Pandas living
esteem·@steemhenry·
0.000 HBDPandas living
ကိုယ့်မှာ အမာရွတ်ရှိနေရင် သူများဒဏ်ရာကို
နားလည်ခံစားပေးတတ်သင့်တယ်။

ကိုယ်ငိုဖူးရင် သူများရိုက်သံကို
ပြက်ရယ်မပြုသင့်ဘူးလို့ ထင်တယ်။

ကိုယ့်အသားကိုထိလို့ နာတတ်ရင်
သူများအသားကို နာကျင်အောင် မလုပ်သင့်ဘူးလို့ ထင်တယ်။  ကိုယ့်ကို နစ်နာအောင်ပြောတာ မကြိုက်ရင်
အခြားသူကိုလည်း ထိခိုက်အောင် မပုတ်ခတ်သင့်ဘူးလို့ ထင်တယ်။

ကိုယ် ဝမ်းနည်းတတ်ရင် အခြားသူကို နာကျင်အောင်
မလုပ်သင့်ဘူးလို့ ထင်တယ်။

ကိုယ့်အသွေးအသားကို ထိတာမကြိုက်ရင်
အခြားသူရဲ့ အသွေးအသား ကို အပျော်မကြံသင့်ဘူးလို့ ထင်တယ်။  ကိုယ့်ကို ညာတာမကြိုက်ရင် အခြားသူရဲ့ ယုံကြည်မူကိုလည်း
အလေးထားပြီး တန်ဖိုးထားသင့်တယ်။

ကိုယ်နာတတ်တာကို အခြားသူကို နာကျင်အောင်လုပ်နေရင်တော့
ကိုယ်လည်း တစ်ချိန်ချိန်မှာ နာကျင်ရတတ်တယ်။

ဘာလို့လဲ ဆိုတော့
ကိုယ်မှ နာကျင်တတ်ရင် သူများလည်းနာကျင်တတ်မယ်ဆိုတာ သေချာတယ်လေ။