ကောင်းသောစေတနာ
myanmar·@naingwintun·
0.000 HBDကောင်းသောစေတနာ
 တချို့တွေက စေတနာအကြောင်းကို သိကြလိမ့်မယ်။မသိတဲ့သူတွေလည်းရှိကြသည်။စေတနာဆိုတာ ဘာလဲ မေးကြတဲ့သူတွေရှိသလို စေတနာအကြောင်းမသိသေးတဲ့သူတွေရှိကြသေးတယ်။သူများစေတနာခေါ်လို့ လိုက်ခေါ်တဲ့သူတွေရှိကြတယ်။စေတနာအကြောင်းလေးကို ဒီဆောင်ပါးလေးမှာ ပြည့်ပြည့်စုံစုံ တင်ထားပေးတယ်။စာဖတ်သူတို့တွေ စာကိုဖတ်ကြည့်ခြင်းအားဖြင့် စေတနာဆိုတဲ့အရာက ဘာလဲ။ဘာကြောင့်စေတနာဖြစ်လာရတာလဲ။စေတနာဟာ ဘာကြောင့် ကံလို့ခေါ်ဆိုတာလဲ။ထိုသို့ အကြောင်းအရာတွေကို တင်ပြပေးသွားမှာဖြစ်ပါသည်။ စေတနာကို ဘာကြောင့်ကံလို့ခေါင်းစဉ်တပ်ရသလဲဆိုတော့စေတနာတွေက အားလုံးကို စုပေးတဲ့သဘောရှိတယ်။သဘာဝတရားတွေကို စုစည်းပေးတာ။ ရှိသမျှ သဘာဝတရားတွေ အလုံးစုံကို စုပေးတာက သူရဲ့အလုပ်ပါ။ စုစည်းပေးလိုက်လို့ရှိရင် စွမ်းအင်သတ္တိရမယ်။စွမ်းအင်ဆိုတာက မိမိကိုယ်ကို မိမိယုံကြည်မှုရှိလာတာပါ။ထိုသို့ယုံကြည့်မှုတွေများလာတော့ အလုပ်တွေဘာတွေ လုပ်ဖို့ ဆုံဖြတ်နိင်လာတဲ့သဘောပါ။ထိုအလုပ်တွေဟာ သဘာဝကစုစည်းပေးတဲ့ စေတနာတွေပေါ့။ဒါကြောင့်လည်း စေတနာကို ကံ အလုပ်ဟုခေါ်လာခြင်းဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းစွမ်းဆောင်မှုရှိတယ်။ အခြားသဘာဝတရားတွေကိုလည်း စွမ်းဆောင်မှုရှိလာအောင် စွမ်းအားတွေပေးတယ်။ထိုစွမ်းအားတွေကို အသုံးချတတ်လာပြီး ကံဆိုတဲ့အလုပ်ကို လုပ်လာကြပါသည်။ စေတနာကို အင်္ဂလိပ်လို ပြန်တဲ့အခါမှာ volition လို့ ပြန်လေ့ရှိသော်လည်း တကယ်ပြန်သင့်တာက stimulation ဖြစ်တယ်။ အားလုံးရဲ့ စွမ်းအားတွေထက်လာအောင် စုစည်းပေးတဲ့သဘော၊ အဲဒီလို စွမ်းအားတွေစုမိသွားတာကြောင့် ဘာတွေပေါ်လာတုန်းဆိုလို့ရှိရင် စိတ်ကတွေးမှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ဝစီကံ၊ကိုယ်ထိလက်ရောက်ပြုမှု ကာယကံ သဘောတရားတွေ ပေါ်လာတယ်။ကာကကံ ဝစီကံ မနောကံတွေဟာ စေတနာဆိုတဲ့ အရာကနေဖြစ်လာတာပါ။ထိုသို့ကံ (၃)ပါးဖြစ်ပေါ်လာပြီး စေတနာအကျိုးတွေပေးလာကြတယ်။စေတနာတွေဖြစ်လာကြတယ်။ဒါကို တရားစာပေလိုက်စားသူများသာ သိကြပါတယ်။ခုခေတ်လူငယ်တွေဟာ တရားဘက်လိုက်စညးသူနည်းလာပြီးအတွေးအခေါ်ပိုင်းမှာလည် ရှေ့လူတွေလောက် တိုးတတ်လာခြင်းမရှိတော့ပါ။တရားသဘောကို မစဉ်းစားတတ်ဘဲ အပျော်အပါးဘက်ကို ဦးစားပေးတတ်သော်ကြောင့် ဥာဏ်ရည်ပိုင်းကျဆင်းလာကြသည်။ အဲဒီလို ကမ္မဆိုတဲ့ ပြုလုပ်မှုတွေ ပေါ်လာစေတတ်လို့ စေတနာကိုကမ္မလို့ ခေါ်လိုက်တာ၊ အားလုံး စိတ်ရဲ့တွေးခေါ်မှု၊ နှုတ်ရဲ့ပြောဆိုမှု၊ကိုယ်ထိလက်ရောက် ဆောင်ရွက်လုပ်ကိုင်မှုဆိုတဲ့ အဲဒီအမှုတွေကကမ္မပဲ၊ ကမ္မဆိုတဲ့ စကားလုံးက အမှုပဲ။ထိုအမှုတွေကြောင့်စေတနာဖြစ်လာပြီး ကံလိုသတ်မှတ်ခဲ့ကြသည်။ အဲဒီပြုလုပ်မှုတွေ သက်သက်ကိုမဆိုလိုဘဲနဲ့ အဲဒီပြုလုပ်မှုတွေရဲ့နောက်ကွယ်ကနေပြီး ဒီလိုပြုလုပ်မှုတွေကို ဖြစ်ပေါ်စေအောင် ဘယ်သူက စွမ်းဆောင်နေသလဲဆိုရင် စေတနာက စွမ်းဆောင်နေတာ၊ ဒါကြောင့်မို့လို့ ဒီစေတနာလေးကို ကမ္မလို့လည်း ခေါ်တယ်။ ကံဆိုတာအလုပ်ဖြစ်ပြီး ကံကောင်းခြင်းဟာ အလုပ်ကောင်းလို့ဖြစ်ပေါ်လာတာပါ။ကောင်းသောကံတွေဖြစ်လာအောင် စေတနာထားပြီး ဘယ်အလုပ်မဆို ကောင်းကောင်းလုပ်ပါ။ဒါဆိုကောင်းသောကံ စေတနာတွေရလာပြီး လောကအကျိုးပြုလုပ်ငန်းတွေကို လုပ်နိင်မှာမလွဲပါ။ ဖန်တီးတတ်လို့ သင်္ခါရလို့လည်း ခေါ်တယ်။သင်္ခါရတရားက အရာရာကို ဖန်တီးမှုတွေပြုလုပ်တတ်ကာ ဘဝကိုဖြစ်စေပါသည်။ဘဝတစ်ခုကိုသယ်ဆောင်သွားတတ်လို့ ဘဝလို့လည်း ခေါ်တယ်ပေါ့။ဘဝဟာ အရမ်းတိုးတောင်းပြီး နောက်ဘဝလူဖြစ်ဖို့ဆိုတာခက်ခဲပါတယ်။လူဖြစ်တုန်းအချိန်ခဏလေးမှာ အရာရညကိုမေတ္တာယှဉ်ပြီး စေတနာထားကာ ပြုမှုနေထိုင်ပါ။လောကမှာ လူတွေ နေ့စဉ်နဲ့အမျှ ကြံတွေးနေတဲ့ ကိစ္စတွေ၊ နှုတ်ကထုတ်ပြောနေတဲ့ ကိစ္စတွေ၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်နေတဲ့ကိစ္စတွေက ဘယ်သူ့ရဲ့တွန်းအားလည်းဆိုရင် ဟောဒီစေတနာရဲ့တွန်းအားတွေပဲ။စေတနာတွန်းအားဟာ ကောင်းသောအရာဖြစ်ပ့တယ်။ထိုစေတနာတွန်းအားမျိုးလူတိုင်းရှိနေရင် လူဖြစ်ကြိုးနပ်ပြီး ဘဝဟာအေးမြပါလိမ့်မည်။ သဘာဝတရားတွေကို တွန်းအားပေးလိုက်တဲ့ အခါကျတော့ အင်အားတွေ တက်လာတယ်၊ အင်အားတွေတက်လာလို့လုပ်ဆောင်မှုတွေက ထင်ရှားလာတာပေါ့။ထင်ရှားလာသည့်အတွက်ကြောင့် ဒီလုပ်ရပ်ကို အမှီပြုပြီး ကောင်းကျိုးဆိုးကျိုးဆိုတာ ဖြစ်ပေါ်လာတယ်။ထိုကောင်းကျိုး တွေဟာ လူကလုပ်တာဖြစ်ပြီး အလုပ်တိုင်းကိုစေတနာထားပါက ဆိုးကျိုးမှုနည်းလာလိမ့်မည်။ဒီသင်္ခါရဆိုတဲ့ ကံတရားတွေဟာ လောဘ ဒေါသ မောဟ ဆိုတာတွေက ဦးဆောင်သွားလို့်ရှိရင် မကောင်းတဲ့ကံ ဖြစ်တယ်။မကောင်းတဲ့ကံများလာရင်တော့ ဘဝရေတိမ်နစ်ရလိမ့်မယ်။နောက် အပါယ်ငရဲကျရောက်တတ်ပြီး ဒုက္ခမျိုးဆုံးကြုံတွေရတတ်သည်။အလောဘ အဒေါသ အမောဟ စတဲ့တရားတွေက ဦးဆောင်သွားလို့်ရှိရင် ကောင်းတဲ့စေတနာ၊ ကောင်းတဲ့ကံဖြစ်လာတယ်။ကုသိုလ်ကံ အကုသိုလ်ကံလို့ ကံနှစ်မျိုးနှစ်စား ကွဲပြားခြားနားလာတယ်ပေါ့။ Naingwintun Msc.207
👍 naingwintun, good-karma, mysteem, feruz, esteemapp, meysam, liuke96player, socialspace, tunnaingwin, kokonaing, waizinthwe, khinzawlatt, nyeinzaw, thetlyar, theinzawlin, asterkame, zero1332000, nannhtike, thura, camelot, curie, liberosist, meerkat, anwenbaumeister, hendrikdegrote, kushed, pharesim, webresultat, jasimg, xanderslee, ewuoso, awesomianist, cryptokrieg, sammarkjames, folly-pandy, bue, official-hord, nyinyizin,