အနာဂတ်မှာ ပိုမိုကြီးမား လာနိုင်ဖွယ်ရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေး Bitcoin
mso·@naw·
0.000 HBDအနာဂတ်မှာ ပိုမိုကြီးမား လာနိုင်ဖွယ်ရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေး Bitcoin
 အပိုင်း ၂ တစ်ခုကိုတောင်မှ ဝယ်ယူနိုင်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။ တကယ်တော့ Bitcoin ဆိုတဲ့ Cryptocurrency ဟာ အွန်လိုင်းဈေးကွက်မှာ အကြီးမားဆုံး၊ လူသိအများဆုံးနဲ့ အဆိုးဆုံး ငွေကြေး အမျိုး အစားဖြစ်နေပေမဲ့ Cryptocurrencies ဆိုပြောမယ် ဆိုရင်တော့ Bitcoin တစ်ခုတည်း မဟုတ်တော့ပါဘူး။ Litecoin ၊ Monero နဲ့အခြား Cryptocurrencies တွေကိုပါ ထည့်သွင်း တွက် ချက်မယ် ဆိုရင် အစိုးရ တွေ၊ ဘဏ်တွေ လက်လှမ်း မမီတဲ့ အင်တာနက်ထဲမှာ ပျံ့နှံ့နေတဲ့ ပကတိ နီးပါး ငွေ ကြေး (Virtual Money) ဖောင်းပွမှုနှုန်းဟာ ထိတ်လန့်စရာ အမေရိကန် ဒေါ်လာ တစ်ရာ ဘီလီယံခန့် ရှိ နေခဲ့ပါပြီ။ ဒီငွေပမာဏ ဟာ ကမ္ဘာ့စီးပွားရေး ထိပ်တန်း နိုင်ငံ ၆၀ စာရင်းဝင်တဲ့ မော်ရိုကို နိုင်ငံရဲ့ GDP ထက် သာလွန်ပါတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ ထက် သာလွန်တဲ့ ငွေကြေး ပမာဏတွေ ပိုင်ဆိုင်ထားတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေ ရှိနေ တယ် ဆိုတာ ဒီနေ့ ခေတ်မှာ အဆန်း တကြယ် ကိစ္စရပ်ကြီး တစ်ခုမဟုတ်တော့ ပါဘူး။ အမေ ရိကန် ဒေါ်လာ ၄၀၂ ဘီလီယံ တန်ဖိုးရှိတဲ့ Amazon နဲ့ အမေရိကန် ဒေါ်လာ ၇၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ Apple တို့ရဲ့ ငွေကြေး ပမာဏဟာ နယ်သာလန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့ရဲ့ GDP ထက်တောင် ပိုမိုများပြားလို့ နေပါ သေးတယ်။ အချက် အလက် တွေအရ ဆိုရင် တကယ်လို့ သင်ဟာ Apple လို ကုမ္ပဏီနှစ်ခု ပေါင်းကို ငွေကြေး နည်းနည်းပဲ ထပ် ဖြည့်ကြည့်။ ယနေ့ တစ်ကမ္ဘာလုံး လည်ပတ် နေတဲ့ ငွေပမာဏ အမေရိကန် ဒေါ်လာ ၁.၅ ထရီလီယံနဲ့ တန်းတူ ဖြစ်သွားနိုင် ပါလိမ့်မယ်။ ငွေကြေးဆိုတာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကို မြှုပ်နှံထားတဲ့အရာပါ။ ရွှေ ဆိုတဲ့ သတ္တု လိုမျိုးပါပဲ။ သူတို့ရဲ့ တန်ဖိုးဟာ သူတို့ရဲ့ရှားပါးမှုနဲ့ လိုချင်စဖွယ် ဖြစ်မှု ပေါင်းစပ်ပြီး ထားတာ ပါ။ ဒါဆိုရင် ကမ္ဘာပေါ်မှာ ရွှေပမာဏ ဘယ်လောက် များများ တူးဖော် နိုင်ခဲ့ကြပါပြီလဲ။ စာရင်း အရတော့ မက်ထရစ်တန်ချိန် ၁၇၁,၃၀ဝ ခန့် ရှိပြီလို့ ဆိုပါတယ်။ အလျား၊ အနံ၊ အမြင့် ၆၈ ပေ လောက်ရှိတဲ့ ရွှေကုဗတုံးကြီး တစ်ခုစာ လောက်ကို ရှိနေပါပြီ။ လက်ရှိ ပေါက်ဈေးနဲ့ တွက်ကြည့်မယ် ဆိုရင်တော့ အမေရိကန် ဒေါ်လာ ၈.၂ ထရီလီယံ တန်ဖိုးရှိတဲ့ ကုဗတုံးကြီး တစ်တုံးပေါ့။ Larry Page ရဲ့ ချမ်းသာကြွယ်ဝမှု၊ ဒါမှမဟုတ် ကမ္ဘာပေါ်မှာရှိတဲ့ Bitcoin ပမာဏ တို့ရဲ့ အဆနှစ်ရာလောက် တန်ဖိုးရှိပါတယ်။ ဒါတွေဟာ လက်ရှိ ပြင်ပ ကမ္ဘာမှာ လည်ပတ် နေတဲ့ငွေတွေ၊ ရွှေတွေနဲ့ အခုနောက်ဆုံးပေါ် Cryptocurrencies တို့ရဲ့ နှိုင်းယှဉ်မှုတွေ ဖြစ်ပါတယ်။ အခုဆိုရင် Bitcoin စတင် တည်ထောင်ရာမှာ ပါဝင် ပတ်သက် ခဲ့ဖူးသူ Charlie Shrem ဟာ ထောင် ဒဏ်ကျခံပြီးနောက် ထောင်ကနေ လွတ်မြောက် လာခဲ့ပါပြီ။ စိတ်သစ်၊ လူသစ်၊ အလုပ်အသစ်တွေ နဲ့ပေါ့။ Credit image from facebook.
👍 naw, waihinoo, sumyatthwe, naingyan, myohlaingoo, juliusseaser, zawphyonaing, shwesin, ngwesoe, ngaye, acid231, aungaungcc70, zawphyocc70, myanmargirl, meechit, zawphyocc60, aungsoelwin, komoewai, moenyein, ayechan, thazinmoe, moekyaw, heinthawzinoo, pockerlay, aungkyawkyaw, naymyatlin, demigod0-0, zayarminkhant, thurrein, thureintun, msonetwork, whiteflower1, mm3steemit, greenflower2, yellowflower3, blueflower4, redflower6, kyaunggyi, toetoelay, soeoo, asoe, gatoe, utoo, khakha, kagyi, lonesa, kolinko, cd851, olay, kolinko11, gyika, khayephyu, linkha, oosithu, kothuko, aungkoo, zinkoko, zayarminkhant141, zayarminkhant142, zayarminkhant143, zayarminkhant144, zayarminkhant145, kosithuko, kosithuk, koaungko, zungyi, blackflower7, yegyi, myogyii, thargyii, pinkflower5, kogyi, shwegyi, ballgyi, zawgyii, phoophoo, zinminko, prowler, spaminator,