​တော်​ကို ပင်းပန်​​နေပါပြီး ဒါ​ကြောင့်​ နယ်​စားမ​လေးရဲ့အလိုကျ ဘုရင်​မင်းမြတ်​ ​ဆောင်​ရွက်​​စေလို ​ကြောင်းပါ"
     ရ​သေ့ကြီး က ထိုသို့ ​ပြောလိုက်​သဖြင့်​ ဘုရင်​နန္ဒသူ လည်း အံ့အားသင့်​ စွာဖြင့်
       " ဘယ်​လို ​ဆောင်​ရွက်​ရမလဲ ဆိုတာ မိန့်​​တော်​မှုပါ ဘုရား"
       "သူက ရဲတိုက်​ ကိုတိုက်​မှမြို့ရိုးကို ​ဖောက်​နိုငိမယ်​လို့ ဆို​နေတယ်​ ရ​သေ့ကြီးလည်းမြင်​​တွေ့ရမှာ ပါ ရဲတိုက်​က သူတို့မြို့လယ်​မှာရှိ​နေတယ်​ မြို့ရိုးကို ​ဖောက်​မှ သာ ရဲတိုက်​ ကို​အောင်​နိုင်​မှာပါ"
        ဘုရင်​နန္ဒသူ  က ထိုသို့​ဖြေလိုက်​ ရာ ရ​သေ့ကြီးက ပြန်​​ပြောလိုက်​ သည်
     "  အရှင်​ မင်းကြီး ကို ​မေးခွန်း တစ်​ခု​လောက်​​မေးပါရ​စေ" 
    "​မေးပါ ရ​သေ့ကြီး"
   "တပ်​မ​တော်​ရဲ့ ရဲတိုက်​ ကဘယ်​မှာပါလဲ မင်းကြီး "
  " တပ်​မ​တော်​ ရဲ့ ရဲတိုက်​မရှိပါဘူးဘုရား မြို့​တော်​မှာရှိတယ်​ ခံတပ်​ရှိတယ်​ မြို့ရိုးကိုလည်း ကုန်းမြင့်​မြင့်​မှာတည်​​လေ့ရှိတယ်​ ဒါ​ပေမယ့်​ တပ်​မ​တော်​ ဆိုတာ ​မြေပြန်​မှာ  တပ်​မ​တော်​ မှာရဲ တိုက်​ မရှိပါဘူး ဘုရား"
     "တပ်​မ​တော်​ ရဲ့ ရဲတိုက်​ ကဘယ်​မှာ ရှိသလဲမင်းကြီး"
  ဟု ရ​သေ့ကြီးက ထပ်​၍​မေးလိုက်​​လေသည်​။
" တပ်​မ​တော်​ မှာ ရဲတိုက်​မရှိပါဘူး အုတ်​နဲ့ ​ကျောက်​တည်​ထားတဲ့မြို့ ​တော်​မှာသာ ရဲတိုက်​ရှိပါတယ်​ ဒါ​ပေမဲ့ တပ်​မ​တော်​ ကို အုတ်​နဲ့​ကျောက်​နဲ့တည်​​ဆောက်​ထားတာ မဟုတ်​ပါဘူး အ​သွေးအသား အ​​ကြောအမျှင်​ ဦး​နှောက်​ အသဲ​တွေနဲ့ ဖွဲ့စည်းထားတဲ့ လူ​တွေသာရှိပါတယ်​ တပ်​မ​တော်​မှာရဲတိုက်​မရှိပါဘူး ရ​သေ့ကြီး"
     ဘုရင်​က ထိုသို့​ဖြေလိုက်​ရာ ရ​သေ့ကြွး တတိယ အကြိမ်​ ထပ်​မံ​မေးလိုက်​ ပြန်​သည်​။
     " တပ်​မ​တော်​ ရဲ့ ရဲတိုက်​ က ဘယ်​မှာ ရှိပါသလဲ မင်းကြီး "
    ရ​သေ့ကြီးက ထပ်​တ​လဲလဲ​မေး​နေသည်​မှာ အဓိပ္ပါယ်​ တစ်​ခု​တော့ရှိလိမ့်​မယ်​ ဟုယူဆပြီးဘုရင်​နန္ဒသူစဉ်းစားလိုက်​မိသည်​။သူသည်​ မိနစ်​အ​တော်​ကြာ ကြာစဉ်းစား​နေသည်​ ။ ရ​သေ့ကြီး လည်း တဲ၏ အလယ်​တွင်​မတုန်​မလှုပ်​ရပ်​​နေပြီး ဘုရင်​ ကိုသာ စူးစိုက်​ကြည့်​​နေ​လေသည်။
https://img.esteem.ws/mehal1oik2.jpg
      ××××××××××××××ဆက်​ရန်​××××××××××××××××
👍 , , , , , , , , , , , , , , , , , , , , , , ,