တူလေးတို့နှင့်အတူ ကားစီးအတွေ့အကြုံ (အပိုင်း-၂)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@nweoomon·
0.000 HBD
တူလေးတို့နှင့်အတူ ကားစီးအတွေ့အကြုံ (အပိုင်း-၂)
![img_0.04274046427354535.jpg](https://images.ecency.com/DQmXb1qJF9FC7wDrRJzrHK2Dgv1eYFhScD8zE6jsXFVSTsW/img_0.04274046427354535.jpg)

ယောင်္ကျားလေးတွေ တော်တော်များများ ကား၊ ဆိုင်ကယ်မောင်း ကျွမ်းကျင်ကြသလို မြန်မြန်လည်း မောင်းတတ်ကြတာ သဘာဝပါ။ ကျမတူကားမောင်း မြန်လို့ ကျမတို့တစ်တွေ ဂျင်းမိသွားတဲ့အကြောင်း ပြောပြရအုံးမယ်။ ၂၀၁၉ ခုနှစ်တုန်းက ကျမတို့ညီအမတစ်စု ထီးချိုင့်ကို အလည်သွားဖို့ တိုင်ပင်ကြတယ်။ တိုင်ပင်ထားသလို အဲ့နေ့ မနက်စောစောသုံးနာရီလောက် အိမ်ကထွက်ဖို့ စီစဉ်ကြတာပေါ့။ 

စီစဉ်ထားတဲ့အတိုင်း မနက်သုံးနာရီလောက်အိမ်ကထွက်၊ ရပ်ကွက်နှစ် နေရာမှာနေတဲ့ ညီအမတွေကို လှည့်ဝင်ခေါ်ပြီး မန္တလေးမြို့ထဲက ထွက်လာကြတယ်။ မှောင်ကလည်းမှောင်သေးဆိုတော့ ကျမတို့ တစ်တွေ ကားနောက်ခန်းမှာ အိပ်လိုက်လာကြတာ။ မနက်လင်းစပြုတော့ စဉ့်ကူးနယ်က ကျည်တောက်ပေါက်ရွာ ရောက်နေပြီ။ 

![img_0.7443782883914885.jpg](https://images.ecency.com/DQmUyGCgcp9juvm7dF7wd61jRLfEWEC8uvwqGia7PPdTPjn/img_0.7443782883914885.jpg)
(ဧရာဝတီတံတား(ထီးချိုင့်) မှာ အမှတ်တရ)

အဲ့က ဆိုင်တစ်ဆိုင်မှာ မနက်စာစားပြီး ခရီးဆက်လာလိုက်တာ မနက် (၁၀:၀၀) ထိုးတော့ ထီးချိုင့်ကိုရောက်ရော။ ဒီတော့ ကျမတို့က အချိန်ကို တွက်ကြည့်လိုက်ပြီး ခရီးနီးတယ်ပေါ့။ မဆိုးပါဘူးပေါ့။ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်ကတော့ ရေလမ်းကြောင်းနဲ့ပဲ သွားလို့ရတယ်။ သင်္ဘောနဲ့သွားရင် နှစ်ညအိပ်သုံးရက်ကြာတယ်လို့ အမတို့ပြောပြလို့ သိရတယ်။ ထီးချိုင့်မှာငယ်ငယ်က ဆွေမျိုးလိုခင်မင်ခဲ့တဲ့ မိတ်ဆွေ အိမ်မှာ စကားစမြည်ပြောကြပြီး  ညနေလောက် ပြန်လာတော့ မန္တလေးကို မှောင်စပျိုးအချိန်လေး ပြန်ရောက်တယ်။ နာရီအတိအကျ‌တော့ မမှတ်မိတော့ဘူး။ 

![img_0.9827530986401235.jpg](https://images.ecency.com/DQmbTSvc6qtVazDCupo7fAC4tTaf9KuPxDFheNQ6TfA7m8Q/img_0.9827530986401235.jpg)
(ဧရာဝတီတံတား(ထီးချိုင့်) မှာ အမှတ်တရ)

