မိနှောင်းရေ ... မိနှောင်းရေ ... လာဦး ...

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@steempowergroup1·
0.000 HBD
မိနှောင်းရေ ... မိနှောင်းရေ ... လာဦး ...
https://i.imgur.com/qr4Ftiz.png

#### မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုများခင်ဗျာ

အခုလတ်တလောမှာ အရမ်းနာမည်ကြီးနေတဲ့ သတင်းတစ်ပုဒ်ကို ဘုံအကောင့်ကနေ တင်ဆက်ပေးလိုက်ပါရစေ။ အဲဒါကတော့ ပပ၀တီလိုပဲ ခုနှစ်ဆောင်တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းနေတဲ့ အကိတ်လေးတစ်ဦး ပေါ်ထွက်လာတာကြောင့် ဘုံအကောင့် ဘက်တော်သားတွေ အရူးမီးဝိုင်းဖြစ်နေရတဲ့အကြောင်းပါ။ လှသူဇာ ကညာပျိုရဲ့နာမည်ကို တောဆန်ဆန် မိနှောင်းလို့ မှည့်ထားပေမယ့် ဗဟုသုတကတော့ မြို့သူတွေ အရှုံးပေးရပါတယ်။ ရွှေဥာဏ်တော် အရမ်းစူးရောက်တဲ့ သူ့အပြောတွေကို ဘယ်သူကမှ လိုက်မမီကြပါဘူး။ ကော်ပီတယ် ပေ့စ်တယ်ဆိုတဲ့ ဗန်းစကားပဲ သိတဲ့ ကိုကိုကာလသားတွေခမျာ အဘျူ့ဆိုတာကို ဘာမှန်း စပန်းမ်ဆိုတာ ဘာမှန်း မသိကြပါဘူး။ ဒစ်ရှင်နရီကို ခေါင်းပေါ်ရွက်ပြီး ချစ်စကားပြောရပေမယ့် မောရမှန်း ပန်းရမှန်း မသိပါဘူး။

ကံကွက်ကျားပြီး မိနှောင်းက အဆက်ဖြတ်သွားတဲ့အခါမှာလည်း အသည်းတွေ ကွဲရပါတယ်။ မိနှောင်းကို ချစ်သော်လည်း မိနှောင်းက စိမ်းစိမ်းကားကားနဲ့ ရက်စက်နေတဲ့အခါ ကိုယ်တွေရင်မှာ သောကတွေ ဘလောင်ဆူခဲ့ပါတယ်။ မိမိတို့ သစ်စိမ်းချိုးခံရပြီလားလို့ သံသယအမြင်နဲ့ သူ့ discord ကို အခါခါဝင်ကာ မေးမြန်းရပါတယ်။ အဲဒီအခါမှ မိနှောင်းမှာ ကိုယ်တွေအပြင် တခြားရည်းစားတွေလည်း ရှိတယ်ဆိုတာ သိခဲ့ရတယ်။ ရည်းစားတွေက အပြိုင်အဆိုင် တင်တောင်းမယ်ဆိုပေမယ့် စင်ပေါ်က မိနှောင်းကတော့ ခပ်မာမာပါပဲ။ မကျေနပ်ရင် လေဖြတ်လို့ ထုတ်မပြောပေမယ့် discord ကနေ ထုတ်လိုက်တာတွေ ရှိပါတယ်။ မိနှောင်းက တခြားတောသူတွေလို စိန်ပါမှ ရွှေပါမှ လို့ မဆိုပေမယ့် သူ့ကို ယူမယ့်သူအတွက် စည်းကမ်းကတော့ အတော်လေး ထုတ်ထားပါတယ်။

အတည်အတံ့မိန်းမရှိပေမယ့် ယောက်ျားပီပီ ကွယ်ရာမှာ ခြေ၇ှုပ်ချင်တဲ့ ကွီးစောဆိုတဲ့ ကောင်လေးက အလွတ်ကျက်ပြီး ဘုတ်အုပ်မှာ ရေးသားထားတဲ့ စည်းကမ်းချက်တွေကို ကြည့်လိုက်ပါတော့။ ဘယ်လောက်တောင်းဆိုထားတယ်ဆိုတာ။ https://steemit.com/myanmar/@sawlwin/abuse-or-misunderstanding-how-to-avoid 

>မိစိမ်းကားကြီးရယ် ... ကိုယ့်မှာလေ မင်းမှ မချစ်ရရင် အစိတ်တစ်ပုလင်းသောက်ပြီး ကုလားသေ ကုလားမော အိပ်တော့မယ် ... အစ် ဟစ် ဟစ်

