စိတ်ဝင်စားဖွယ် app
esteem·@soethiha·
0.000 HBDစိတ်ဝင်စားဖွယ် app
ပရိသတ်ကြီးနဲ့ IPACS ကဖန်တီးထားတဲ့ Aerofly 1 Flight Simulator ဆိုတဲ့ App အကြောင်းကို ဒီအပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ Aerofly 1 Flight Simulator ကလေယာဉ်မောင်း ပညာသင်ကြားနေသူများ၊လေယာဉ်မှူးများနဲ့ လေယာဉ်မောင်းဝါသနာပါ သူများ အတွက်အလွန်အသုံးဝင်တဲ့Android App ဖြစ်ပါတယ်။ အခြေခံကျတဲ့ Cessna ကနေ၇၃၇Airliners, F-18 Fighter Jets များအထိလေယာဉ်များကိုစမ်းသပ်မောင်း နှင်နိုင်ပါတယ်။ လေယာဉ်အတက်၊အဆင်းများကိုလည်းလေ့ကျင့်နိုင်ပါတယ်။ ဝေဟင်မှာ လေယာဉ်ကိုကျွမ်းထိုးမောင်း နှင်မှုများကိုတောင်သင်ယူနိုင်ပါသေးတယ်။ တောင်တန်းများ၊ ပင်လယ်ပြင်များ၊ လေယာဉ်ပြေးလမ်းများစွာကိုနောက်ခံမြင်ကွင်းအဖြစ်ထည့်သွင်း ပေးထားတာက ကိုယ်တိုင်လေယာဉ်ကြီး မောင်းနေရသလို ခံစားမှုမျိုးပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ထိန်းချုပ်ခလုတ်များကလည်း အသုံးပြုရတာလွယ်ကူပြီး Settings ထဲ မှာနှစ်သက်သလိုပြောင်းလဲနိုင်ပါတယ်။ လေ အရှိန်နှုန်းကိုလျှော့ချဖို့နဲ့တိုးမြှင့်ဖို့အတွက် Flaps ကိုထိန်းညှိနိုင်တဲ့ On-Screen Controls များကို ဘယ်ဘက်မှာ ပြသပေးထားပြီးထိပ်မှာတော့ Altitude, Axis, Pitch တို့ပါဝင်သည့်အရေးကြီးတဲ့ထိန်းချုပ်ခ လုတ်များကို တွေ့နိုင်ပါတယ်။ ညာဘက်မှာတော့အမြင့်ဆုံး အရှိန်နှုန်းကိုမြှင့်တင်နိုင်တဲ့ ခလုတ်ကိုအသုံးပြုနိုင်ပါတယ်။ လေယာဉ်မှူးအခန်းကနေ မြင်ရတဲ့မြင်ကွင်း များစွာကိုလည်းရွေးချယ်နိုင်ပါတယ်။Aerofly 1 Flight Simulator မှာ ရာသီဥတုအခြေအနေများကိုပြောင်းလဲနိုင်ခြင်းနဲ့ပျံသန်းနေစဉ်မှာ လေယာဉ်အမျိုးအစားများကို ပြောင်းလဲနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ လှပပြီးနေသာ တဲ့ရာသီဥတုများ၊ ပြာလဲ့တဲ့ညနေခင်းအချိန်များကိုလည်းသတ်မှတ်နိုင် ပါတယ်။Upgrade or Unlock ပြုလုပ်နိုင်တဲ့လေယာဉ်များစွာပံ့ပိုးပေးထား တာကအကောင်းဆုံးစွမ်းဆောင်ချက်တစ်ခုဖြစ်ပါတယ်။ Android 4.3 နဲ့သူ့အထက်မှာ အသုံးပြုနိုင်ပြီး Google Play Store မှာအခမဲ့ရယူနိုင်ပါတယ်။