နေသားကျနေပြီးသားလေ
myanmar·@steemitarrman·
0.000 HBDနေသားကျနေပြီးသားလေ
 ရိုးရိုးလေးပဲ ချစ်ခဲ့တယ် အချိန်မှန်လေး သတိရတယ် လူမသိသူမသိ တမ်းတတယ် လွမ်းလွမ်းဆွေးဆွေး မျှော်လင့်တယ် ရလိုခြင်းကင်းချစ်ခြင်းလေးတော့ ကိုယ်ပိုင်ဆိုင်ထားမိတယ်လေ ထုတ်ပြဖို့ထိ မဝံ့ရဲခဲ့ပေမယ့် အားလပ်ချိန်တိုင်းတော့ ထုတ်ကြည့်ဖြစ်ပါတယ် နင်အမြဲပျော်ရွှင်ပါစေ တဲ့ နှလုံးသားလေးရဲ့ဆုတောင်းသံ အချိန်တိုင်းညံနေလေတော့ သေချာပါတယ် စေတနာတွေကြောင့်နင် ပြုံးနေမှာပါလေ လှည့်မကြည့်လည်းနေ ပြုံးမပြလည်းဖြစ် နှုတ်မဆက်လည်း အဆင်ပြေတယ် ငါက နေသားကျနေပြီးသားပါ သတိထားနော် လောကကြီးကမာယာများတယ် ရိုးသားမှုနဲ့အားနာခြင်းတွေ ခပ်ပေါပေါ အသုံးမပြုမိစေနဲ့ နင်ခံစားရမှာစိုးလို့ပါ ငါက နေသားကျနေပြီးသားလေ  @steemitarrman