အမှတ်တရစာမေးပွဲ
myanmar·@nweoomon·
0.000 HBDအမှတ်တရစာမေးပွဲ
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ကျမတို့ရုံးက ရာထူးတိုးစာမေးပွဲခေါ်၍ နေပြည်တော်သို့သွားပြီး စာမေးပွဲဖြေဆိုရပါသည်။ ရာထူးတိုးစာမေးပွဲရက် သိရကတည်းကစာကျက်ဖို့ပြင်ရသည်။ ထိုစာမေးပွဲကို တချို့က မဖြေချင်ကြ။ အောင်လျှင် လစ်လပ်ရာ နေရာသို့ ပြောင်းရမည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း မဖြေသည့်လူစာရင်းများ ထပ်တောင်းလာသောအခါ မည်သည့်အတွက် တောင်းမှန်းမသိသောကြောင့် အားလုံးဖြေဖို့ဖြစ်လာရသည်။ ကျမတို့ရုံးမှ စာမေးပွဲဖြေသူအားလုံး ၁၀ ယောက် လောက်ရှိသည်။ စာမေးပွဲမဖြေခင်တစ်ရက် ကြိုတင်၍ နေပြည်တော်သို့ မနက် ၆း၃၀ ရထားဖြင့်သွားကြသည်။ ကျမတို့လဲ ရထားပေါ်တွင် စာကျက်သူကျက်၊ စကားပြောသူပြောဖြင့် တတွဲလုံးဆူညံနေပါသည်။ လမ်းခရီးတွင် အသိ လမ်းဗိုလ်ကြီးများက လက်ဖက်ရည်၊ ပလာတာ စသည့် မုန့်မျိုးစုံများကို ဘူတာတွင် လာရောက်ပို့ဆောင်ကြသည်။  နေ့လည်တွင် နေပြည်တော်ဘူတာသို့ရောက်ရှိပါ သည်။ ကျမတို့လဲ ရုံးချုပ်တွင် စာမေးပွဲခုံနံပတ်များ ရယူ၍ တည်းအိမ်သိုပြန်နားကြသည်။ ညနေတွင် ဆရာတစ်ဦးမှ ကားစီစဉ်ပေး၍ နေပြည်တော်တခွင် လှည့်လည်ကြပါသည်။  ကျမတို့်အဖွဲ့လဲ နေပြည်တော်ဥပ္ပါတသန္တိစေတီ၊ သကျရံသီဘုရား၊ ဗုဒ္ဓဂါယာ၊ ရေပန်းဥယျာဉ် နေရာများသို့ သွားရောက်ကြပါသည်။ နေပြည်တော်သို့ ယခင်ကရောက်ဖူးသော်လည်း ယခုတစ်ခေါက်မှသာ သကျရံသီဘုရားကို ဖူးရပါသည်။ သကျရံသီဘုရား ရှုခင်းမှာ ညနေအချိန်တွင် အလွန်လှပါသည်။  ဘုရားဖူးပြီးတည်းအိမ်အပြန်တွင် စာမေးပွဲအတူ ဖြေမည့် အမကြီးတစ်ဦး ငုတ်တုတ်ကြီး သတိလစ် နေ၍ ဝိုင်းဝန်းပြုစုရသည်ကို ယခုတိုင် အမှတ်ရမိ သေးသည်။  နောက်တနေ့မနက် ကိုးနာရီတွင် စာမေးပွဲဖြေရပါ သည်။ ဖြေဆိုရသည့်ဘာသာရပ်များမှာ အမှုထမ်း ဘာသာရပ်၊ အထွေထွေဘာသာရပ်၊ စတိုပစ္စည်း ဘာသာရပ်နှင့် ငွေစာရင်းဘာသာရပ်များ ဖြစ်၍ ဖြေဆိုသူအားလုံး တစ်ရာကျော်ခန့်ရှိပါသည်။ ကျမ သည် ဟိုအရင်ရာထူးတိုးစာမေးပွဲများခေါ်သော် လည်း မဖြေဖြစ်ပဲ ယခုတခေါက်မှ စတင်ဖြေဆိုရ သဖြင့် စိတ်လှုပ်ရှားမိသော်လည်း ကောင်းမွန်စွာ ဖြေဆိုနိုင်၍ကျေနပ်မိသည်။  နေ့လည်တွင် စာမေးပွဲဖြေဆိုပြီး၍ နေပြည်တော် ဘူတာတဝိုက်တွင်အမှတ်တရဓာတ်ပုံများ ရိုက်ကြ သေးသည်။ စာမေးပွဲဖြေမှပင် အနယ်နယ်အရပ်ရပ် ရှိ မြို့ပြဌာနဝန်ထမ်းများကိုမြင်ဖူးတော့သည်။ တချို့မှာ အသက်အတော်ကြီးနေပေပြီ။ ကိုယ့်လို ပင်နေရပ်မခွာနိုင်၍ ရာထူးမယူပဲ ယခုတခေါက်မှ ဖြေဆိုကြသူများပင်ဖြစ်မည်။  အပြန်တွင်ရထားစောင့်ရင်း တစ်ဦးနှင့် တစ်ဦး ဖြေနိုင်မဖြေနိုင် အပြန်အလှန်မေးမြန်းကြ၊ သူ့မြို့ ကိုယ့်မြို့အကြောင်း၊ သူ့ရုံးအကြောင်း၊ ကိုယ့်ရုံးအကြောင်း အသီးသီးပြောဆို အမြင်တွေ ဖလှယ်ကြသည်။ ထို့နောက် နေပြည်တော်ပြန် လက်ဆောင် နန်းစိန်ကိတ်မုန့်များဝယ်၍ ရထားဆိုက်လာသောအခါ အလုအယက်တက်ပြီး မိမိဌာနေအသီးသီးသို့ပြန်လာခဲ့ကြပါသည်။  ဪ...ရာထူးတိုးစာမေးပွဲရယ်.. အမှတ်တရဖြစ်ခဲ့ရပါတယ်။ Author @nweoomon Photo @nweoomon 6.5.2016
👍 nweoomon, feedyourminnows, nyeichanaung, suhlaing, broadcast, upmewhale, terz17, amirul, steemnews-fr, kayyam09, syfulcomet, steemwart, deradministrator, jahedkhan, zapzap, heightenedliving, readrun, sbd.giveaway, illimattic, superdavey, mkam, juliussdutallas, famdutallas, noechie1827, princefizzy, sanzib, ibrah87, bulma, slausonboy, gleb-jeglov, sonofsatoshi, futurefarmers, deepculture, sharmlock, hannah5, jcipher, erode, wig319, ccoin, digi5952, derosnec, gildar, jahangirbalti, chronocrypto, sulwati, lekosvapenglass, pushup, htwegyi, mamamyanmar, trogdor, saipanpha, aungzawhtwe, minnowsupport,