Guitar Instrument Part (2)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@nyeinzaw·
0.000 HBD
Guitar Instrument Part (2)
အကူးစတစ်နှင့် လျှပ်စစ်ဂစ်တာ
ကိုယ်ပိုင်း

ဂစ်တာ၏ ကိုယ်ထည်တွင် အသံမြင့်သည်နှင့် ဘေ့စ်သံများ ပါရှိသည်။ ခါးပိုင်းသည် ကျဉ်းမြောင်း၍ treble နှင့် bass ကို ပိုင်းခြားထားသည်။ ကိုယ်ပိုင်းအရေးကြီးဆုံးအချက်မှာ ဂစ်တာတစ်ခုလုံးတွင် ပုံဖော်၍အသံမြည်စေခြင်းဖြစ်သည်။ ငုင်းသည် ပဲ့တင့်သံများကို ထောက်ပံပေးသည်။ အကူးစတစ်၏အသံကို သတ်မှတ်ပိုင်းခြားထားပြီး လျှပ်စစ်ဂစ်တာကို ထောက်ပံထားသည်။ ပဲတင့်သံသက်ရောက်ခြင်းမှာ

• အသုံးပြုထားသည့် သစ်သားအမျိုးအစား
• ကိုယ်ထည်တွင်ပြုလုပ်ထားသည့် သစ်သားအလွှာ(သို့) အပိုင်းအစများ
• ကိုယ်ထည်သည် အခေါင်းပေါက် (သို့မဟုတ်) အခေါင်းပိတ်များ
• ကိုယ်ထည်၏ပုံသဏ္ဍာန်နှင့် အရွယ်အစား

