-Android Menu Key,Home key and back key တပ်​ဆင်​ခြင်း-

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@phyozawooburmes·
0.000 HBD
-Android Menu Key,Home key and back key တပ်​ဆင်​ခြင်း-
စတီးမစ်​ မြန်​မာများအားလုံး မင်္ဂလာရှိ​သော ​နေ့က​လေးဖြစ်​ပါ​စေ။

<center>ယ​နေ့ ကျွန်ုပ်​ဆိုင်​သို့​ရောက်​သည်​နှင့်​ စတင်​​ဈေးဦး​ဖောက်​သည့်​Error က​တော့ menu key,home key back key အလုပ်​မလုပ်​​တော့သည့်​ lieon ဖုန်း Clone ​လေးဘဲဖစ်​ပါသည်​။ Clone ဖုန်းဖြစ်​သည့်​နယ်​ သိကြသည့်​အတိုင်း spears parts ကရှားသည်​။ Touch လဲရမည်​ဖြစ်​​ကြောင်းနှင့်​ လဲစရာ spears part မထွက်​​ကြောင်းရှင်းပြ​သော်​ အဆင်​​ပြေ​အောင်​ လုပ်​​ပေးပါဟု ​တောင်းဆို​သော​ကြောင့်​ UDN nabvr apk  ထည့်​​ပေးလိုက်​မည်​ဟုဆုံးဖြတ်​လိုက်​သည်​။ ပြန်​လည်​စဉ်​စားမိသည်​က ၄င်း apk သည်​ ဖုန်းတိုင်းနှင့်​လည်းမကိုက်​ rootလည်း​သေးသည်​။ သည်​​တော့ root ​ဖောက်​ရမည့်​ အတူတူ ဖုန်း၏ system ထဲသို့ ဝင်​ပြင်​​ပေးလိုက်​မည်​ဟု အ​တွေး​ပေါ်လာသည်​။  </center>

<center>![steemitforthefuture-picsay-01-01-picsay-02-picsay.jpeg](https://steemitimages.com/DQmUM2RGzzZ7qZpt3TweuwfxAoPRSM1e4euBvA94QX5izub/steemitforthefuture-picsay-01-01-picsay-02-picsay.jpeg)</center>

<center>ဆိုသည့်​အတိုင်း Customer သို့နားလည်​​အောင်​ရှင်းပြ၍ ၄င်းဖုန်းအား ​ရှေးဦးစွာ root ​ဖောက်​သည်​။ သုံး​နေကျတိုင်း kingroot အားသုံး​သော်​လည်း root accept မရ။ ​နောက်​တစ်​ဆင့်​ kingo root သုံးကြည့်​​သော်​လည်း မ​အောင်​မြင်​​ပေ။ ​ဟုတ်​ပြီ​လေ kingo root pc version သုံးမှသာ ငနဲ​လေး r oot accept အားရရှိ​တော့သည်​။ </center>

<center>Root Accept ရပြီဆိုလျှင်​ ၅၀% နုန်း​အောင်​မြင်​ပြီ​လေ။ ဆက်​လက်​၍ root explorer apk အားသွင်း၍ system>> build.propo အားOpen in text editorဖြင့်​ဖွင့်​၍(r/o r/w​ပြောင်း၍)>> text file ၏ ​အောက်​ဆုံးတွင်
qemu.hw.mainkeys=0 ဟု​ရေးကာ save change နှိပ်​၍ ဖုန်းအား reboot ပြုလုပ်​လိုက်​ပါသည်​။ </center>

<center>ဖုန်း firmware ပြန်​တတ်​လ​သော်​ ၈၀% ​အောင်​မြင်​ပြီဟုသိရပြီး lock screen ​ကျော်​၍ Home screen တွင်
အောက်​ပါအတိုင်း မြင်​​​တွေ့ရ​သော်​  ကျွနု​ပ်​၏ လုပ်​​ဆောင်​ချက်
၁၀၀% ​အောင်​​မြင်​ခဲ့ပါပြီ။ Customer လည်အဆင်​​ပြေ၍ ​ကျေနပ်​စွာ services ​ကြေး​ပေးကာ ပြန်​သွာ​လေ​တော့သည်​။ </center>
<center>![Screenshoot-picsay.png](https://steemitimages.com/DQmbq9jjyDZbfULqb1aYu8c9SrtT4i6bEdwApvP5Uz8PGXF/Screenshoot-picsay.png)</center>

<center>လိုအပ်​ပါကလည်း မိတ်​​ဆွေများ ဆိုင်​သွား​နေစရာမလိုဘဲ ထိုင်​​နေရင်း ပြုလုပ်​နိုင်​ရန်​ ​ဤpost အား ပြန်​လည်ေ​ပေးလိုက်​ပါသည်​။ </center>

[ROot EXplorer Apk](https://play.google.com/store/apps/details?id=com.speedsoftware.explorer)
[Kingo root apk](https://www.kingoapp.com/android-root/download.htm)

<center>ခင်​မင်​​လေးစားစွာဖြင့်​ ဖြို​​ဇော်​ဦး ကျုံမ​ငေး
Writing by phyozawoo
@phyozawooburmes
MSC-071</center>
👍 , , , , , , , , , , , ,