မှတ်သားရသော Password များ
myanmar·@nweoomon·
0.000 HBDမှတ်သားရသော Password များ
လူတိုင်းလူတိုင်းတွင် ခံစားချက်ကိုယ်စီရှိကြသည်။ ထိုခံစားချက်ကို တချို့က ရင်ထဲမှာပင် သိမ်းထားကြသည်။ တချို့က ရံဖန်ရံခါမှသာ သတိရတတ်ကြ သည်။ တချို့ကတော့ ဒိုင်ယာရီစာအုပ်မှာ ရေးမှတ် ထားကြသည်။ ကျမငယ်ငယ်တုန်းကတော့ ကိုယ့်ခံစားချက်၊ ကိုယ်ကြိုက်တဲ့ကဗျာ၊ ကိုယ်မှတ်ချင်ရာ စာတိုပေစ လေးများကို ဗလာစာအုပ်တစ်အုပ်တွင် မှတ်ထား သည်။ တနေ့ကပင် အိမ်ရှင်းရင်းနှင့် စာအတိုအစ စာအုပ်လေးများ တွေ့၍ ဖတ်ကြည့်ရာ တချို့စာများ ယခုထိ အသုံးဝင်နေသေးကြောင်း တွေ့ရှိရ သည်။  ယနေ့မှာတော့ လူတိုင်းခေတ်မှီလာကြပြီဖြစ်သည်။ လူတစ်ဦးတွင် အနည်းဆုံး ဖေ့ဘုတ်အကောင့်တစ်ခု ရှိကြသည်ချည်းဖြစ်သည်။ ဖေ့ဘုတ်တွင် ပုံတင်သူကတင်၊ သတင်းကြည့်သူကကြည့်၊ အလိုရှိသလို အသုံးချလာကြသည်။ ဖေ့ဘုတ်အပြင် ဗိုက်ဘာ၊ မက်ဆင်ဂျာ စသော apk များ သုံးလာကြသည်။ ထို့ကြောင့် လူတစ်ဦးလျှင် ဖေ့ဘုတ်တစ်ခုဆိုတော့ လျှို့ဝှက်ဂဏန်း (Password) တစ်ခု အနည်းဆုံး ရှိကြသည်။ နောက်ပေါ်လာသည့် ဖုန်းတွေက ပိုအဆင့်မြင့်လာသည်။ ဖေ့ဘုတ်၊ မက်ဆင်ဂျာ၊ ဗိုက်ဘာတို့ကို အကောင့်နှစ်မျိုးသုံး၍ရလာသည်။ ထိုအခါ လျှို့ဝှက်ဂဏန်း (Password) နှစ်ခု မှတ်ရပြန်သည်။ ဒါတောင် ဖုန်း Lock Screen ကို လျှို့ဝှက်ဂဏန်း (Password) ထားသူများ ဆိုလျှင် နောက်ထပ်မှတ်စရာ ရှိသေးသည်။  ကျမတွင်လည်း ခေတ်နှင့်လျော်ညီစွာ ဖေ့ဘုတ် အကောင့်တစ်ခုရှိသည်။ ကျန်သော viber၊ မက်ဆင်ဂျာ၊ Gallary စသော တခြားapk များကိုဖြင့် ဘာမှ lock မချထား၍ မှတ်စရာမရှိပါ။ သို့သော် ကျမက လွန်ခဲ့သော သုံးလခန့်မှစ၍ ဖုန်းဘေလ်ရောင်းခြင်းကို စတင်ခဲ့ပါသည်။ OK $ application နှင့်ရောင်းပါသည်။ ထိုအခါ ၎င်းapk ကို အလွယ်တကူ မဖွင့်နိုင်စေရန် password မှတ်ရ ပြန်ပါသည်။ တစ်ခါ ဘဏ်များမှ ရုံးအထိလိုက်၍ ဝန်ဆောင်မှု ပေးကြပါသည်။ ထိုဝန်ဆောင်မှုမှာ မိမိဘဏ် အကောင့်နှင့် ATM ကတ်ကို link ပေး၍ အလွယ်တကူငွေထုတ်ရနိုင်စေပါသည်။ ထိုဝန်ဆောင်မှု ရယူရန် ထိုဘဏ်၏ apk ကို ဖုန်းထဲတွင် ထည့်ထားရပါသည်။ ထိုအခါ ၎င်းဘဏ်၏ apk ကို password ဖြင့် မှတ်ရပြန်ပါသည်။  ၎င်း ATM ကတ်ကိုလည်း ငွေထုတ်သည့်အခါ တမျိုးပြောင်း၍ password ထားပြီးမှတ်ရပြန်ပါ သည်။ ဘဏ်ထဲတွင် ငွေအများကြီးမရှိသော်ငြား ရုံးအထိ လာရောက်ဝန်ဆောင်မှုပေးသောအခါ ကျမအပါအဝင် တစ်ရုံးလုံး ငွေစုကြ၊ ATM Card လုပ်ကြ၊ သူ့အကောင့် ကိုယ့်အကောင့် ဖွင့်ကြည့်ကြ ဖြင့် အလုပ်ရှုပ်သွားကြပါသည်။ ယခုအချိန်ထိတော့ ATM Cardကို အသုံးပြုမကြည့်ရသေးပါ။ ပြီးခဲ့သောလကတော့ ကျမ၏ ဖုန်းဘေလ် ဖောက်သည်များ ဘောနပ်စ်များများပိုရစေရန် ရည်ရွယ်ပြီး တယ်လီနောကုမ္ပဏီနှင့်ချိတ်ဆက်၍ Telenor Eload ဖြင့် ဘေလ်ရောင်းခဲ့ပါသည်။ တယ်လီနောဘောနပ်စ်ပေးသည့်ရက်မှာ ဗုဒ္ဓဟူးနေ့ ဖြစ်သော်လည်း E Load ဖြင့်ဖြည့်ပေးသဖြင့် ကျမ၏ဘေလ်ဖောက်သည်များမှာ နေ့စဉ်ဘောနပ်စ်ရကြပါသည်။ ထိုအခါ တယ်လီနော apk ကိုလည်း password ဖြင့် မှတ်ရပြန်ပါသည်။ ယခုတော့ Steemit တွင်စာရေးနေသဖြင့် steemit အကောင့်ပါ ထပ်မှတ်ရပြန်ပါသည်။ ကျမဆိုလိုချင်သည်မှာ နည်းပညာများတိုးတက်လာသည်နှင့်အညီ မိမိမှတ်သားထားရသော password များ မည်မျှ များပြားလာအုံးမည်လဲဟု စဉ်းစားရင်း ဒီစာလေးကိုအဆုံးသတ်ပါတယ်ရှင်။ Author @nweoomon Photo @nweoomon 2.6.2018
👍 goodphoto, nweoomon, htwegyi, sbi3, feedyourminnows, hr1, aungzawhtwe, bue, tinhlaingoo, claudiop63, xyzashu, syedihsanshah, punampatodiagarg, megalithic, igrinov, botty, ccoin, aibi, hbhades, blessedman939, dugan, thephotographers, fbslo.pay, shafay, pkvlogs, funder, iyou, steempowergroup1, thatkozaw, caesarsupaimin, komoezaw, phyowaiaung, koayezaw, zinminhtet, tunnaingwin, saipanpha, tharpauk, suhlaing, sawlwin, billionairehein, zarmanizawlinn, minhtet, myintlwinsoe, linthitsar, panpan24, kokonaing, naingwintun, nyinyizin, kyawaung4, kyawkyaw5, khinzarwin,