Tone Wood

• Agathis (Commercial Grade Mahogany (သို့) Poor Man’s Mahogany ဟုလည်း သိကြသည်)
သည် ထင်းရှုးသားဖြင့် ပြုလုပ်ထားပြီး အရှေ့တောင်အာရှတွင် တွေ့ရသည်။ ခြံစိုက်သစ်ဖြစ်ပြီး
အ၀တ်သေတ္တာများပြုလုပ်ရာတွင် အသုံးပြုကြသည်။ Agathisသည် ဈေးပေါ၍ များသောအားဖြင့်
ဂစ်တာပြုလုပ်ရာတွင် အသုံးပြုထားသည်။
• Alder (သစ်အယ်သီးပင်)သည် ပေါ့ပါးသောသစ်အမျိုးအစားဖြစ်ပြီး ပဲတင့်သံကောင်းမွန်စေရန် နှင့်မျှတစေရန်
ထောက်ပံပေးသည်။ ငုင်းသည် နူးညံ၍ သိပ်သည်းသောတည်ဆောက်ပုံဖြစ်သည်။ သစ်အယ်သီးပင်သည်
အညိုရောင်ဖြစ်၍ အသံညီမျှစေရန် ရှင်းလင်းသော အသံကို ထုတ်လုပ်ပေးသည်။ အားကောင်းသောပဲ့တင်သံကို
ဖြစ်ပေါ်စေသည်။
• Ash (ပြာ) သည် ကော်ရည်လောင်းရာတွင် လိုအပ်သော ပစ္စည်းဖြစ်ပြီး ဂစ်တာတည်ဆောက်ရာတွင် အသံကို
ကွဲပြားစေသည်။
(၁) Northern hard ash (baseball bat ash)သည် သိပ်သည်းသည်။ ငုင်းသည်တောက်ပသောအသံကို
ပေးစွမ်းနိုင်စွမ်းရှိသည်။
(၂) Swamp Ash (နုံးမြေပြာ) (Southern Soft Ash ဟုလည်း သိကြသည်) အမေရိကန်တောင်ပိုင်းမှ
နုံးမြေများမှ ယူသုံးထားသည်။ ထိုနုံးမြေများသည် ရေအောက်တွင် စိမ့်ဝင်၍ သစ်ပင်ကို ပေါ့ပါးသော အလေးချိန်
ရအောင်ပြုလုပ်ပေးသည်။ Fender ဂစ်တာများ (၁၉၅၀) ကို ထိုနုံးမြေများဖြင့် ပြုလုပ်ထားသည်။ ကောင်းမွန်သော
ပဲ့တင်သံများရရှိစေပြီး အသံကို ပေါင်းစပ်ဖွဲ့စည်းထားသည်။
• Basswood သည် အလေးချိန်ပေါ့ပါးပြီး ပိတ်ဆို့သော အသားအမျှင်နှင့် သိပ်သည်းသော သစ်အမျိုးအစားဖြစ်သည်။
အလွန်နူးညံ၍ ပေါ့ပါးသော အရောင်အမျိုးအစားရှိသည်။ polyester ထုတ်လုပ်ရာတွင် လိုအပ်သည်။ basswood
သည် နွေးထွေးနူးညံသောအသံကို ပေးစွမ်းနိုင်ပြီး မြင့်သောနှင့် အလွန်နိမ့်သောကြိမ်နှုန်းများကို လျော့နည်းစေ
သည်။ ထူးကဲသော ရှင်းလင်းသောအသံကို မထုတ်လုပ်နိုင်ပေ။ တစ်ချို့သောrock ဂီတသမားများအတွက်
metal-lead အသံများကို ထုတ်လုပ်ပေးသည်။ ဈေးကြီးသော ဂီတာများထုတ်လုပ်ရာတွင်အသုံးပြုသည်။
• Cedar (ထင်ရှုးမွှေးသား) သည် (မက်ထရစ်မှ) luthier Jose Ramirez III အနီရောင် သစ်သားကို အသုံးပြုခဲ့ပြီး
၂၀ရာစုအလယ်တွင် လူကြိုက်များလာခဲ့သည်။ ကမ္ဘာပေါ်တွင် ပထမတန်းအသံအမျိုးအစားပိုင်ဆိုင်သော
သစ်အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။
• Mahogany (မဟော်ဂနီ) သည် သိပ်သည်းသော ကြီးမားသော သစ်အမျိုးအစားဖြစ်ပြီး ကြီးမားသော
စိမ့်ပေါက်များပါရှိသည်။ နီညိုရောင်အဆင်းရှိသည်။ နူးညံသော အသံအမျိုးအစားကို ပိုင်ဆိုင်သည်။
• Nato (အရှေ့မဟော်ဂနီဟု အသိများသည်) သည် ကာရေဘီယံနှင့် အမေရိကတောင်ပိုင်းမှ သစ်အမျိုးအစား
ဖြစ်သည်။ Nato သည် မဟော်ဂနီမဟုတ်သော်လည်း ဂစ်တာများတွင် မဟော်ဂနီအစားအသုံးပြုကြသည်။
ဗီရိုများထုတ်လုပ်ရာတွင်လည်း စီးပွားရေးအရ အသိအမှတ်ပြုသော သစ်အမျိုးအစားဖြစ်သည်။ တောက်ပသော
အသံအမျိုးအစားရှိသည်။
• Maple (သကြားပင်) သည် Gibson မှ ဈေးကြီးသောအကူးစတစ် J200 စီးရီးထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။
ဂစ်တာ၊ မယ်ဒလင်နှင့် တယောတူရိယာအမျိုးအစားများတွင် အသုံးပြုသည်။ အဖြူရောင်ရှိပြီး ပါးလွှာသော
အမျှင်များပါရှိသည်။ အမေရိကန်သကြားပင်နှစ်မျိုးနှစ်စားရှိသည်။
• Estern Hard Maple (Hard Rock Maple သို့ Sugar Maple ဟုလည်းသိကြသည်) သည် ကောင်းမွန်သော
အသံအမျိုးအစားရှိသော သစ်အမျိုးအစားဖြစ်သည်။ ကြမ်းတမ်း၍သိပ်သည်းသည်။ ကိုယ်ထည်တွင် အသုံးပြုရာတွင် တောက်ပသောအသံနှင့် ပြင်းထန်သော အသံများကို ပိုင်ဆိုင်သည်။
• Western Soft Maple(Big Leaf Maple ဟုလည်း သိကြသည်) Hard Maple ထက်ပေါ့ပါးသော အလေးချိန်ရှိသည်။
တောက်ပသောအသံရှိသည်။
• Rosewood ကို အကူးစတစ်များ၏ ကျောနှင့် ဘေးဖက်တွင် အသုံးပြုပြီး fingerboard အတွက်လည်းသုံးသည်။
သိပ်သည်းမှုမြင့်မားပြီး အလင်းပြန်သောသစ်အမျိုးအစားဖြစ်သည်။ အရောင်မှာ နက်ညိုရောင်၊အနီရောင်၊
ခရမ်းရောင်(သို့) လိမ္မော်ရောင်တို့ဖြစ်ပြီး ဂစ်တာတည်ဆောက်ရာတွင် သင့်တော်သော rosewood
သစ်အမျိုးအစားအများကြီးရှိသည်။• Poplar(ထင်းရှုးပင်တစ်မျိုး) budget ဂစ်တာထုတ်လုပ်ရာတွင် အသုံးပြုပြီး Danelectro အသုံးပြုခဲ့သည်။
အမျှင်ပတ်အမျိုးအစားနှင့် အလေးချိန်နှင့် အသံတူညီသည်။ ၁၉၅၀မှ ဂစ်တာများအသုံးပြုထားပြီး ဈေးကြီးသော
သစ်အမျိုးအစားဖြစ်သည်။
• European Spruce သည် ပထမတန်းအသံပိုင်ဆိုင်ထားပြီး တယောဗျလ်စောင်းများစသောကြိုးတပ်တူရိယာ
များ၏ ဒီဇိုင်းတွင် အသုံးပြုခဲ့သည်။ ရှားပါးလာပြီး မြောက်အမေရိကန်မှ spruce နှင့် red cedar (ထင်ရှုးပင်)များ
အစားအသုံးပြုခဲ့ကြသည်။
• Walnut (သစ်ကြားပင်) အလယ်အလတ်ကြမ်းတမ်းသော သစ်အမျိုးအစားဖြစ်သည်။ သိပ်သည်းသော
အမျိုးအစားဖြစ်သည်။ သစ်ကြားပင်သည် မဟော်ဂနီထက်ကြမ်းတမ်း၍ သိပ်သည်းသည်။ Maple အမျိုးအစားနှင့်
ဆင်တူသည်။
![eee.png](https://steemitimages.com/DQmX3Zw5e5jAP3EyAgGLdoNiTBv1v2d5aZi3dS4kS2ASFPx/eee.png)
North American Spruce

