စိတ်
myanmar·@nandasai·
0.000 HBDစိတ်
စိတ် ...။
စိတ်ဆိုသည့်စကားလုံးသည် ရေးသားရလွယ်သလောက် အင်မတန်မှ ခွဲခြမ်းဆန်းစစ်၍မရသော အရာတစ်ခုဖြစ်မည်ထင်သည်။လူ့ဘောင် လူ့လောကလူ့ဘဝတွင် လူသားတို့၏ စိတ်နေစိတ်ထားတို့သည် အမျိုးမျိုး အဖုံဖုံကွဲပြားကြသည်။ညီအစ်မောင်နှမ ဖြစ်သော်ငြားလည်း စိတ်နေစိတ်ထားတို့က တူချင်မှတူနေလိမ့်မည်။စက္ကန့်ပိုင်း၊မိနစ်ပိုင်းသာ ခြားမွေးသော အမွှာညီအကို အမွှာညီအမများ၏စိတ်နေစိတ်ထားတို့သည်လည်းမတူညီနိုင်ကြ။
တချို့သောသူတို့၏စိတ်ကား နူးညံ့သိမ်မွေ့ကြသည်။ကြင်နာသနားတတ်ကြသည်။တချို့ကား ထိုသူတို့၏ စိတ်နေစိတ်ထားများနှင့်ဆန့်ကျင်ကာ ကြမ်းတမ်းတတ်ကြသည်။မနာလိုစိတ်ရှိကြသည်။ထိုသူတို့သည် ချမ်းသာသော်ငြားလည်း မတောက်ပြောင်နိုင်ကြ။စိတ်သဘောထားသေးသိမ်ညံ့ဖျင်းသောသူတို့အဖို့ ချမ်းသာသော်လည်း ထိုစည်းစိမ်ဖြင့် ယုတ်ညံ့သောစိတ်ကို မဖုံးကွယ်ပေးနိုင်ပါ။
တူသောအကျိုး...။"မိမိစိတ်နှင့်တူသောအကျိုးပေးလိမ့်မည်။"ထိုဆောင်ပုဒ်လေးကတော့ စာရေးသူ ဖခင် အိမ်ဧည့်ခံ၌ချိတ်ဆွဲထားသော ဆောင်ပုဒ်လေးတစ်ခုဖြစ်ပါသည်။တစ်ခါကကျွန်တော်(စာရေးသူ)ဖခင်အား ထိုဆောင်ပုဒ်လေးအကြောင်းကိုမေးဖြစ်ခဲ့ပါသေးသည်။ငယ်စဉ်အခါကပေါ့။ကျွန်တော့်ကိုပြောပြသည်က မိမိစိတ်နှင့်တူသောအကျိုးဆိုတာ သူတစ်ပါးအပေါ် မကောင်းသောစိတ်ထားလျှင် မိမိလည်း မကောင်းသောအကျိုးပြန်ခံစားရမယ်။ကောင်းသောစိတ်ထားပါက ကောင်းကျိုးပြန်ခံစားရမယ် ဆိုပြီးပြောပြဆိုဆုံးမပါတယ်။ဆိုတော့ ကောင်းတဲ့စိတ်လေးထားဖို့လိုတာပေါ့။ကောင်းသောစိတ်လေးထားဖို့ဆိုတာလွယ်ပါတယ်။အလေ့အထလေးတစ်ခုလို ကျင့်သုံးသွားပါ။အချိန်ကြာလာသည်နှင့်အမျှ မိမိမှာ ကောင်းသောစိတ်လေးတစ်ခုပိုင်ဆိုင်လာပါလိမ့်မည်။
မနာလိုစိတ်လေး ကင်းပါစေ။ဒီတစ်ခုက အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ သူတစ်ပါးကောင်းစားတာမြင်ပြီး မုဒိတာ မပွားဘဲ မနာလိုစိတ်ရှိတာကိုပါပဲ။တော်တော်ဆိုးဝါးလွန်းသောအချက်ပါ။လူတစ်ဦးတစ်ယောက်မှာ မိမိကိုယ်မိမိ ဖျက်ဆီး ပျက်စီးစေနိုင်သော လက်နက်ထဲမှာ မနာလိုစိတ်ဆိုတဲ့ လက်နက်လေးက တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါသည်။"ဟာ ဟိုလူက ဟိုအလုပ်လုပ်တာ ဘယ်လောက်အကျိုးအမြတ်ရသွားတယ် ငါလည်းသူ့လို့ ကြိုးစားမှပဲ"ဆိုတဲ့စိတ်လေး မခံချင်တဲ့စိတ်လေး(သို့)အတုယူချင်သောစိတ်လေး ထားပြီး သင်ယူလိုက်ပါ။ဒါဆို ကိုယ့်အတွက်လည်းအကျိုးရှိသွားတာပေါ့။ဘာမဟုတ်သော မနာလိုစိတ်တွေမွေးနေမှာလဲ။"ဟာ သူက အောင်မြင်နေတာ သူ့ကို ဂုဏ်ပျက်အောင် ဘယ်လိုကြံရင်ကောင်းမလဲ" စသည်ဖြင့် မကောင်းသောစိတ်များ မထားမိပါစေနဲ့။တစ်ခဏတာအတွက်တော့ ပျော်ရွင်ရပါလိမ့မယ်။သို့သော် တစ်ဘဝစာအတွက် ပြန်ခံစားရစေနိုင်ပါတယ်။