![img_0.06982215992902548.jpg](https://images.ecency.com/DQmWin7nCXLQE24ExgnWdXHaPHuozMW9FvkDUFAMbNqdEtt/img_0.06982215992902548.jpg)
(တူအကြီးတို့ မိသားစု)

![img_0.18800666096512975.jpg](https://images.ecency.com/DQmbwmcUEbfeCqZA4QNxDi6erARTgUcFJ24wgaZkPqCcbMB/img_0.18800666096512975.jpg)
(သာယာလှပတဲ့ ထီးချိုင့်မြို့တစ်နေရာ)

လာပါပြီး ဂျင်းမိတဲ့နေရာ။ ပြီးခဲ့တဲ့ မေလတုန်းက နောက်ထပ်တူ            တစ်ယောက်ကို မိန်းမလိုက်တောင်းပေးရတယ်။ အဲ့မိန်းကလေးက ကျည်တောက်ပေါက်ကဆိုတော့ မင်္ဂလာဆောင်တော့ သူ့နယ်မှာ ဆောင်တာပေါ့။ တူအငယ်ရဲ့မင်္ဂလာပွဲကို တူအကြီးက ခရီးထွက်နေလို့ မလိုက်နိုင်ဘူး။ ဒီတော့ ကားငှားရတာပေါ့။ စကားမစပ်နော်။ တူလေး နှစ်ယောက်ရှိတာ။တစ်ယောက်ကစဉ့်ကိုင်နယ်နဲ့နောက်တစ်ယောက် က စဉ့်ကူးနယ်ကနဲ့ အိမ်ထောင်ကျတယ်။ ပြီးတော့ တောင်နဲ့ မြောက်။

![img_0.851827454836327.jpg](https://images.ecency.com/DQmUis873jHcZcjhELW8JqKEZk3Fn83mgp76CTJ9fSCsr9j/img_0.851827454836327.jpg)
(ကျည်တောက်ပေါက်တစ်နေရာ)

ငှားလိုက်တဲ့ကားသမားက အဲ့ဘက်ကို မရောက်ဖူးဘူးတဲ့။ ဒီတော့ ကျမကလည်း လမ်းကိုစုံစမ်းလိုက်၊ တအားမဝေးဘူး၊ ငါတို့သွားဖူးတယ်ဆိုပြီး ငှားလိုက်တာ ငှားဖြစ်သွားတယ်ပေါ့။ ကားသမားက လူငယ်ပေမယ့် သူ့ကျတော့ နှေးလိုက်တာ။ စီးရတာအားကိုမရဘူး။ အန္တရာယ်တော့ ကင်းတာပေါ့လေ။ 

သူမောင်းတာလည်း မြန်ပါတယ်။ ဒါပေမယ့် ကျမတို့က တူလေးမောင်းတာစီးနေကျဆိုတော့ သူမောင်းပုံကို အားမရဘူး။ တတ်နိုင်ဘူးလေ ကိုယ့်မှ       မမောင်းတတ်တာ။ အဖြစ်လဲမရှိပါဘူး။ တူလေးကတော့ လမ်းရှင်းရင်      တအားမောင်းတာ။ သူ့မောင်းတာကခွေးဘီလူး၊ပရာဒိုတို့ အာရာဖတ်တို့ကိုအကုန်နောက်ချန်ထားခဲ့တာ။ တစ်ခါကဆို ကားအမျိုးအစားတော့ မခေါ်တတ်ပါဘူး။ ရန်ကုန်က မနက်(၀၇:၀၀)နာရီကထွက်လာတာ။ မန္တလေးရောက်တော့ နေ့လည်(၁၂:၀၀)နာရီ။ ရန်-မန်းကို ငါးနာရီပဲမောင်းလို့ ကျမတို့မှာ မျက်လုံးတောင်ပြူးတယ်။ 