ကိုယ်ထည်ထိပ်ပိုင်း

တစ်ချို့လျှပ်စစ်ဂစ်တာများသည် ကွဲပြားသောသစ်အမျိုးအစားအပေါ်မူတည်၍ ကွဲပြားသည်။ Maple သည် လူကြိုက်များသော ထိပ်ပိုင်းဖြစ်သည်။

ကြိုးတင်ခုံ

ကြိုးတင်ခုံကို ကိုယ်ထည်၏အောက်ပိုင်းတွင် တွေ့ရပြီး ကြိုးများကို တပ်ဆင်ရန်နှင့် fretboard နှင့်ဆက်စပ်နေသည်။ ဂစ်တာပေါ်တွင်မူတည်၍ ကြိုးများကို ကြိုးတင်ခုံတွင် အဆုံးသတ်ခြင်း(သို့) ကျော်လွှားသည်။ လျှပ်စစ်ဂစ်တာ ကြိုးတင်ခုံများသည် ၀က်အူလှည့်နှစ်ခုကို သုံးထားသည်။
အကူးစတစ်၏ကြိုးတင်ခုံတွင် saddle နှင့် tie block ဟူ၍ နှစ်ပိုင်းပါရှိသည်။ saddle သည် ပလတ်စတစ်အပိုင်းစ(သို့) အရောင်တင်ထားသောအရိုးဖြစ်ပြီး လျှပ်စစ်ဂစ်တာကြိုးတင်ခုံဖြစ်ပြီး ကြိုးများကို fretboard ဆီသို့ ထိန်းသိမ်းထားသည်။ saddle တွင် ချောမွေ့သောအနားစွန်းများပါရှိပြီး ၀က်အူအရစ်များဖြင့် tie block ဆီသို့ ဆက်ထားသည်။ classical ဂစ်တာမှသစ်သား tie block ကပ်ထားပြီး
 ကြိုး၏အဆုံးသတ်နေရာဖြစ်သည်။ classical ဂစ်တာကြိုးသည် tie block မှနေ၍ အခေါင်းပေါက်ကို ဖြတ်လျက် ထိုးသွင်းထားသည်။
 ကြိုးသည် နောက်ပြန်၍ သုံးကြိမ်(သို့) လေးကြိမ်ထုံးထားသည်။ အကူးစတစ်တီးကြိုးများသည် saddle နှင့် tie block ဖြတ်၍ ဘောလုံးများဖြင့်အဆုံးသတ်၍ ထိုနေရာတွင် ကြိုးထုံးမလိုပေ။ အကူးစတစ်မှ saddle နှင့် tie block တို့သည် ချိန်ညှိ၍ မရပေ။ မှန်ကန်သော အမြင့်အတိုင်း ထုတ်လုပ်ထားသည်။
ကြိုးတင်ခုံများ၏ဒီဇိုင်းများမှာ ကွဲပြားသော ထုတ်လုပ်မှုကြောင့် အမှားအယွင်းများရှိသည်။ အမျိုးအစားဖော်ပြချက်မှာ တစ်ချို့ဂစ်တာများမှာ မပါဝင်ပေ။ အဓိကရည်ရွယ်ချက်မှာ fretboard ဆီသို့ ကြိုးများကို ထိန်းသိမ်းရန်ဖြစ်သည်။
![Bridge.png](https://steemitimages.com/DQmXLofm7VPziLUALdQhqGdX93S8wPyMiy7v9GU2K133GVc/Bridge.png)
Bridge

Part 3 ဆက်လက်တင်ပြပေးပါမယ်ခင်ဗျ 
Thank For Reading 

@nyeinzaw
Msc - 167
GLHF
👍 , , , , , , , , , , , ,