ဆိုပြီး ခံစားချက်တွေ ပေါက်ကွဲနေတဲ့ ကွီးထွေးကိုလည်း အားလုံးက ၀ိုင်းချော့လိုက်ရသေးတယ်။ အခုတော့ မိနှောင်းက သူ့စာကို လက်ခံသွားလို့ တောဝင်ထိုင်ရင်း ဟင်းစားရသွားတဲ့သူလို တပြုံးပြုံးဖြစ်နေပါတယ်။

သူ့ဘာသာ ခံစားချက်တွေကို ကဗျာဖွဲ့ပြီး အပီအပြင်ကြည်နူးနေတဲ့ ကွီးဖြိုးကိုလည်း မျက်စလာပစ်ပြီးမှ မတူမတန်သလို ဆက်ဆံသွားတယ်။

ကိုယ်ကြိုက်တဲ့ကောင်မလေးထင်ပြီး အသပြာတွေ ပေးဆက်ပြီးမှ လူမှားနေတာ သိသွားတဲ့ ကွီးမြင့်ကိုလည်း ဘာတွေမှန်း မသိ ခိုင်းနေတာကြောင့် ကွီးမြင့်ခမျာ ဟိုပြေးဒီပြေးနဲ့ ဗျာများနေတယ်။

ကွီးဟိန်းနဲ့ ကွီးသန့်ကိုလည်း ဆိုင်ထိုင်ရင် ပိုက်ဆံမရှင်းဘဲ ကုန်းဆင်းမှုနဲ့ အဆက်ဖြတ်ထားတယ်။

ကွီးဇင်ကလည်း တိတ်တဆိတ်နဲ့ ဘယ်အပေါက်က နှိုက်ရမလဲ ချောင်းနေတယ်။

ကွီးစိုင်းကတော့ စာကြမ်းပိုးကိုက်တာ ကုတ်နေရတာကြောင့် မိနှောင်းကို စာမပေးရသေးဘူးဆိုပဲ။

ကွီးမိုးကြီးကလည်း ဘုမယ်တကဲကဲလုပ်ခါမှ မိနှောင်းက ရှောင်ပြေးနေလို့ ဘူပိတ်ပြီး တောပဲ ထွက်မလို အကောင့်ကိုပဲ ပါဝါဒေါင်းပြီး ဘ၀သစ်စတော့မလိုလို ရှိစုမဲ့စု နှုတ်ခမ်းမွှေးလေးကို ဆွဲကာဆွဲကာ ကြံစည်နေတယ်။ ထိပ်ပြောင်မှာစိုးရိမ်လို့ ခေါင်းတော့ မပွတ်ရဲဘူး။ သူက မိနှောင်းမရလည်း ဘာပဲရရ ဆွဲစားမယ်ဆိုပြီး ကြံစည်ထားတာ။ မိန်းမတိုင်းက သက်မွန်မြင့်လို မဟုတ်တော့ အမေပေးတဲ့ အမွေလေးကို မပျောက်ပျက်အောင် ထိန်းသိမ်းထားရတယ်။

အားလုံးထဲမှာ အခြေအနေအကောင်းဆုံးကတော့ ကွီးအယ်ဒိုပါပဲ။ သူ့မှာ ကောင်မလေးကို ကြိုရတာ မိနှောင်းကို ပျော်တော်ဆက်ရတာနဲ့ အလုပ်တွေ ဖြစ်နေပါတယ်။ မိနှောင်းက သူစိတ်ကြည်ရင် ကြည်သလို သူ ထမင်းမှာစားတဲ့အခါ ဟင်းအပိုတွေ လိုက်ပွဲတွေ ထည့်ပေးတတ်တာကိုး။

ဒါကတော့ ဘုံအကောင့်ဆိုတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ၀ိုင်းတော်သားများရဲ့ စိတ်အခြေအနေပါ။ ယခင်လက MSC က လှူဒါန်းသလို လှူဒါန်းလိုသူများရှိရင် ဆက်သွယ်နိုင်ပါတယ်။ မိနှောင်းပစ်ခွာသွားလို့ ဘုတွေကို အက်စ်ဘီဒီတွေ ပြန်လှူမယ့်အစား ဒီမှာ လာလျူတာက ကုသိုလ်ရပါတယ်။ ဒီကလည်း ဘဲဥဟင်းနဲ့ ပြန်ဧည့်ခံသွားပါမယ်လို့ ပြောကြားရင်း တစ်နေ့တာကို အဆုံးသတ်လိုက်ပါမယ်။

# [SteemPowerGroup1](steemit.com/@steempowergroup1)

### [No-7](steemit.com/@sawlwin)
https://i.imgur.com/SA25AfV.jpg
👍 , , , , , , , , , , , , , , , , , , , ,