ချစ်သူရဲ့ အဝေး

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@pannthiri·
0.000 HBD
ချစ်သူရဲ့ အဝေး
နွယ်ပင်လေးတစ်ခက် ရစ်ပတ်လို့ညှိတွယ်ခဲ့တယ်
သံယောဇဉ်နှောင်ကြိုးလေးတွေ ဖြတ်တောက်ဖို့
ပင်ပန်းခဲ့ပြီ.. .

မနမ်းဖူးသေးတဲ့ပါးမို့မို့လေးပေါ်
အလွမ်းမျက်ရည်တို့နဲ့ စလို့
မိတ်ဆက်ခဲ့ပြီ. . .

ကာလဒေသတွေလွှဲခဲ့ကြလို့
ဝေဒနာတို့ ဆန့်ကျင်ရာ
ကူးပြောင်းခဲ့ပြီ. . . .

လေနှင်ရာခရီးတွေဆက်ဖို့
ချစ်သူရဲ့ အပါးမှထွက်ခွာခဲ့ပြီ. . .


Author - pannthiri
myanmar - steemit
photo credit - google search
 ![image](https://img.esteem.ws/u4lgvk5daq.jpg)
👍 , , , , , , ,