ကျွန်တော်တို့လျှောက်လှမ်းနေကြသော steemit platform တွင်လည်း ကောင်းသောစိတ်ထားများနှင့်စေတနာအပြည့်အဝထားကာ ကူညီပေးသော စီနီယာ အစ်ကိုမောင်နှမများစွာလည်းရှိပါသည်။ထို့အတူ မနာလိုစိတ်များဖြင့် လိုက်လံတိုက်ခိုက်နေသော သူများလည်းရှိနေပါသည်။ကျွန်တော်ပြောချင်သည်က လောကတွင် အကောင်းရှိလျှင်အဆိုးရှိမည်။ကောင်းသောအရာပြုလုပ်သူရှိလျှင် မကောင်းသောအရာပြုလုပ်သူရှိနေတတ်သည်။အဆိုး အကောင်း၊အကောင်း အဆိုးဆိုသည်က ဒွန်တွဲနေတတ်စမြဲ။ထိုထဲမှ မိမိတို့သည် ကောင်းသော ရှုထောင့်တစ်နေရာတွင် ရှိနေဖို့လိုပါသည်။"မည်သူမပြု မိမိမှု"ဆိုသလိုပဲ အကောင်း အဆိုးဆိုသည်ကလည်း မိမိအပေါ်တွင်သာ မူတည်နေပါသည်။မိမိသမိုင်း မိမိရေးရမည်သာဖြစ်သည်။
ပရဟိတ စိတ်နှင့် အတ္တဟိတစိတ်။ပရဟိတစိတ်..ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ပရဟိတ စိတ်ဖြင့် ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းများစွာကိုလူတိုင်း တွေ့မြင်ရမှာပဲဖြစ်ပါသည်။လူ့ဘောင် လူ့အဖွဲ့အစည်းများစွာဖြင့် ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသော လူများကို ကျွန်တော်အမှန်တကယ် လေးစားချီးကျူးမိပါသည်။၎င်းတို့၏ စိတ်ဓာတ်များကို အလွန်ပင်လေးစားမိပါသည်။(ချွင်းချက်-ထိုအဖွဲ့အစည်း များထဲရှိ လူများသာ ပရဟိတစိတ်ရှိသည်၍မဆိုလိုပါ။)မိမိကိုယ်ကျိုးအတွက်မကြည့်ဘဲ သူတစ်ပါးအကျိုးအတွက်သယ်ပိုးဆောင်ရွက်တတ်သောစိတ်လေးအား လေးစားအားကျမိသည်။
အတ္တဟိတစိတ် ထိုစိတ်ကိုတော့ တတ်နိုင်သမျှရှောင်ကြဉ်စေချင်ပါသည်။သူတစ်ပါး အကျိုးမကြည့်ဘဲ မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်တတ်သောစိတ်ကို အတ္တဟိတစိတ်ဟု ခေါ်ဆိုနိုင်သည်။မိမိတစ်ဦးတည်းကောင်းစားရေးအတွက် သူတစ်ပါးထိခိုက်ပျက်စီးမည်ကို ဂရုမစိုက်တဲ့သောစိတ်ကို ဆင်ခြင်ရှောင်ရှားသင့်ပါသည်။ထိုလိုလူမျိုးနှင့်လည်း ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါသည်။စာဖတ်သူတို့ ပတ်ဝန်းကျင်တွင်လည်း ကြုံတွေ့ဖူးမည်ထင်ပါသည်။မည်သို့ပင်စေကာမူ မိမိစိတ်ကိုတော့ မညစ်နွမ်းစေပါနှင့်။မနာလိုစိတ်များ၊အတ္တဟိတစိတ်များ များစွာသော မကောင်းသောစိတ်များကို မွန်မြတ်သောစိတ်တစ်ခုတည်းနှင့်တွန်းလှန်စေချင်ပါသည်။စာဖတ်သူ ညီကိုမောင်နှမများလည်း မွန်မြတ်သောစိတ်များဖြင့်ရှေ့ဆက်မည်ဆိုပါက ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးလည်းအမြဲပင်လှပနေမည်မှာဧကန်ဖြစ်ကြောင်း...။
Author by@nandasai(MSC.076)
Photos from Google image

👍 nandasai, slayingdutch, tharpauk, feedyourminnows, thatkozaw, zawmyotun, thettinaung, steemitboard, billionairehein, konyi, htinyarsai, henryba, saihack, zzawzawhtwe, caesarsupaimin, khayae, komoezaw, soethakhin, kyawthetaung, aungtharkyaw, myanmarkoko, kolinn, thantzinwin, rocketgyi, camelot, curie, locikll, jasimg, xanderslee, anwenbaumeister, markangeltrueman, aboutyourbiz, howtostartablog, spectrums, hendrikdegrote, emanuellindqvist, slickhustler007, kushed, pacokam8, ethanlee, scorpil, recordpool, wagun001, dashfit, jdc, asrizalmustafa, coloringiship, gohba.handcrafts, nwjordan, jerrybanfield,