အတိတ်ဘဝကချစ်သူ အပိုင်း၃
esteem·@myohlaingoo·
0.000 HBDအတိတ်ဘဝကချစ်သူ အပိုင်း၃
ထွန်းသူရ ဟာ အလုပ်တာဝန် ဖြင့် ပြောင်းရွေးလာခဲ့ရသော်လည်း ဒီဒေသဟာ ကိုယ် အိမ်မက်ထဲမှ နေရာဒေသဖြစ်နေသည်။ ထွန်းသူရ အံ့သြမိနေမိသည်။ ငါ့ရဲ့ မသိစိတ်ကများ နှိုးဆော်နေတာလား ဒါမှမဟုတ် မိမိရဲ့ ကံကြမ္မာ ကြောင့်လားမသိ သည်ဒေသကို တွန်းပို့နေသလို ဖြစ်နေပြီလားဟုထင်မိသည်။ " ဗျို့ ဆရာလေး........ဆရာလေး..." ဗိုလ်တဲ၏အရှေ့ ဘက်မှသူ့အား လှမ်းခေါ်လိုက်သံကြားရသည်။ဒီသံကို သူမှတ်မိနေသည်။မောင်ဦး ရဲ့အသံပဲ "အေး ပြော..... မောင်ဦ ဘာဖြစ်လို့လဲ မနက်စောစောပါလား ငါလဲ နိုးနေပါပြီး" "ဆရာလေး ...ဒီမှာ ဧည့်သည်လာပိုတာပါ" မောင်ဦးပြောလိုက်သောစကားကြောင့် အံ့သြသွားသည် ။ဒီတောဒီတောင်ထဲမှာ ငါ့ မှာ အသိမရှိပါဘူး ဘယ်က အသိများပါလိမ့် ..... ထွန်းသူရ လည်း ကိစ္စများပြတ်အောင်လုပ်ပြိး နောက် အိမ်ရှေ့ သို့ ထွက်လာခဲ့သည်။အိမ်ရှေ့ရောက်တော့ မိမိဆီလာသည့် ဧည့်သည်ကို တွေ့လိုက်ရသောအခါ ပို၍ ပင်အံ့သြသွားရသည်။ ဧည့်သည် က မိန်းကလေး တစ်ယောက်ဖြစ်နေသည်။ အဝေးမှလှမ်းမြင်နေရ သည်မို့ သဲကွဲစွာမမြင်တွေ့ရသေးပေ။