အမြဲတမ်း လူမိုက်​လို့မထင်​ပါနဲ့

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@soeyan·
0.000 HBD
အမြဲတမ်း လူမိုက်​လို့မထင်​ပါနဲ့
လူ​တိုင်းဟာအမှားနဲ့မကင်းနိုင်​သလို အမြဲတမ်းလည်းမမှန်​ပါဘူး အချိန်​တိုင်းလူဆိုးမဟုတ်​သလိုအချိန်​တိုင်းလူ​ကောင်းမဟုတ်​ပါဘူး ​လောဘ​ဒေါသ ​မောဟနဲ့မကင်းနိုင်​လို့ပါ ​သေချာ​ပြန်​ဆင်းစားကြည့်​ပါ လူ​တွေ၇ဲ့တစ်​​နေ့တာ ကုသိုလ်​နဲ့ အကုသိုလ်​ကို ချိန်​ခွင်​ တဖက်​ဆီမှာထည့်​ပြီး ချိန်​ကြည့်​ရင်​ အကုသိုလ်​ဘက်​က ​လေးလွန်းလို့ ​ဇောက်​ထိုးဖြစ်​​နေလိမ့်​မယ်​လို ဆရာ​တော်​ကြီး​တွေ ​ဟောကြပါတယ်​![IMG_66199342583534.jpeg](https://steemitimages.com/DQmPMaDU3gVbKQXoP2C7bUsVX8csFCXFm7nW1thqiTTk3yB/IMG_66199342583534.jpeg)
အဲ့ဒါ​ကြောင့်​​လူ​တွေရဲ့စိတ်​ဟာ အချိန်​တိုင်းမ​ကောင်းနိုင်​လို့ လူ​ကောင်းလို့မ​ပြောနိုင်​ပါဘူးတစ်​ခါတုန်းကလူတ​ယောက်​ဟာ ​လောကမှာ​ကောင်းဆုံးလူနဲ့အဆိုဆုံးလူကိုမှတ်​တမ်းတင်​တဲ့လူတ​ယောက်​ဟာ ကားစင်​​ပေါ်က​သေဒဏ်​​ပေးတဲသူ ကို​တွေ့​တော့ ဘာလို့​သေဒဏ်​​ပေးခံရတာလဲလို့သွား​မေးသတဲ့ အဲ့လို​မေးလိုက်​​တော့ ​သေဒဏ်​​ပေးခံရတဲ့လူက ဘာလုပ်​ဖို့လဲ​လို့​ပြန်​​မေးလိုက်​တယ်​ ကျွန်​​တော်​ဟာ ​လောကမှာ အ​ကောင်းဆုံးလူကိုမှတ်​တမ်းတင်​ထားပြီးပါပြီ ခင်​ဗျားကို အဆိုးဆုံး လူအဖြစ်​မှတ်​တမ်းတင်​မလို့ လို့ပြန်​​ဖြေလိုက်​သတဲ့ ​လောကမှာအ​ကောင်းဆုံးလူကိုပြပါဦးလို့ပြန်​​ပြောလိုက်​​တော့ မှတ်​တမ်းတင်​သူက သူဆွဲထားတဲ့ ပန်းချီထဲကလူကိုပြ​တော့ ကားစင်​​ပေါ်ကလူက ထရီသတဲ့ မှတ်​တမ်းတင်​သူက ဘာလို့ရီတာလဲလို့​မေးလိုက်​​တော့ တချိန်​ကလူ​ကာင်းလို့မင်း​မှတ်​တမ်းတင်​ထာတဲ့လူက ငါပဲလို့​ပြောလိုက်​ ​တော့ အံ့သြပြီး သူ့ရဲ့ အလုပ်​ကိုစွန့်​လွတ်​လိုက်​ပါ​တော့တယ်​![IMG_66602117053381.jpeg](https://steemitimages.com/DQmRNqSugTD9uudTmexShtgcXtafnaVNZbysmePVPB6Nvqh/IMG_66602117053381.jpeg)
နောက်​ထပ်​ လူဆိုးက​နေလူ​ကောင်း(ရဟန်းဋ္ဌာ) 
ဖြစ်​သွားတဲ အဂုင်္လိမာလ သဲအင်းဂူ ဆရာ​တော်​ဘုရားကြီး​တွေ လည်းရှိတဲ့အတွက်​ ဒီလူ​တော်​​တော်​ဆိုးတာပဲဆိုပြီး အထင်​မ​သေးမိပါ​စေနဲ့ မိမိသူလို့မဆိုးဖို့ပဲ ကြိုးစားပါ လူ​ကောင်းဆိုပြီး
လည်းအထင်​မကြီးပါနဲ့ (အရိယာမပါ) ပုထုဇဉ်​လူ​ကောင်း​တွေကမယုံ ရ​သေးလို့ပါ အ​ကြောင်းတိုက်​ဆိုင်​၇င်​ မှားတတ်​​သေးလို့ပါ ဒါ​ကြောင့်​ လူ​ကောင်းစစ်​စစ်​ဖြစ်​ချင်​ရင်​ ပုထုဇဉ်​နယ်​မှ အရိယာနယ်​သို့ဝိပ ဿ     နာ လမ်းနဲ့တက်​လှမ်းကြပါလို့သတိ​ပေးတိုက်​တွန်းရင်း![IMG_22322003952051.jpeg](https://steemitimages.com/DQmZGL15yDyCQvJFRWk3VHNcv6SRuhp7HBWKjYDbSBhniuw/IMG_22322003952051.jpeg)
Steemit အဖွဲ့ ၀င်​အားလုံးကို​ကျေးဇူးတင်​လျက်
Msc 236
@soeyan
photo credit facebook
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,