ဘာလီက မျောက်ဆွဲကျောင်း
hive-122133·@princekham·
0.000 HBDဘာလီက မျောက်ဆွဲကျောင်း
အားလုံး မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ တိုးဂိုက်က ကားပေါ်မှာသွားနေရင်းနဲ့ အခုသွားမယ့်နေရာက မျက်မှန်ချွတ်ရတယ်တဲ့၊ နင့်မျက်မှန်ချွတ်ထားလို့ရလား မေးပါတယ်။ ချက်ချင်းသူဘာကြောင့် ဒီလိုပြောလဲ နားမလည်နေဘူး။ နောက်မှ အခုရောက်မယ့် ကျောင်းအတက်လမ်းက မျောက်တွေဆိုးလို့ပါ ဆိုမှ သူပြောတာ နားလည်လိုက်တယ်။ အခုသွားမယ့်ကျောင်းက တောင်ပေါ်မှာရှိပါတယ်။ တောင်ပေါ်ကနေ ပင်လယ်ဘက်ရှုခင်း ကြည့်တာပါ။ တောင်တက်လမ်းမှာ ရှိတဲ့မျောက်တွေက လူတွေဆီက ဆွဲယူလို့ရတဲ့ဟာ - မျက်မှန်၊ ဖုန်းတွေကိုဆွဲယူသွားကြတာပါ။ နိုင်ငံခြားသားတစ်ယောက်ဆို ပြန်ဆင်းလာတာ မျက်မှန် ပြန်မပါလာဘူး။ အခြားအမျိုးသမီးတစ်ယောက်ဆို ကိုယ့်ရှေ့မှာပဲ လက်ထဲကဖုန်းကိုဆွဲယူသွားတာတွေ့လိုက်တယ်။ မျောက် မရမက နှစ်ခါသုံးခါဆွဲပြီးယူသွားတာ။ ကျွန်တော်လဲ ဖုန်း မျက်မှန်ကို သေချာ သိမ်း၊ ဓါတ်ပုံရိုက်ဖို့ ဖုန်းထုတ်ရင်လဲ ဘေးအနား မျောက်ရှိလား အရင် ကြည့်ပေါ့။ မျောက်တွေယူသွားတဲ့ ပစ္စည်းကိုပြန်လိုချင်ရင် သူတို့ကို အစာနဲ့ အပေးအယူလုပ်ရတယ်။ အဲဒီမှာက အစာရှားတယ်ပြောတယ်။ ဒါကြောင့် အဲဒီကမျောက်တွေက ဒီလို အစာနဲ့ အပေးအယူ လုပ်တတ်လာတာလားတော့မသိဘူး။ အောက်ကတော့ မျောက် အလစ် တောင်တက်လမ်း မှာနဲ့ ရိုက်ထားတဲ့ပုံနဲ့ တောင်ပေါ်ကနေ ရိုက်ထားတဲ့ ရှုခင်းပုံပါ။ ေမျာက်ပုံကတော့ မျောက်ဆွဲမှာကြောက်လို့ မရိုက်ဖြစ်ခဲ့ဘူး။သွားခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းနာမည်ကတော့ Uluwatu Temple ဖြစ်ပါတယ်။   အခုကျွန်တော်တို့နဲ့ သွားခဲ့တဲ့ ဂိုက် က အဆင်ပြေတယ်။ တိုးဂိုက်နာမည်က - သူတို့ ကုမ္ပဏီနဲ့ ဆက်သွယ်ချင်တယ်ဆိုင်ရင်တော့ Winasa ပါ။ Tour East Indonesia, a division of PT. JTB Indonesia Bypass Ngurah Rai No. 8, Kalan Abian, Tuban, Kuta, Bali 80 162, Indonesia Tel: (62) 361-708766/708769, Fax: (62) 361-700750 L-mail sales bali@toureast.net သူတို့ဆီမှာ package အစားစားရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ကိုကျတော့ (စင်ကာပူအလည်အပါ) မြန်မာပြည်က တိုးကုမ္ပဏီကပဲ ချိတ်ဆက်ပေးတာမို့ ဘာလီ သီးသန့် စျေးကိုတော့ မသိပါဘူး။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။ @princekham 3rd May 2024 Myanmar
👍 isnochys, cheapestwhale, cheapwhale, cheaperwhale, yeouido.park, drowningwhale, dirtywhale, herosujin, jimbaro.park, filthywhale, pornwhale, mangos, malomi, solominer, joeyarnoldvn, evernoticethat, oadissin, whangster79, recoveryinc, samrisso, tomtothetom, cugel, movement19, acantoni, kaunglay2, certain, sudutpandang, hiq.hive, hiq.redaktion, quekery, smooms, pundito, mary-me, ynwa.andree, hiq, carmate, damus-nostra, hiq.magazine, hiq.shares, hiq.witness, craftink, mizzmomoz, newhope1988, lu1sa, golden.future, walarhein, tin.aung.soe, myanmarkoko, heinkhantmaung, myintmo.shweyi, myothuzar, ansoe, happydolphin, ace108, donjaun, airhawk-project, waivio.curator, fantasycrypto, slon1980, egbre, kdee916, irisworld, winsportsbet, hardaeborla, jackramsey, mercysugar, abdul-qudus, colmedwardsphoto, jjerryhan, riottales, topworlds, hungryanu, rankz, stephyymullen, vickyanne, psygambler, randomblock1, steemian258, psyo, poggersdude, predict-crypto, ezuntimmy, crazyphantombr, qila, synergized, henrietta27, treasuree, burlarj, preciousimo, angoujkalis, rencongland, jguzman394, dashfit, ambmicheal, dawizy, steemegg, yahuzah, makrotheblack, pearlumie, berkaytekinsen, justfavour, tomlee, tmicezack, joshglen, frankydoodle, valchiz, enm1, waraira777, counterterrorism, simsahas, ash420, adaezeinchrist, nwothini335, yuslindwi, bartosz546, ezunjoshy, joyyusuf, tuba777, simba, sunshine, allentaylor, jenniferjulius, jilt, elopinky, more4less, airhawk-exchange, sperosamuel15, quduus1, mrstaf, tomatom, oilprinzz, swirly, genepoolrentsclr, lauraleyva, moretea, battebilly, topchuqs, javicuesta, hjmarseille, robvector, perinator, quick-cycle, sodrill, kathryn95, dimsyto, bai123, wahlterwhite, azmielbanjary, urchice, dreamm, sportsconnect, montanacellist, mastersa, nooblogger, tajimkhan, iumac03, starbooks, fire451, traderhive, genepoolcardlord, dhedge, marvel1206, b0s, ataliba, udezee, fredkese, kayntan, eprolific, ihal0001, kork75, jsalvage, martinthemass, depressedfuckup, atheistrepublic, ilovegames, friesennerz, firstamendment, jacksondavies, rachelleignacio, motivatorjoshua, oredebby, comiccat, delicandy, yestermorrow, leslierevales, vonzeppelin, princekham, digitalmack, thomaskatan, nascimentoab, bcrafts, tochprince, blackmagic, akumar, parth7878, ninyea, gnarlyanimations, xanderslee, mrxplicit, sunshinebear, fabrik, myancrypto, jutech, asterkame, htwegyi, imam-samudra, thoon-yadi, nyxlabs, pdf-nug, kachinhenry,