SPLINTERLANDS စဆော့မည့်သူများအတွက်
hive-122133·@smartdealear·
0.000 HBD SPLINTERLANDS စဆော့မည့်သူများအတွက်
မင်္ဂလာပါ ခု ကျွန်တော်ကတော့ ရှိသမျှ SPLINTERLANDS Monsters ကဒ်တွေ အကုန် ရောင်းစားပြီးပြီဆိုတော့ ခုမှစ အသစ်ဆော့နေရသလိုပါဘဲ ။ ခုအချိန် အသစ်စဆော့ကြတဲ့သူတွေလဲ များလာကြတဲ့ အချိန်ဖြစ်ပြီး ဆော့ရတာ ခက်ခဲနေပါလိမ့်မည် ။ ယခင်ကထက်ခက်ခဲသည်မှာ မှန်သော်လည်း များစွာခက်ခဲလွန်းလှသည်တော့ မဟုတ်ပါ ။ အချို့မှာ အလွန်ခက်ခဲသည်ထင်ကာ လက်လျှော့သွားမည် စိုးသောကြောင့် SPLINTERLANDS နှင့် ပတ်သက်သည့်အရာများကို နည်းနည်းချင်း ပြောပြပေးချင်ပါသည် ။ ပြောပြပေးမည် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင်မှာလည်း Pro Player မဟုတ်သည့် အပြင် ရှိသမျှ အကုန်ကို MMK 2,000,000 ကျော်လောက်နဲ့ရောင်းစားပြီး ယခုမှ ပြန်စဆော့နေရသော လူသစ်သဖွယ်ဖြစ်တာကြောင့် အတူတူ အားမလျှော့ဘဲ ခုကစ ဆော့ ကြရအောင် ။  Hive Posting Key နဲ့ splinterlands သို့ ဝင်ရောက်ပြီး Spell book ဝယ်ပြီး စတင်ရသည်ကိုတော့ Hive မှဆရာများအတွက် အထူးပြောပြစရာ လိုမည်မထင်ပါ ။ ထို့နောက် နေ့စည် Quest လေးတွေပေးထားတာရှိပါသည် ။ ဒီနေ့ ကျွန်တော့ Quest ကတော့ Sneak Queat ပါ။  တစ်နေ့မှာ Quest တစ်ခု ပြီးဖို့ရန်အတွက် ငါးပွဲတော့ အနည်းဆုံးနိုင်အောင်ဆော့ပေးရပါမည် ။ အကယ်၍ Natural Quest ဖြစ်မယ်ဆိုလျှင်တော့ သုံးပွဲနိုင်ရုံဖြင့်ရပါမည် ။ Water Quest ဆိုလျှင် water summoners / Fire Quest ဆိုလျှင် Fire Summoners အစရှိသည်ကတော့ ရှင်းပါသည် နောက်များမှာ Summoners များအကြောင်း ပြန်တင်ပေးပါမည်(ရေးစရာ ရတာပေါ့ ) ။ ယခု ကျွန်တော်က Sneak Queat ဆိုတော့ Sneak abilities ရှိတဲ့ Monster အနည်းဆုံးတစ်ကောင်ပါဝင်ပြီး နိုင်အောင်ဆော့ပေးရပါမည် ။သူက Melee ဖြစ်နေလျှင်တောင် အနောက်ကနေပြီးတိုက်ခိုက်နိုင်ပါသည် ။ Enermy Monsters ကို ရှေ့ဆုံးကကောင်ထက် နောက်ကကောင်ကို တိုက်ပါတယ် တစ်ကယ်လို့ သူက ရှေ့ဆုံးမဟုတ်ရင်ပေါ့ ။  ခု Sneak တစ်ကောင်နဲ့ ဥပမာပြထားပါတယ် video တော့မယူထားလိုက်ပါဘူး ကျွန်တော့အတွက် ခက်လို့ပါ ။ တစ်ရက်ကို Quest တစ်ခု ပြီးလျှင် ဆော့စအကောင့်များ အနေဖြင့် Loot chest တစ်ခုရပါတယ် ။  ကျှန်တော်တော့ ဒီနေ့အဆင်မပြေလိုက်ဖူး ။ နောက်နေ့အဆင်ပြေမှာပါ ။ ကိုယ်ကခုမှ တစ်ခုရတယ်ဆိုပေမဲ့ စိတ်မပျက်ပါနဲ့နော် တစ်ရက် ကို ငါးပွဲလောက်တော့ နိုင်အောင်ဆော့သင့်ပါတယ် ။ နောက်နေ့တွေမှာ ထပ်ပြီး Splinterlands game အကြောင်းလေးတွေ တင်ပေးပါဦးမယ် ။ သိချင်တာလေးတွေ ရှိလျှင်လဲ comment မှာမေးခဲ့ကြလို့ရပါတယ် သိသလောက်ကတော့ ပြောပြပေးပါမယ် ။ အဖိုးတန်ကဒ်များအပြင် DEC တွေ SPS တွေနဲ့ အခြားအရာများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ ။