ဘဏ် (အပိုင်း ၃)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@myothuzar·
0.000 HBD
ဘဏ် (အပိုင်း ၃)
![img_0.22459615903138103.jpg](https://images.ecency.com/DQmdKPsmRdbLciLUJJqCwMmds5A9C9uhkv827RCAyNY9HSU/img_0.22459615903138103.jpg)


ထိုဘဏ်နားသို့ရောက်သောအခါ ဘဏ်ဖွင့်နေသည်ကိုတော့ မတွေ့ရပေ။သို့သော် ဘဏ်ဘေးနားမှာ ဝန်ထမ်းအချို့ကို တွေ့ရပြီး ထိုသူများနားတွင် လူများဝိုင်းအုံပြီး k pay လုပ်ပေးဖို့ တောင်းဆိုမေးမြန်းနေသည်ကိုတွေ့ရသည်။သို့နှင့် ကျွန်မတို့မိသားစုလည်း  ထိုလူစုနားသွားကာ k pay လုပ်ပေးဖို့ ဝိုင်းဝန်းတောင်းဆိုရတော့သည်။

ထိုဘဏ်မှ ဝန်ထမ်းများသည် လူများတောင်းဆိုသည်ကို တတ်နိုင်သမျှ ကြိုးစားလုပ်ကိုင်ပေးကြသော်လည်း လူများနေ၍ မိမိတို့မှာ ခဏတာ စောင့်လိုက်ရသေးသည်။ခဏအကြာ၌ အလုပ်အားသွားပုံရသော ဘဏ်ဝန်ထမ်းအမျိုးသမီး တစ်ဦးသည်  k pay လုပ်ချင်သူရှိသေးသလားဟုမေးမြန်း၍ မိမိတို့လည်းလုပ်ချင်ပါသည်ဟု အလျှင်အမြန်ပြောကာ ထိုအမျိုးသမီးနားသို့ အလျှင်အမြန်သွားလိုက်ရသည်။သို့နှင့် ထိုအမျိုးသမီးသည် မိမိတို့ မိသားစုနှင့်အတူ အခြားလူနှစ်ယောက်ကိုပါ တစ်ပြိုင်နက် k pay ဖွင့်ပေးပါတော့သည်။

ထိုအချိန်က ဖုန်းအင်တာနက် မရသော်လည်း ဘဏ်က wifi ဖွင့်ပေးထား၍ ထို wifi လေးသုံးကာ K pay ဖွင့်ရသည်။ထို k payကို ဘဏ်ဝန်ထမ်းက မှတ်ပုံတင်ယူကာ level 2 အထိ အဆင့်မြှင့်ပေးခဲ့သည်။ k payကို level 2 ထိ ဖွင့်နိုင်သောအခါမှ ထိုအထဲတွင် branch appointment ဆိုသည့်ဟာလေးနှိပ်ကာ ငွေထုတ်ယူရန်၊စာအုပ်အသစ်ဖွင့်ရန်၊ငွေလွှဲရန် စသည့် မိမိလုပ်ဆောင်ချင်သော အချက်များရွေးကာ appointment ယူရသည်ကို သိရှိလေသည်။

ထိုappointment ရမှ ဘဏ်သိုသွားကာ မိမိတို့ လုပ်ဆောင်ချင်သည့် ဘဏ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခွင့်ရပေမည်။ထို appointment မရပါက ဘဏ်ထဲသို့ပင် ဝင်ခွင့်မပြုပေ။( မှတ်ချက် - ထို အချက်သည် ယခင် ဧပြီ၊မေလတုန်းက အတွက်သာဖြစ်ပါသည်။ယခုအချိန်မှာတော့ ငွေထုတ်သည့်အချက်မှလွဲ၍ ကျန် လုပ်ငန်းဆောင်တာများကို appointment မလိုဘဲ ဘဏ်ထဲသို့ ဝင်ရောက်လုပ်ကိုင်နိုင်ပြီဖြစ်လေသည်။
 
မိမိယူခဲ့ရသော appointment ကို အပေါ်မှာနမူနာအနေနှင့် ပြသထားပါသည်။

ဆက်ရန်
👍 , , , , , , , , , , , , , , , , ,