“မျှော်သည့်နေ့”
myanmar·@nyinyiwin·
0.000 HBD“မျှော်သည့်နေ့”
 ### <center>“မျှော်သည့်နေ့”</center> > > ယနေ့သည်ကား 2018 ခုနှစ် ၈ လပိုင်း 2 ရက်နေ့ဖြစ်ပါ၏။ မနက်ဖန်ဆိုလျင် 3 ရက်နေ့ဖြစ်ပေမည်။ စိတ်လှုပ်ရှားခြင်း၊ တက်ကြွခြင်းများနှင့်အတူ ထိုနေ့သို့ရောက် လာမည့် အချိန်ကို မျှော်လင့်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ အကြောင်းမသိသူ တစ်စုံတစ်ဦးတစ်ယောက်မှ ဤစာကိုဖတ်ရလျင် ရယ်မောစရာဖြစ်ပေရော့မည်။ ဟုတ်ကဲ့ အကြောင်းရှိပါသည်။ ကျွန်တော်များ မြန်မာစတီးမစ်ကွန်မြူနတီအဖွဲ့ဖွဲ့စည်းခြင်းသည် ထိုနေ့ 3/8/2018 နေ့သည် နှစ်ပတ်လည်သည့်နေ့ဖြစ်ခြင်းကြောင့်ပင်။ တနည်းအားဖြင့် မြန်မာစတီးမစ်ကွန်မြူနတီ၏ မွေးနေ့ဆိုလျင်လည်း မှန်ပါပေသည်။ မွေးနေ့ဆိုပြန်တော့ ဘယ်နှနှစ်ပြည့်မွေးနေ့လည်း မေးချင်စရာပါ။ ဟုတ်ကဲ့ဗျာ တနှစ်ပြည့် မွေးနေ့ဖြစ်ပါကြောင်းခင်ဗျ။ ကျွန်တော်များ MSC ဆိုသည့် အမည်လေးဖြင့် Steemit ပလက်ဖောင်းတွင် နေရာတစ်နေရာ၊ အခန်းကဏ္ဍတစ်နေရာကို ရပ်တည်နိုင်ခဲ့သည်မှာ တနှစ်တင်းတင်းပြည့်မြောက်သောနေ့ဖြစ်ပါသည်။ ထိုနေ့လေးကိုဖြင့် မျှော်နေရသည်မှာ ယခုရောက်ရှိလို့လာပါတော့မည်။  ဒီလို ရောက်ရှိလာပြန်တော့ ဟိုယခင်ကဖြတ်သန်းခဲ့ကြလေသော ပုံရိပ်လေးအချို့ကို မြင်ယောင်မိသည်။ တွေးတောနေမိသည်။ Steemit ဆိုသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် လျောက်လှမ်းနေကြသော စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူကြ လေသော မြန်မာလူငယ်များဖြင့် ကိုကချင်ဟင်နရီအောင်မှ ဦးဆောင်ဦးရွက်ပြုကာ စဆင်ဖွဲ့စည်းခဲ့ကြသည်။ ၀ါသနာအရင်းခံ တူညီသောစိတ်ထားဖြင့် MSC မည်သော မြန်မာစတီးမစ်ကွန်မြူနတီအား စတင်းမစ် ပလက်ဖောင်းလမ်းမပေါ်တွင် လက်တွဲညီညီ လျောက်လှမ်းခဲ့ကြပေသည်။ လျောက်လှမ်းလာသည့်လမ်းသည် ပန်းခင်းလမ်းမဖြစ်ခဲ့သည်မှာတော့ အထူးပြောစရာ လိုမည် မထင်ပေ။ အဘယ်ကြောင့်မူကား အဖွဲ့အစည်းတစ်ခု၊ ကွန်မြူနတီတစ်ခု ရပ်တည်နိုင်ရန်အတွက် အမျိုးမျိုးသော အခက်အခဲများ ကြုံတွေ့ခဲ့ရပေသည်။ အဖွဲ့အစည်းဆိုသည့်အတိုင်း လူအမျိုးမျိုး စိတ်အဖုံဖုံ သဏ္ဍန်အရောင်စုံလှပေသည်။ တစ်ချို့က အေးဆေးတည်ငြိမ်သည်။ တစ်ချို့က သွက်လက်ထက်မြက်သည်။ တစ်ချို့က သံယောင်လိုက်ကာ အလိုက်သင့်နေသည်။ တစ်ချို့က မည်သို့မည်ပုံ မိမိကိုယ်ကျိုးအတွက် အမြတ်အစွန်းရအောင်လုပ်ရမည်လဲ အကွက်ချောင်းနေကြသည်။ စသည်စသည်ဖြင့် လူပေါင်းစုံလှသည်။ ထို့ကြောင့်လဲ ပြဿနာလည်းစုံလှပေသည်။ သို့သော် ကျွန်တော်များ MSC သည် ရေရှည်အကျိုးကိုမျှော်ကိုးကာ မြန်မာလူငယ်များ အွန်လိုင်းပလက်ဖောင်းတစ်ခုတွင် ရေရှည်ရပ်တည်နိုင်ရေးအတွက် ပလန်များစွာ ချမှတ် အကောင်အတည် ဖော်ဆောင်နိုင်ခဲ့သည်။ မအောင်မြင်သေးသော အနာဂတ်ပလန်များ ရှိနေသေးသလို အောင်မြင်ခဲ့သော အကျိုးရလဒ်များလည်းရှိခဲ့သည်ကို အများသိကြပြီး ဖြစ်ပါသည်။  မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့သည် MSC