![img_0.27458180805830606.jpg](https://images.ecency.com/DQmSVV9v8DRx6J4LpaZUaAmw2D28c3L97ArHyerd7msmtbw/img_0.27458180805830606.jpg)
(တူအငယ်ကို မိန်းမသွားတောင်းပေးတုန်းက တစ်ခေါက်)

အဲ့လောက်မြန်တာကျ ကိုယ်လည်းကြောက်တယ်။ ဖြည်းဖြည်းမောင်း ဖို့ သတိပေးရတာပေါ့။ ဪ လမ်းကြောင်းလွဲသွားပြီ။ အဲ့မှာ အဲ့ကား မောင်းသမားလေးမောင်းတော့မှ ကျည်တောက်ပေါက်က တော်တော် ဝေးတာပဲ။ ကျမတို့ကလည်း နောက်ကနေထိုင်လိုက်လာပြီး အရင်က တူလေးနဲ့သွားတာ မြန်ပါတယ်။ ခုမှဘာလို့ ကြာရတာလည်းလို့ တွေး ကြည့်တော့မှ ယာဉ်မောင်းသူနဲ့ အမြန်နှုန်းကွာတာကိုး။ 

![img_0.11509963244603282.jpg](https://images.ecency.com/DQmd8DaHJKPrNCmce6bTXuTCpKm8Dzh7omui1SvKThqEGHm/img_0.11509963244603282.jpg)
(တူအငယ်မင်္ဂလာဆောင်ပေးတော့ နောက်တစ်ခေါက်)

![img_0.7471943189144837.jpg](https://images.ecency.com/DQmfAs8MxNrftGCqSyGTNy82uPmmyaN2Hh7AhFuwbV4Zxq1/img_0.7471943189144837.jpg)
(ဒါကကျ မင်္ဂလာပွဲအပြီး အဲ့နားလေးက ဘုရားကို သွားဖူးကြတာ)

![img_0.32004776995505213.jpg](https://images.ecency.com/DQmcaVr3sDv5trTbNQ29vxDPQ65oGGX579qUPGab8X1iNyY/img_0.32004776995505213.jpg)
(တူအငယ်ကတော့ မဝေးဘူးဆိုပြီး ဆိုင်ကယ်နဲ့ သူ့ယောက္ခမဆီ ခဏခဏ သွားကြတာ)

ကျမတို့ဆို ကားစီးရတာ အီဆောင့်နေတာပဲ။ လူကြီးတောင်းတုန်းက တစ်ခါ၊ မင်္ဂလာဆောင်တုန်းကတစ်ခါ၊ အသွားအပြန်လေးခါတောင် စီးရတော့ အဲ့လမ်းကို နောက်တစ်ခေါက်ကားစီးရမှာကို ကြောက်ကို သွားတော့တာ။ တူလေးမောင်းတာ ဘယ်လောက်တောင် မြန်သလဲဆို ကားစီးရတာခန လေးလို့ထင်မိရတဲ့အထိ။ 

တစ်နေ့တုန်းကတော့ အမက အဲ့ဒီကျည်တောက်ပေါက်ကို ထပ်သွားဖို့ အဖော်ညှိကြတော့ အားလုံးက တညီတညွတ်တည်း ပြောကြတယ်။ တူလေးမောင်းပို့ရင်လိုက်မယ်။ ကားငှားမယ်ဆို မလိုက်ကြဘူးပြောကြလို့ အမမှာ  အဲ့ ခရီးစဉ်အတွက် မအောင်မြင်နေတာ။ ပြောလို့ပြောတာမဟုတ်ဘူး။ ကျမတူ သူ့သားလိုက်မပို့ရင် သူလည်းနောက်တစ်ခေါက် မစီးရဲဘူးတဲ့။ 

ခဏနားပါအုံးမယ်။
နောက်တစ်ပိုင်းကျန်သေးတယ်နော်။

@nweoomon
28-12-2021 
👍 , , , , , , , , , , , , , , , , , , , , , , , , ,