အတိတ်​ဘဝကချစ်​သူ အပိုင်း၃၄

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@myohlaingoo·
0.000 HBD
အတိတ်​ဘဝကချစ်​သူ အပိုင်း၃၄
https://img.esteem.ws/vps5hb129m.jpg
အပိုင်း၃၄
နှင်းရည်​ ၏မျက်​နှာ​လေးနှင့်​တူ​နေသည်​ ကို​တွေ့လိုက်​ရသည်​။သို့ဖြင့်​ ​ထွန်းသူရ တစ်​​ယောက်​ သိလိုစိတ်​ဖြင့်​ အမျိုးသမီး​ခေါ်​ဆောင်​ရာ​နောက်​သို့ လိုက်​ခဲ့မိ​လေသည်​။ မ​နော်​ဟရီဆို​သောအမျိုးသမီးမှာ ​ရှေ့သွားပြီး ​နောက်​မှလိုက်​ခဲ့သည်​။ သို့ဖြင့်​ ​ရေကန်​နားသို့ေး​ရောက်​​သောအခါ ​နောက်​သို့လှည့်​ပြီး . .သူရ ကိုလှမ်း​ခေါ်လိုက်​သည်​။ 
သူရ မ​နော်​ကရီနားသို့​ရောက်​​သောအခါ . . . 
 " ဘယ်​ မှာ လဲ ညီမ ပြမယ်​ ဆိုတာ ​ရေကန်​နား​တောင်​​ရောက်​ လာပြီး "
  " ဟုတ်​ကဲ့ပါ အကို ​ရောက်​​တော့မှာ ပါ ညီမ နဲ့ အတူသာလိုက်​ဆင်း​ခဲ့ပါ "
 မ​နော်​ဟရီဆို​သော အမျိုး သမီးမှာ ​ရှေ့မှ​နေ၍ ​ရေကန်​ ထဲသို့ဆင်းသွား​လေသည်​။ သူရ လည်း ​နောက်​မှ ​လိုက်​၍ ဆင်းလိုက်​ခဲ့သည်​။ ​ရေ​အောက်​သို့​ရောက်​​သောအခါ ခမ်းနားထည်​ဝါလှသည့်​ ​ရေ​အောက်​ နန်း​တော်​ ကြီးပမာ ဝင်းဝါ ​တောက်​ပလျက်​ရှိ​လေသည်​။
သူရ လည်​အံ့သြသည့်​စိတ်​ဖြင့်​ နန်း​တော်​ကြီးတစ်​ခုလုံးကို လှည့်​ပတ်​ကြည့်​​နေမိသည်​။ 
မ​နော်​ဟရီ ဆို​သော အမျိုးသမီးက အခန်း​လေးတစ်​ခန်းနားသို့  ​ရောက်​​သောအခါ တစ်​ခါးကို ဖွင့်​လိုက်​​လေသည်​ အခန်းထဲ တွင်​​ရွှေ​ရောင်​ ​တောက်​ပလျက်​ရှိ​သော ​သေတ္တာ သုံးလုံးကို​တွေ့လိုက်​ရ သည်​။အနားသို့​ရောက်​​သောအခါ ​သေတ္တာ များကိုဖွင့်​ကြည့်​လိုက်​​သောအခါ အထဲ ၌ ​ရွှေ​ငွေ​ကျောက်​သံပတ္တမြား အစုံအလင်​ကို​တွေလိုက်​ရ​လေသည်​။ထို့​နောက်​ အရိုးစုနှစ်​ခု မျက်​နှာချင်းဆိုင်​ ​ထိုင်​လျက်​ရှိ​နေသည်​ကို​တွေ့လိုက်​ရသည်​။

xxxxxxxxxxxx ဆက်​ရန်​ xxxxxxxxxxxx
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,