ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@nandasai·
0.000 HBD
ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇)
"ဦး​လေး ကျွန်​​တော်​ဦး​လေးနဲ့ တိုင်​ပင်​စရာတစ်​ခုရှိတယ်​ နွယ်​နဲ့ပတ်​သတ်​ပြီး​တော့​ပေါ့"

"ဦး​လေးလည်း ငါ့တူ​လေးကို ​ပြောပြစရာတစ်​ခုရှိတယ်​ နွယ်​နဲ့ပတ်​သတ်​ပြီး​တော့​ပေါ့ ဒါ​ပေမဲ့ အ​ကောင်းဘက်​က ​မျှော်​လင့်​မထားပါနဲ့"ဦး​လေးသက္က၏စကားများ​ကြောင့်​ ​​နေ​သော်​ သိလို​သောစိတ်​များ ပြင်းပြသွားခဲ့သည်​။

"တိုက်​ဆိုင်​လိုက်​တာ ငါ့တူရယ်​ ငါ့တူက ဘာအ​ကြောင်း​ပြောပြမလို့တုန်း ဒါ​ပေမဲ့လို့ ဦး​လေး​လောက်​ အံသြစရာ​ကောင်းမယ်​မထင်​ဘူး"

"​နေပါဦး ဦးသက္ကရဲ့ ဦး​လေးက ဘာ​တွေများအ​ရေးကြီး​ပြောစရာရှိ​နေလဲ ဆိုပြပါဦး"ထိုအခါ ဦးသက္ကမှဆက်​ပြီး

"ဒါ​ပေမဲ့ ဦး​လေးသက္ကကိုကတိတစ်​ခု​တော့​ပေးကွာ အခု ငါ့တူကို ဦးသက္က​ပြောပြပြီးရင်​ နွယ်​ဝင်​စား​နေတဲ့ သူဇာ့ကို မမုန်းလိုက်​ပါနဲ့ အဲ့တစ်​ခု​တော့ ကတိ​ပေး"

"ဗျာ"

ဦးသက္ကစကား​ကြောင့်​ ​နေ​သော်​ မျက်​လုံးပြူး၍ အံ့သြသွားသည်​။ဆိုလိုရင်းအဓိပ္ပါယ်​ကိုနားမလည်​နိုင်​ဖြစ်​​နေသည်​။ဦးသက္ကမှဆက်​ပြီး

"တူ​မောင်​​လေး ကတိ​ပေးမယ်​မဟုတ်​လား"

နေ​သော်​တစ်​ချက်​​တွေ​ဝေသွားသည်​။ထို့​နောက်​ ဦးသက္က မျက်​နှာ ​စေ့​စေ့ကြည့်​ကာ

"ဟုတ်​ကဲ့ ကျွန်​​တော်​ကတိ​ပေးပါတယ်​ ဘယ်​​တော့မှ သူ့ကိုမမုန်းပါဘူး"​နေ​သော်​စကား​ကြောင့်​ဦးသက္က ​ကျေနပ်​ဟန်​ရှိသွားသည်​။ဆက်​​ပြောမည်​အပြု

"ကို​ရေ. ​ရေခပ်​လာပါပြီ ​သောက်​လို့ရပြီ​နော်​" အိမ်​ထဲမှ ပျာပျာသလဲ ထွက်​လာ​သော သူဇာ​ကြောင့်​ ဦးသက္က​ပြောလက်​စစကားများ ရပ်​လိုက်​ရသည်​။

"ကို နွယ်​ အရီးမြနဲ့ ​ဈေးလိုက်​သွားမယ်​ အကိုကြိုက်​တတ်​တဲ့ ငရံ့အူဟင်းချက်​​ပေးမယ်​ ​နော်​" ​​နေ​သော်​မအံ့သြ​တော့ပါ။မိမိကြိုက်​တတ်​​သောအရာများအား သူဇာ​သိ​နေခြင်း​ပေါ့။

"နွယ်​ လိုက်​သွားမယ်​​နော်​"

"အင်းပါ လိုက်​သွား"​နေေ​​သာ်​ခွင့်​ပြုချက်​ရသည်​ဆိုပဲ အရီးမြနှင့်​ ​ဈေးသို့ ထွက်​သွား​တော့သည်​။

