လပြည့်ကုသိုလ်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@nweoomon·
0.000 HBD
လပြည့်ကုသိုလ်
ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ မနက်ကတည်းက ရပ်ကွက်ထဲက ကလေးလေးတွေက ပျော်ပွဲစားတွေ တောင်းနေကြ တာ။ ကလေးတွေဆိုတော့ တစ်ယောက်တစ်ရာစီပေးတာတောင် ဘတ်ဂျက်ကတော်တော်ထိတယ်။ နောက်တော့ မတတ်နိုင်တော့ ဘူး။ မုန့်ဆိုင်က ဒုတ်ချိုချဉ်ဘူးလေးဝယ်ပြီး တစ်ယောက် နှစ်ချောင်း သုံးချောင်းပဲ ပေးနိုင်တော့တယ်။ 

![received_952000212401126.jpeg](https://images.ecency.com/DQmZHwbqb8QuQKdyyhbVkqZK7KvQn4iCQordDPuqNJ2P4cs/received_952000212401126.jpeg)

ကလေးတွေကျ မုန့်ဖိုးတစ်ရာစီလောက်ပေးရင် ရပေမယ့် တူမ တွေကျ မရဘူးမောင်။ တတ်နိုင်ဘူး။ ဒီကာလကြီးမှာရော်ဂျာကြောင့် လစာမရတာ ဘယ်လောက်ရှိပြီတုန်း။ ဒီတော့တူမတွေကို တစ်ယောက်တစ်ထောင်စီပဲယူပါလို့ ချော့ပြောရတယ်။ အံမလေး တူမတွေမြေးတွေ များတော့ တစ်ထောင်စီပေးတာတောင် နှစ် သောင်းလောက်ထိသွားတယ်။ 

![img_0.8504128796301829.jpg](https://images.ecency.com/DQmS198bmrA6ZjWyTjxvzjUqmGc8LL9RZVAF2NgJDMBo2Ae/img_0.8504128796301829.jpg)
(ခုမှ စ လုံးရမှာ)
အမလေး..ဒါတောင် တူမတွေက သူတို့အဒေါ်အကြောင်းမသိ ကြသေးလို့။ ခါတိုင်းလိုမှတ်ပြီး တစ်ထောင်ရတာချေးများနေတာ။ မနေ့ကသူ့အဒေါ် ကျမအဖြစ်များ သိရရင် ပြန်တောင်ပေးကြအုံး မယ်။ 

![img_0.4166219357650361.jpg](https://images.ecency.com/DQmbBUxEBbXY5czM3PVpeQZe1CQvMkgTggEDHCzYysAeumZ/img_0.4166219357650361.jpg)
(ရေနွေးမဆူသေးဘူး)

မနေ့ညကပေါ့။ အမရယ်၊ ကျမရယ်၊ ညီမရယ်သုံးယောက် လမ်းတစ်ဖက်မှာရှိတဲ့ မုန့်ဆိုင်ကို မုန့်သွားဝယ်ပြီး အပြန် စတိုးဆိုင် တစ်ဆိုင်ရှေ့ရောက်တော့ ပိုက်ဆံအခေါက်လေးတစ်ခုကို  တွေ့ရော။ မှုန်ဝါးဝါး အလင်းရောင်နဲ့ဆိုတော့ ဘယ်လောက် တန်ပိုက်ဆံမှန်း မသိဘူး။ အဲ့ဒါ ကျမနဲ့ညီမနဲ့ပြိုင်ကောက်တာ ကျမရှုံးသွားတယ်။ 

![img_0.20330302958693566.jpg](https://images.ecency.com/DQmQsb2Tg4Q1jX8S413EMGfgQyaJ1iAbsusWUoL7o2UKvrU/img_0.20330302958693566.jpg)
(ညကျ ကျဲဖို့)

ညီမက သူလက်ထဲပိုက်ဆံရောက်မှ ဖြန့်ကြည့်တာ တစ်ရာတန် လေးရယ်။ ညီအမသုံးယောက် ဝိုင်းရယ်လိုက်ကြရတာ။ ရယ်လို့ အားရတော့ အမကတော့ ပြောတယ်။ ဪ…ငါ့ညီမလေးတွေ တော်တော်ပိုက်ဆံပြတ်နေပုံရတယ်။ တစ်ရာတန်လေးတစ်ရွက်ကို ညီမနှစ်ယောက်လုကောက်နေရတယ်၊ ငါပေးပါ့မယ်အေတဲ့။ 

![img_0.8287398622934865.jpg](https://images.ecency.com/DQmdf4rPPiQQgMGmCCiE85TJwgeh9nHDXUYe8ieqvGKHrZr/img_0.8287398622934865.jpg)

ညီမကတော့ တစ်ရာတန်မှန်းလဲသိရော တစ်ရာတန်ကို သူနဲ့လု ကောက်လို့တဲ့ ရန်လုပ်သေးတာ။ ကိုယ်လဲဘယ်သိမလဲနော်။ ငါးထောင်တန်လေးများဖြစ်နေရင်ဘယ့်နှယ့်လုပ်ပါ့မလဲ။ အိမ်ပြန် ရောက်တော့ သူ့သားသမီးဖြစ်တဲ့ ကိုယ့်တူမတွေကို ပြန်ပြောပြီး ထပ်ရယ်ရသေးတယ်။ 

![img_0.6965378881738293.jpg](https://images.ecency.com/DQmWT14eTrLAecroSAA9FbxNvUqTSftCx8RrvvrAerHKG32/img_0.6965378881738293.jpg)

အော်…ငါ့နှယ်။ ခါတိုင်းအဲ့လိုမျိုးမကောက်ပါဘူး။ တစ်ရာတန် ကျမှ ကောက်မိရက်သားဖြစ်နေတာ။ ဒါတောင် ပိုက်ဆံကောက် လိုက်လို့ လက်အကြောမျက်ကနဲဖြစ်သွားတာ သူတို့ကိုပြောမပြဘူး။ ညကျအမက ပံ့သကူပစ်မယ်၊ ပိုက်ဆံကြဲမယ်ဆိုလို့ စုထားတဲ့ အသစ် လေးတွေ လဲပေးရသေးတယ်။

နောက်ပြီး ဒီနေ့အိမ်က မုန့်လုံးရေပေါ် စတုဒီသာလုပ်မှာနော်။ လမ်းကြုံရင်လာစားကြပါအုံး။ ညကျရင်ပိုက်ဆံလဲကြဲပါမယ်။ ပံ့သကူကတော့ ဘယ်    အချိန်ဖွက်မယ်မသိ။ အခုတော့ မုန့်လုံးလုံးဖို့ လှမ်းခေါ်နေလို့ ပိုစ့်ကို လက်စသတ်ပါမယ်ရှင်။

@nweoomon
18-11-2021
👍 , , , , , , , , , , , , , , , , , , , , , , ,