ကိုချစ်သည်၊ မြတ်နိုးသည်ဆိုသည်ထက် ပိုမိုသော ခံယူချက်ဖြင့် ဆက်လက်ကြိုးစား တည်ဆောက်ခဲ့ကြသည်။ တစ်ဦး တစ်ယောက်အတွက် မရည်ရွယ်ပဲ အများအကျိုးအတွက် ရည်ရွယ်ကာ ဆက်လက် မောင်းနှင်နေဦးမည်။ နောင်တစ်ချိန်တွင် မြန်မာစတီးမစ်ကွန်မြူနတီသည် အမှတ်ရဖွယ်၊ အောက်မေ့ဖွယ် မှတ်တိုင်များစွာဖြင့် အောင်မြင်သော အနာဂတ်ကို မြင်တွေ့ရတော့မည်။ ကျွန်တော်တို့အားလုံး ထိုနေ့ရက်ကလေးကို စောင့်မျှော်နေကြသည်။ ကျွန်တော်တို့ အားလုံး ယုံကြည်ချက်တစ်ခုကိုဆုပ်ကိုင်လျက် ၀ါသနာကိုအရင်းခံကာ ချစ်ခင်ရင်းနှီး ခဲ့ကြသည်။ စတီးမစ်ပလက်ဖောင်းသည် ကျွန်တော်တို့အားလုံး၏ ဆုံဆည်းရာ မှတ်တိုင်တစ်ခုဖြစ်ပေသည်။ အွန်လိုင်းပေါ်တွင် တွေ့ဆုံခင်မင်ရင်းနှီးရာမှ မကြာလင့် သောအချိန်တွင် အပြင်လောက၌ တစ်ဦးနှင့်တစ်ဦး မျက်ဝါးထင်ထင် တွေ့ဆုံကြရ တော့မည်။ မည်မျှပျော်စရာကောင်းမည်နည်း။ စဉ်းစားကြည့်ရင်း စိတ်ကူးကြည့်ရင်းဖြင့်ပင် ကြည်နူးရသည်။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်ကြသော မိတ်ဆွေအပေါင်းကိုလည်း နောင်နှစ်များတွင် MSC၏ နှစ်ပတ်လည်တွေ့ဆုံပွဲသို့ လာရောက်နိုင်ကြမည်ဟု မျှော်လင့်မိပါသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် ရောက်လာဦးမည့် တွေ့ဆုံပွဲလေးများစွာကို မျှော်လင့်စောင့်စားရင်း ဘ၀အတွေ့အကြုံများ၊ လောက ပညာရပ်များ၊ ရသမျိုးစုံပေးစွမ်းသည့် စာပေအမျိုးမျိုးများကို ဆက်လက်ရေးသား သီကုံးနေကြဦးမည်။  ယခုဆိုလျင် ကျွန်တော်တို့၏ MSC၏ ပထမနှစ်ပတ်လည်နေ့၊ MSC၏ တနှစ်ပြည့်မွေးနေ့၊ ထိုနှစ်ပတ်လည်မွေးနေ့တွင် မန်ဘာများအားလုံး တွေ့ဆုံကြမည့် တွေ့ဆုံပွဲလေးသည် မြန်မာ့အသည်းနှလုံး၊ မြန်မာ့ပုံရိပ်၊ မြန်မာ့တို့၏သမိုင်းဝင် ပုဂံဘုရားများအား နောက်ခံပြုလျက် ကျွန်တော်တို့အား စောင့်မျှော်နေပေပြီ။ မြန်မာစတီးမစ် ကွန်မြူနတီအဖွဲ့ဝင်များအာလုံးအား လေးစားလျက် ဂုဏ်ပြုရေးသားအပ်ပါသည်။  Writer >>>@nyinyiwin(Steemit) MSC-006 Writing End Time >>> 12:05 AM (2.8.2018) #Myanmar #Community #Unity #Gathering 
👍 copyseeker, zinminhtet, donjaun, shwemon, aungzawhtwe, caesarsupaimin, tinhlaingoo, myanmarkoko, tharpauk, suhlaing, sawlwin, nannhtike, billionairehein, linthitsar, jamunawng, smiing11, glorialion, golden-myanmar, thinzarnyinyi, liongyi, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, minnowsupport, phyowaiaung, steem-myanmar, winko, myanmarbooster, steemngazun, steemngazun1, steemngazun3, voteu, d0n3b07, object-a, myothuzar, mahaw, saikaungzawthant, asterkame, redpalestino, yiyiswe, thithisann, gunapeya, uthantzin, kyi, tunnaingwin, kokonaing, naingwintun, nyinyizin, kyawaung4, kyawkyaw5, khinzarwin, khinzawlatt, gelatofresco, domelay, ansoe, nyinyiwin,