မိမိလည်း သူဇာ​လေးအား မြင်​ကွင်းဆုံးသည်​အထိ ကြည့်​လိုက်​ပြီး မြင်​ကွင်းမှ​ပျောက်​ကွယ်​ခါမှ ဦးသက္ကဘက်​ ပြန်​လှည့်​ကြည့်​မိလိုက်​သည်​။

"သူဇာ​လေးကို တူ​လေး သံ​ယောဇဉ်​ရှိ​နေပြီလား" ဦးသက္က​မေးခွန်း စကား​ကြောင့်​ ​နေ​သော်​မှင်​သက်​သွားသည်​။![s-l400.jpg](https://cdn.steemitimages.com/DQmRBVT9tqKXbybQJv5ktYQgBpB5qcbbNjWbaiL7EbrRM1S/s-l400.jpg)credit image[https://www.ebay.com/itm/Handsome-Boy-Quiff-Full-Wig-Korean-Short-Black-Mens-Male-Hair-Cosplay-Wig-/162866171814](https://www.ebay.com/itm/Handsome-Boy-Quiff-Full-Wig-Korean-Short-Black-Mens-Male-Hair-Cosplay-Wig-/162866171814)

"သံ​ယောဇဉ်​ရှိတာ​တော့အမှန်​ပါ ဒါ​ပေမဲ့ ၅၂၈​မေတ္တာနဲ့လား ကွဲပြားတဲ့ ၁၅၀၀​မေတ္တာ​တွေနဲ့လားဆိုတာ​တော့ ကိုယ့်​ကိုယ်​ကို မသိနိုင်​​သေးဘူးဗျာ"​နေ​သော့်​စကား​ကြောင့်​ ဦးသက္ကတစ်​ချက်​ပြုံးလိုက်​သည်​။

"ဒီ​လောက်​ဆိုရင်​ လုံ​လောက်​ပြီ ​စောနကငါ့တူ​လေးသိချင်​​နေတဲ့အ​ကြောင်း ​ပြောပြမယ်​ ​သေ​သေချာချာနား​ထောင်​"

"ဟုတ်​ကဲ့ ဆက်​​ပြောပါ"

"အခုသူဇာ​လေးမှာ မိဘမစုံကြ​တော့ဘူးဆိုတာတူ​လေးသိတယ်​​နော်​ သူ့မိခင်​က ​သေသွားပြီး သူ့အ​ဖေက​ထောင်​ထဲ​ရောက်​​နေတာဆို​ရော​ပေါ့"

"သိပါတယ်​ ဦး​လေးဦးသက္က အန်​တီချို​လေး​ပြောပြလို့သိသင့်​သ​လောက်​သိထားပါပြီ"

"​အေး ဒါ့ထက်​ ငါ့တူ​လေးမသိ​သေးတာတစ်​ခုရှိ​နေတယ်​ သူဇာ့ အ​ဖေ ဘာအတွက်​နဲ့​ထောင်​ကျခဲ့သလဲသိလား"ဦးသက္က၏စကား​ကြောင့်​ ​နေ​သော်​ အရမ်းစိတ်​ဝင်​စားဟန်​ဖြင့်​ အာရုံစူးစိုက်​နား​ထောင်​လိုက်​သည်​။ပြီး​တော့

"ဆက်​​ပြောပါဦး ဦးသက္က ဘာ​ကြောင့်​လဲလို့"

"ငါ့တူ​လေး သိရင်​ အရမ်းအံ့သြ​နေမှာ သူဇာ့အ​ဖေ​ထောင်​ကျတာ ဘာအတွက်​လည်းဆို​တော့ ကားတိုက်​မှု​ကြောင့်​ ​ထောင်​ကျတာပဲ"

"ဗျာ ကားတိုက်​မှု​တစ်​ခု ဟုတ်​လား"အံ့သြမှုများနှင့်​ ​နေ​သော်​ထိုင်​​နေရာမှထလိုက်​သည်​။

