စွဲမက်ဖွယ် အကြိုက် တွေ့သွားမယ့် ပုဇွန်ချဉ်စပ်သုပ်
myanmar·@nyein0012·
0.000 HBDစွဲမက်ဖွယ် အကြိုက် တွေ့သွားမယ့် ပုဇွန်ချဉ်စပ်သုပ်
 စွဲမက်ဖွယ် အကြိုက် တွေ့သွားမယ့် ပုဇွန်ချဉ်စပ်သုပ် ပုဇွန်ကို ပုံစံအမျိုးမျိုးနဲ့ သုပ်စားတတ်ပေမယ့် အခုပြောပြမယ့်နည်းလေးကိုတော့ သုံးဖူးချင်မှ သုံးဖူးကြမှာပါ။ လူ ၄ ယောက်ကနေ ၆ ယောက်အထိ စားနိုင်တဲ့ ပုဇွန်ချဉ်စပ်သုပ်ကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ (၁) ပဲဆီ ထမင်းစားဇွန်း -၂ ဇွန်း (၂) အခွံခွာ၊ ခေါင်းဖြတ်ပြီး ရေဆေးထားတဲ့ ပုဇွန်အစိမ်း - ၁ ပေါင် (၃) အနေတော် သခွားသီး - ၁ လုံး (၄) အနေတော်လှီးဖြတ်ထားတဲ့ ကြက်သွန်မြိတ် - ၃ ပင် (၅) ပါးပါးလှီးထားတဲ့ တရုတ်နံနံ - အနည်းငယ် (၆) ငရုပ်သီး အစိမ်းတောင့် ဒါမှမဟုတ် အနီတောင့် ဒါမှမဟုတ် ငရုပ်သီးမှုန့် - အနည်းငယ် (၇) ငါးငံပြာရည် - ၁ ဇွန်း (၈) သံပုရာရည် - ၂ ဇွန်းခန့် (၉) ဆား - လိုအပ်သလို အထက်မှာပြောခဲ့တဲ့ ပစ္စည်းအမယ်တွေ ရပြီဆိုရင် မီးမျှင်းမျှင်းထည့်ထားတဲ့ မီးဖိုပေါ်က ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ခုနက ပုဇွန်ကို ပန်းရောင်ပြောင်းလာတဲ့အထိ ထည့်လှော်ပါ။ ပြီးရင် အိုးထဲက ပုဇွန်တွေကို စဉ်းတုံးပေါ်တင်ပြီး အလယ်ကနေ အရှည်လိုက် ထက်ခြမ်းလှီးပါ။ လှီးပြီးသားပုဇွန်တွေကို ပန်းကန်တစ်ခုထဲထည့်ပါ။ ပြီးရင် ကြက်သွန်မြိတ်ထည့်ပါ။ သခွားသီးကို ခပ်ပါးပါးလှီးပါ။ သခွားသီး၊ တရုတ်နံနံနဲ့ ငရုပ်သီးကို ခုနက ပုဇွန်ပန်းကန်ထဲရောထည့်ပြီး အနည်းငယ် သမျှအောင် ရောမွှေပါ။ ပြီးရင် ငံပြာရည်နဲ့ သံပုရာရည်ကိုထည့်ပြီး နယ်ပါ။ အပေါ့အငန်မြည်းကြည့်ပြီး ဆားလိုရင် ထည့်ပါ။ မလိုတော့ဘူးဆိုရင်တော့ သံပုရာနံ့နဲ့ တရုတ်နံနံနဲ့သင်းသင်း အရသာထူးခြားတဲ့ ပုဇွန်သုပ်ကို ရရှိပြီ ဖြစ်ပါတယ်။ ပိုပြီးချဉ်ချဉ်လေးစားချင်တယ်ဆိုရင်တော့ သံပုရာရည် များများနဲ့ ပုဇွန်ကိုသုပ်ပေးပါ။ ဒီလို အရသာရှိတဲ့ ပုဇွန်သုပ်လေးကို ဒီိလိုနည်းနဲ့ စားသုံးလို့ ရနိုင်ပါတယ်