အ​တွေးများ

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@naylinn·
0.000 HBD
အ​တွေးများ
![images.jpeg](https://steemitimages.com/DQmeye4jdwXjs2EWTMLxzmHyKYDRE8fqZtvyX16mdUTGJt9/images.jpeg)
စာတစ်​ပုဒ်​​လောက်​​ရေးဖို့ဖင်​လှည့်​​ခေါင်းလှည့်​နှင့်​​တော်​​တော်​နှင့်​မ​ရေးဖြစ်​​ပေ။ချ​ရေးလိုက်​​တော့တစ်​နာရီမကြာပါ။ငယ်​ငယ်​ကတည်းကကိုယ်​တိုင်​​တွေး​ခေါ်ပြီးကိုယ်​တိုင်​​ရေးရသည့်​အကျင့်​မရှိ​ခဲ့​တော့အသက်​ကြီးမှဂွကျ​နေရပြီဖြစ်​သည်​။သား​တော်​​မောင်​​ရေးတတ်​ဖတ်​တတ်​သည့်​အရွယ်​​ရောက်​လာရင်​​နေ့စဉ်​မှတ်​တမ်း​ရေးဖို့အကျင့်​​လေးလုပ်​​ပေးရန်​စိတ်​ကူးထားသည်​။တစ်​​ကြောင်း​ရေး​ရေး၊နှစ်​​ကြောင်း​ရေး​ရေး​ရေးဖြစ်​ဖို့သာအဓိကဖြစ်​သည်​။တစ်​ခါတစ်​စိတ်​ကူးထဲဇတ်​လမ်း​လေး​တွေ​ပေါ်လာတတ်​သည်​။အရင်​က​တော့အမှုမဲ့အမှတ်​မဲ့ထားလိုက်​​တော့​ရေးချင်​တဲ့အချိန်​ကျ​တော့အစ​ဖော်​လို့မရ​တော့​ပေ။အခု​နောက်​ပိုင်းကျ​တော့ကိုယ့်​အတွက်​အသုံးဝင်​လာပြီဖြစ်​​တဲ့အတွက်​စာအုပ်​​သေး​သေးတစ်​အုပ်​​ဆောင်​ထားပြီးစိတ်​ကူး​လေး​တွေ​ပေါ်​ပေါ်လာရင်​မှတ်​ထားလိုက်​သည်​။ရေးချင်​​နေ​သောဝတ္ထုတို​လေး​တွေရှိသည်​။စိတ်​ကူးသာရှိ​သော်​လည်း​ရေးစမရှိသဖြင့်​ဘယ်​ကစရမှန်းမသိဖြစ်​​နေသည်​။တစ်​ဖြည်းဖြည်းနဲ့အချက်​အလက်​​လေး​တွေစုပြီးမှတ်​ထားသည်​။နောက်​မှအကုန်​တန်းစီ​ရေးမည်​ဟုစိတ်​ကူးထားသည်​။ကျောင်းသားဘ၀ကဖြစ်​ပျက်​ခဲ့တဲ့အ​ကြောင်းအရာ​တော်​​တော်​များရှိသည်​။အခုချိန်​သူငယ်​ချင်းများနှင့်​ပြန်​​တွေ့မိပါ​ကျောင်းတုန်းကအ​ကြောင်း​လေး​တွေအစပြန်​​ဖော်​ကြည့်​သည်​။ကိုယ်​​မေ့​နေ​သောအ​ကြောင်းအရာ​လေး​တွေတစ်​ဖြည်းဖြည်းပြန်​​ပေါ်လာသည်​။ထိုအ​ကြောင်း​တွေ​ရေးမှတ်​ထားပြီး​နှောင်​တစ်​ချိန်​ပြန်​​ရေးမည်​ဟု​တွေးထားသည်​။
![images (1).jpeg](https://steemitimages.com/DQmQhca5imVobWCRZAk8oHJ2ypUxRQipuyjT2BYs9dJTo1X/images%20(1).jpeg)
အလုပ်​တစ်​ခုဖြစ်​​မြောက်​ဖို့ပထမဦးစွာအ​တွေးလိုအပ်​သည်​။စိတ်​ကူးစိတ်​သန်း​ကောင်းရင်​​ကောင်းက​လောက်​အလုပ်​ကပိုပြီး​ကောင်းဖြစ်​သည်​။တွေး​နေရုံနှင့်​လည်းမပြီး​သေးပါ။ထိုအ​တွေး၊စိတ်​ကူးစိတ်​သန်း​တွေကိုအ​ကောင်​အထည်​​ဖော်​ဖို့လက်​​တွေ့လုပ်​​ဆောင်​ရမည်​ဖြစ်​သည်​။အ​တွေးကိုလက်​​တွေ့မလုပ်​​ဆောင်​ပဲဒီအတိုင်းထားပါအ​တွေးအတိုင်းသာရှိ​နေမည်​ဖြစ်​ပြီးကြာရင်​​ပျောက်​ကွယ်​သွားမည်​ဖြစ်​သည်​။အ​တွေး၊စိတ်​ကူးစိတ်​သန်း​တွေကိုအစီအစဉ်​တစ်​ကျချ​ရေးပြီးလျှင်​အစီအစဉ်​အတိုင်းလက်​​တွေ့အ​ကောင်​အထည်​​ဖော်​ပါက​ပြောင်​​မြောင်​တဲ့အလုပ်​​တွေဖြစ်​​ပေါ်လာမည်​ဖြစ်​သည်​။ဆိုင်​ထိုင်းရင်း​ဟို​တွေးဒီ​တွေးနှင့်​ဘာမှမလုပ်​ဖြစ်​​သောမိမိကိုယ်​​ကိုဆုံးမ​နေခြင်းသာ။
@nyalinn
MSU 009
👍 , , , , , , , , , , , , , , , , , , , , , , , ,