"ဟုတ်​တယ်​ ငါ့တူ​လေးမသိ​သေးတဲ့အရာဟာ အဲ့တာပဲ ပြီး​တော့.."ပြီး​တော့ဆိုပြီး စကားကိုဆက်​မ​ပြော​သေးဘဲ ​နေ​သော်​မျက်​နှာအား ဦးသက္ကလှမ်းကြည့်​လိုက်​သည်​။နေ​သော်​မှာ အလွန်​စိတ်​ဝင်​စား​နေ​သော အ​ခြေအ​နေသို့​ရောက်​​နေ​ပေသည်​။

"ပြီး​တော့ အဲ့ယာဉ်​တိုက်​မှုမှာ ​မိန်းက​လေးနှစ်​​ယောက်​​သေဆုံးသွားတယ်​"

"အဲ့ဒီမိန်းက​လေးကဘယ်​သူလဲ ဦးသက္က"​နေ​သော်​မှာ ​သွေးမရှိ​သော မျက်​နှာတစ်​ခုဖြင့်​ ဦးသက္ကအ​ဖြေကို စိုက်​နား​ထောင်​​နေ​တော့သည်​။

"အဲ့ဒီမိန်းက​လေးက နွယ်​နဲ့ နဒီပဲ ငါ့တူ"ဦးသက္က၏အ​ဖြေ​ကြောင့်​ ​နေ​သော်​ဒူး​ခေါင်းများ ညွတ်​ကျသွားသည်​။တစ်​ကမ္ဘာလုံး မိုးစုန်းးစုန်းချူပ်​သွားသည်​ထင်​ရသည်​။

"ဟုတ်​တယ်​ ငါ့တူ ဦးသက္ကလည်း လွန်​ခဲ့တဲ့တစ်​ပတ်​​လောက်​ကပဲသိခဲ့တာ သိသိချင်း ဦး​လေး ဖုန်းဆက်​မလို့ပါပဲ ဒါ​ပေမဲ့ အခုလိုကိစ္စက​သေ​သေချာချာ​ပြောမှ ဖြစ်​မှာမို့ပါ"

"ကံကြမ္မာ ကဆန်းကျယ်​လိုက်​တာ ဦး​လေးရယ်​ ကျွန်​​တော်​နဲ့ လက်​ထပ်​​တော့မဲ့ မိန်းက​လေးကို ကားနဲ့တိုက်​သတ်​သွားတာ သူဇာအ​ဖေတဲ့လား ကျွန်​​တော်​က သနားပြီး ပြုစု​စောင့်​​ရှောက်​​ပေးခဲ့တဲ့မိန်းက​လေးက ကျွန်​​တော့်​ချစ်​သူကိုသတ်​ခဲ့တဲ့ လူရဲ့သမီး​ပေါ့"​နေ​သော်​​ပြောရင်း မျက်​ရည်​များစီးကျလာသည်​။ဘယ်​သို့ဘယ်​ပုံ​ကြောင့်​ကျလာ​သောမျက်​ရည်​များမသိ။

"ငါ့တူ​လေး သူဇာကိုမမုန်းပါနဲ့ကွယ်​ တကယ်​ဆိုသူ့မှာ ဘာအပြစ်​များမှမရှိပါဘူး ဖြစ်​ခဲ့တာ​တွေလည်းဖြစ်​ပြီးပြီ​လေ"​သြော်​ နွယ်​ရယ်​ တမင်​များ သူဇာနဲ့နီး​အောင်​ဖန်​တီး​နေတာလား။ကို ဘယ်​လိုလုပ်​ရမလဲ။စိတ်​ထဲ မွန်းကျပ်​မှုများနှင့်​ ဆို့နစ်​လာသည်​။ကံတရားကိုပဲ ပုံချရမလား​လေ။![4441255-beautiful-girl-wallpapers.jpg](https://cdn.steemitimages.com/DQmVbh2eMWWt2mE4SzBae8DZqe2Yfa3RH1f8zgQq5kxSrSt/4441255-beautiful-girl-wallpapers.jpg)credit image[http://7-themes.com/collections/hdq-beautiful-girl-wallpapers](http://7-themes.com/collections/hdq-beautiful-girl-wallpapers)
ဇာတ်​သိ​မ်းပိုင်း​မျှော်
Author  by @nandasai(MSC.076)