အစားထိုး၍ မရသော မေတ္တာ
esteem·@steemjohn·
0.000 HBDအစားထိုး၍ မရသော မေတ္တာ
အလုပ်ပြုတ်တာ ပြန်ရှာလို့ရတယ်
ငွေကုန်တာ ပြန်ရှာလို့ရတယ်
မိန်းမ၊ယောက်ျား သေရင် နောက်လူ အစားထိုးလို့ရတယ်
မိဘမရှိရင်တော့ ပြန်ရှာလို့ မရတော့ဘူး။

ရည်းစားနဲ့ပြတ်သွားရင် နောက်ရည်းစားရှာလို့ရတယ်
ပညာမတတ်ရင် ပိုက်ဆံရှိအောင်ကြိုးစားလို့ရတယ်
အမှားသိရင် အမှန်ပြင်လို့ရတယ်
မိဘ သေသွားရင်တော့ မိဘမေတ္တာကို ပြန်ရှာလို့မရတော့ဘူး။

လောကမှာ....
ပျောက်ဆုံးသွားရင် ပြန်ပြီးရှာလို့မရတော့သလို
ပြန်ပြီးအစားထိုးလို့မရတာက မိဘမေတ္တာပါ
အဲ့ဒါကြောင့် မိဘ မသေခင် ၊ မိဘရှိတုန်းလေးပြုစုပါ
မိဘ မစားနိုင်တဲ့ အချိန်ကျမှ ကျွေးချင်လို့ မရသလို
မိဘမရှိတော့မှ နောင်တ ရနေလည်း အသုံးမဝင်တော့ပါဘူး။

ကိုယ့်ကို မွေးပေးခဲ့တဲ့ မိဘ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ
မိဘကို ပြန်ပြီး ကျေးဇူးသိတတ်ခြင်းက
သားသမီးတွေရဲ့ ဝတ္တရားပါ။

အခွင့်အရေး ဆိုတာ နှစ်ခါမရတတ်ပါဘူး
အခွင့်အရေး ရတုန်းလေး မိဘကို ကျွေးမွေးပြုစုသော
သားသမီးတိုင်း သေသွားသည့်တိုင် ဒုက္ခကြီးကြီးမားမား
မတွေ့ရဘဲ ချမ်းချမ်းသာသာ နေနိုင်တယ်ဆိုတာ အမှန်ပါ။

"နောင်မှတော့ နောင်တ တွေ မရစေနဲ့နော်"