Good Bye
myanmar·@steemitarrman·
0.000 HBDGood Bye
 အချစ်ဆိုတဲ့အရာက... တခါတလေ... စီစဉ်တကျဝင်လာတာမျိုး မဟုတ်တဲ့အခါ ရင်ခွင်တခုလုံးဗြောင်းဆန် ပရမ်းပတာတေဖြစ်ကျန်ခဲ့ရတယ် အထားခံရသူနဲ့ထွက်ခွာသွားသူ ကျန်ရစ်ခဲ့တဲ့သူရင်ထဲမှာ အသဲနှလုံးတခုလုံးစိုစွတ်နေခဲ့တယ် မငိုပါဘူး ဘယ်တော့မှမငိုဘူး စီးကျလာတဲ့မျက်ရည်ကိုတော့ မတားတော့ပါဘူး အော်ဟစ်ငိုမရတဲ့ဘဝမှာ ရင်တခုလုံးကွဲကြေကျန်ခဲ့တာ ကိုယ်တိုင်ပဲသိနေလို့ နောက်ဆုံးနုတ်ဆက်လိုက်ပါတယ် ထာဝရအတွက် Good Bye...  @steemitarrman Photo credit; Google image