အသက်(28)အထက်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@nayhlaingsoe·
0.000 HBD
အသက်(28)အထက်
<p>ကျွန်တော်အသက် ၂၈ အထက်ရောက်တော့ ကံကောင်းခြင်းဆိုတာမတွေ့ရသလောက်ကို ဖြစ်ခဲ့ပါတယ်။ တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်အောင်ကိုပဲ အမျိုးမျိုးသော ပြသနာတွေနဲ့ပေါ့။ ခုဆို ငါးနှစ်လောက်တောင်ရှိတော့မယ်။ အဆိုးဆုံးကတော့ အွန်းလိုင်းပေါ်ကပြသနာတွေက တော်တော်အထိနာခဲ့တယ်။ btc အရောင်းအဝယ်တော့လည်း ပြသနာမျိုးစုံနဲ့ စစစအထိရောက်ခဲ့ဖူးတယ်။ ဗဟိုဘဏ်ရဲ့ စောင့်ကြည့်ခြင်းလည်းခံခဲ့ရဖူးတယ်။ လိမ်လည်သွားသူတွေလည်း အများကြီး တွေ့ခဲ့လို့ ဆုံးရှုံးခဲ့ဖူးတယ်။ အွန်းလိုင်းငွေရှာခြင်းရဲ့ ပထမအစဟာလည်း btc ဖြစ်ခဲ့လို့ပါ။ နောက်ပိုင်း youtube , website, android, instant article, ad break တွေအထိလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ ကံအကျိုးမပေးတာလား ဘာလားဆိုတာတွေ တောင် စဉ်းစားမိတော့တာပေါ့ဗျာ။ ရနေလည်း ပျက်သွားလိုက် ပြန်လုပ်လိုက်နဲ့ ခရီးမရောက်ခဲ့ဘူး။ ဒါနဲ့ အောင်မြင်မဲ့သူတွေကို ကူညီပေးမယ်ဆိုပြီး ပြုပေးပါတော့တယ်။ ကျွန်တော်ကူညီပေးနေတာ တစ်နှစ်ကျော်ပါပြီ ကြားခဲ့မှာလည်း ပြသနာမျိုးစုံနဲ့ပါ။ ခုရက်ပိုင်းလည်း adsense ကငွေထုတ်ကြတော့ ငွေထုတ်ပေးခဲ့တယ်။ ဖြစ်ချင်တော့ အတူနှစ်ရှည်လများ တွဲလုပ်လာသူ ထိုင်းမှာနေတဲ့တစ်ယောက် သူ့ဘဏ်ထဲငွေ ကျပ်လေးသိန်းကျော် ဝင်တာနဲ့ ဖုန်းလည်းမကိုင်၊ လိုင်းပေါ်လည်းတက်မလာ လိမ်လည်သလိုမျိုးဖြစ်ပြန်တယ်။ ကြားက ကျွန်တော် စိုက်လျှော်ရတော့မယ်။ အရင်လကလည်း သူငယ်ချင်းတစ်ယောက်မလုပ်ပါနဲ့လို့အတန်တန်ပြောထားသားနဲ့ ပေါ်လစီဖောက်လိုက်တာ ကျွန်တော် adsense အကောင့်ပျက်ပါလေရော ထွက်မဲ့ငွေ သိန်း ၂၀လောက်လည်း ဆုံးတော့တာပဲ။ ကျွန်တော် ပိုက်ဆံတွေတော့မဟုတ်ပါဘူး။ ကျွန်တော်အကောင့်ကို ခွဲဝေသုံးခိုင်းထားသူဟာတွေပါ။ </p>
<p>ကံကောင်းခြင်းလာပါတော့ဗျာ........ကံဆိုးခြင်းတွေပဲ အမြဲမပေးပါနဲ့တော့။ အသက်တွေလည်း တဖြည်းဖြည်းကြီးလာပြီ အောင်မြင်မှုမရသေးဘူး။ စားနိုင်သောက်နိုင်ယုံနဲ့ ဘဝရှေ့ဆက်သွားလို့မရသေးဘူး။ မိသားစု လုံခြုံအောင် ကိုယ်ပိုင်အိမ်တစ်လုံးတောင်မပိုင်ဆိုင်သေးတဲ့ ဘဝတွေမှာ ကံကောင်းခြင်းတွေလာကြပါတော့လား....</p>
 <br /><center><hr/><em>Posted from my blog with <a href='https://wordpress.org/plugins/steempress/'>SteemPress</a> : https://news.sannaychi.com/?p=545 </em><hr/></center> 
👍 , , , , , , ,