မာနလေးများထားတတ်ပါစေ
myanmar·@soeyan·
0.000 HBDမာနလေးများထားတတ်ပါစေ
ဒီနေ့တော့ မာနအကြောင်းလေးရေးချင်ပါတယ် မာနဆို တာလူတိုင်းမှာရှိပါတယ် သူလည်းသုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဖြစ်မယ်လူတိုင်းမှာ မာနဆိုတဲ့ ဆေးရှိပါတယ် အသုံးမချတတ်တဲ့လူကတော့နင်ဘာလည်း ငါဘာလည်းဆိုတဲ့နေရာမှာသုံးတယ် အသုံးချတတ်တဲ့လူကတော့ အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးနိုင်တဲ့ လက်နက်တစ်ခုပေါ့  ဥပမာ ပညာသင်တဲ့အရွယ်မှာ ဆရာကမင်းညံ့တယ်လို့ပြောလိုက်တာကို ငါဘာသာညံ့တာဘာဖြစ်လဲ ဆိုပြီး မကြိုးစားရင်တော့ တလွဲမာန ဖြစ်ပီး ဘဝမှာတိုးတက် မှုအောင်မြင်မှုတို့နဲ့ဝေးမယ် ဒါပေမယ့် ဆရာက ငါ့ကိုတော်စေချင်လို့ ပြောတာ သူများတွေတော်သလို ငါတော်အောင်ကြိုးစားမယ် ဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့မာန ကထားသင့်တဲ့မာနဖြစ်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးမဲ့ လက်နက်ဆိုလည်းမမှားပါဘူး လူတော်တော်များများဟာ ငါတော်တယ် ငါတတ်တယ် ငါပြောတာအမှန်လို့ ထင်ကြတယ် သူတို့ကိုနည်းနည်းထောက်လိုက်ရင် သူတို့မာန စော်ကားတယ်ထင်ကြတယ် အဲ့တာမာနမဟုတ်ပါဘူး အတ္တကြီးတဲ့သူတွေပါ တပို့တည်းသမားတွေပါ မာနရှိတဲ့လူတွေက သူတို့ငါ့အမှားကိုထောက်ပြရင် နောက်တစ်ခါငါမမှားအောင် လုပ်ကြတယ် ဒါမှထားကောင်းတဲ့မာနပါ  မာနဆိုတာထားတတ်ရင် သံသရာလွတ်ကြောင်းတရားအားထုတ်ရာမှာလည်း အထောက်အပံ့ဖြစ်စေပါတယ် ဘာကြောင့်လည်းဆိုတော့ သူတောင်တရားရရင် ငါဘာလို့မရရမှာလည်း ဆိုတဲ့ ထားကောင်းတဲမာနထားမှ ဝီရိယ အဓိပတိ ရဲ့ အထောက်အပံ့ ဖြစ်မယ် ဝီရိယဆိုတာ လောကီလောကုတ် ၂ရပ်လုံးမှာ အောင်မြင်မှုပန်းတိုင် အတွက် မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခုပါ ဘုရားရှင် ဟောထားတဲ့အဓိကတိ၎ပါး ထဲက ဝီရိယ ဟာ မခံချင်စိတ် (ထားကောင်းတဲ့မာန)နဲ့ သံဝေဂ စိတ်ကြောင့် ဖြစ်တာပါ ရှိသငိ့တဲ့မာနမရှိရင်တိုးတက်အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး "တန်ဆေးလွန်ဘေး"ဆိုတဲ့စကားကို ကြားဖုးကြမှာပါ ဘယ်အရာမဆိုလွန်ရင်တော့ဘေးဖြစ်တတ်ပါတယ် ဘုရားရှင်တောင်မဇ္ဇိမ္ပရိပဓာ အလယ်အလတ်လမ်းကို လျှောက်ခဲ့တာပါ လူတိုင်းမှာမာနရှိကြပါတယ် ဒါပေမယ့် အသုံးမချတတ်ကြတာပါ တချို့ကတော့ တလွဲမာန ထားနေကြတာပါ ဒါကြောင့်မာနလေးများထားတတ်စေဖို့ ဒီ post လေးကိုရေးလိုက်ရပါတယ် ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါသည် Msc 236 @soeyan Photo facebook
👍 eieikhing, kyawhlaing, coralbright, twingyiwunmaung, aungzin, myothuzar, domelay, kyawzaywin, leeshang, ayemomo, mahaw, minkhantnyar, thethtooaung, zinminhtet, mgtoetat, myintlwinsoe, soeyan, yethihakyaw, asrizal, aurokarshine, nyinyiwin, camelot, curie, liberosist, meerkat, locikll, jasimg, xanderslee, hendrikdegrote, markangeltrueman, aboutyourbiz, howtostartablog, spectrums, anwenbaumeister, kushed, pacokam8, ethanlee, oscarcc89, tensor, nobyeni, pharesim, lenin-mccarthy, voronenka, dickturpin, steem-id, cotidiana, teofilex11, dreamien, velourex, bp423, redpillproj, cryptonator, rscalabrini, hrissm, bue, coloringiship, gohba.handcrafts,