ပထမနမူနာပုံစံ (prototype)
hive-122133·@princekham·
0.000 HBDပထမနမူနာပုံစံ (prototype)
အားလုံးမင်္ဂလာပါ။ ပထမနမူနာ (prototype) ဆိုလို့ ဒီပုံစံကကော တခြားက ယူထားတာမဟုတ်ဘူးလား လို့ မေးဖို့ရှိပါတယ်။ concept ယူထားတာမှန်ပေမယ့် ဆောက်ထားတာကတော့ ကိုယ့်ဆီကရနိုင်တာလေးနဲ့ ဆောက်ထားတာပါ။ အင်တာနက် နဲ့ Youtube က ဟာတွေက တိုက်ရိုက်အသုံးချဖို့ဆိုရင် မြန်မာပြည်အနေအထားအရ ပစ္စည်း မရနိုင်တာနဲ့ ဆောက်တဲ့ ကိရိယာ မစုံတာကြောင့်ရယ် တိုက်ရိုက် အသုံးချဖို့ခက်ခဲတတ်ပါတယ်။ အောက်က spot welder လေးကတော့ ဒီမှာရနိုင်တာလေးတွေနဲ့ လုပ်ထားတာပါ။ မိတ်ဆွေတို့ အနေနဲ့လဲ ဒီပုံစံကို တိုက်ရိုက်အသုံးပြုနိုင်ပါတယ်။ ဒါဆောက်ဖို့ အဓိကပါဝင်တဲ့ ပစ္စည်းကတော့ microwave transformer ပါပဲ။ အစောပိုင်းကရှာဝယ်ဖို့ မရနိုင်ဘူးထင်ခဲ့တာပါ။ လျှပ်စစ်ပစ္စည်း အဟောင်းဆိုင်တစ်ဆိုင်ကနေ ကံကောင်းစွာရခဲ့တာပါ။ ဒီ spot welder လေးကို အများစုကတော့ ဓါတ်ခဲ 18650 Lithium Battery လေးတွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့ နေရာမှာသုံးပါတယ်။ DIY (Do It Yourself) ကိုယ်တိုင် လုပ်တဲ့ သူတွေအတွက်ပါ။ https://m.media-amazon.com/images/I/419kg8eiJSL.jpg <center><sub>[source](https://m.media-amazon.com/images/I/419kg8eiJSL.jpg)</sub></center> ကျွန်တော် လုပ်ဖြစ်တဲ့ welder ကတော့ သံနှစ်ချောင်းချိတ်ဆက်ဖို့ဖြစ်ပါတယ်။ အကိုတစ်ယောက်က လိုချင်လို့ လုပ်ပေးတာပါ။ အောက်ကပုံကတော့ ကျွန်တော့် welder ရဲ့ prototype ဖြစ်ပါတယ်။ အောက်မှာတော့ သံမှိုသေးနှစ်ချောင်းကို တို့ထားတာဖြစ်ပါတယ်။ သံမှိုနှစ်ချောင်း လက်နဲ့ ဆွဲတာတော့ မပြုတ်တော့တာတွေ့ရပါတယ်။    ကျွန်တော့် prototype welder မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁. microwave transformer - ၂၀၀၀၀ ကျပ် ၂. အထိုင်ခုံ - ၁၃၀၀ ကျပ် ၃. ဘက်ထရီကြိုး - ၇၀၀၀ ကျပ် ၄. သစ်သားခုံ - ၄၀၀၀ ကျပ် ၅. ခလုပ် - ၈၀၀ ကျပ် ၆. မီးပလတ် ခေါင်း - ၈၀၀ ကျပ် ၇. မီးကြိုး - ၂၀၀၀ ကျပ် ၈. Electrode နှစ်ခု (6mm copper rods) - ၂၀၀၀ ကျပ် စုစုပေါင်း - ၃၇၉၀၀ ကျပ် ကျသင့်ပါတယ်။ ဒီကုန်ကျစရိတ်ထဲမှာ ဟိုစမ်း ဒီစမ်းနဲ့ နောက်ဆုံး အကောင်းဆုံး ရလဒ်ရအောင် စမ်းတဲ့ ပစ္စည်းစာရင်းထည့်တွက်ရင် ဒီထက်မကပါဘူး။ ပြီးတော့ ပထမဆုံး ထုတ်ကုန်ရဖို့ အချိန်ပိုစိုက်ထုတ်ရပါတယ်။ အဲဒါကြောင့် ကုမ္ပဏီတွေမှာ သူတို့ရဲ့ပထမဆုံးထုတ်ကုန်က စျေးကြီးရတာပါ။ ကျွန်တော် အစောပိုင်းက မီးကြိုးဆိုဒ်ကြီး 7064 (ဒီထက်ကြီးတာလဲ ဒီမှာ ဝယ်မရပါ။) နဲ့ စမ်းကြည့်တာ ကားဘက်ထရီကြိုးလောက်ကို လျှပ်စစ်စီးအားမကောင်တာတွေ့ရပါတယ်။ ကားဘက်ထရီကတော့ အမ်ပီယာ ၄၀၀ ကျော် အဆွဲခံတာကိုတွေ့ရပါတယ်။ တည်ဆောက်ထားပုံကတော့ ပုံထာကအတိုင်းရိုးရှင်းပါတယ်။ electrodes နှစ်ခုကတော့ 6mm ကြေးချောင်းကို ဘက်ထရီခေါင်းစွတ်ပြီး ကြေးဂဟေဆော်ထားတာပါ။ အဝင် အေစီကိုပဲ အဖွင့်အပိတ်လုပ်တာပါ။ မိတ်ဆွေတို့ကို စမ်းသပ်ပြီး အသုံးပြုရတဲ့ နမူနာပုံစံကို မျှဝေ ပေးတာဖြစ်ပါတယ်။ ဒါကို အခြေခံပြီး ပို ကောင်းအောင်လုပ်နိုင်ပါသေးတယ်။ ကျွန်တော့် မိခင်ကတော့ မနေ့က ကိုဗစ်ပြန်စစ်တာ negative ဖြစ်သွားပါပြီ။ ဒီ အိုမီခရွန်က ၅ ရက်ကြာရင် အလိုလို ပျောက်တယ်ဆိုပြီးတော့လဲ ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မိတ်ဆွေတို့ အနေနဲ့ ကူးစက်တာမခံရအောင် ဂရုစိုက်စေချင်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာ ကြပါစေ။ @princekham 25th Feb 2022
👍 sbi4, yen1503, johndieo, cdm.ano, suhlaing, htwegyi, kaunglay2, asterkame, sayalu, yuzana, kachinhenry, callmemaungthan, donjaun, uthantzin, bhattg, good-karma, esteemapp, esteem.app, ecency, ecency.stats, drwom, photographercr, voter, heinkhantmaung, happydolphin, ace108, yggdrasil.laguna, brofund-stem, slider2990, babytarazkp, saikaungzawthant, kotint, patricksanlin, waivio.welcome, waivio.com, holovision.stem,