အလုပ်သည်သာ လူ့တန်ဖိုး ( ဒုတိယပိုင်း)
myanmar·@suhlaing·
0.000 HBDအလုပ်သည်သာ လူ့တန်ဖိုး ( ဒုတိယပိုင်း)
စု။ ။'' အဒီးရေ မင်္ဂလာပါ'' ဒီး။ ။ '' မင်္ဂလာပါ လေးလုံးရေ'' စု။ ။'' ငါ အခု မျက်မှန်မတပ်ရတော့ဘူး ကြောင်စုတ်ရဲ့'' ဒီး။ ။ '' ငါလည်း ချောင် မကုတ်တော့ဘူးဟ'' စု။ ။'' ငယ်ချိုးငယ်နာတွေဘေးချိတ် မိသားစု အကြောင်းကနေ စကျရအောင်ဟာ'' ဒီး။ ။ '' နင့် ပလုံဖိုင်ကြည့်ထဲက ကလေး အမေမှန်း သိပါတယ်'' စု။ ။ '' အရင်လို လှတာလေးလည်း ထည့်ပြောလေဟာ'' ဒီး။ ။ '' နင့် ကို ကျောင်းတုန်းကလိုက်တဲ့ ပိုးဟပ်ဖြူတစ်ယောက်ကော '' စု။ ။ '' နင် ကြိတ်ကြွေခဲ့တဲ့ သွယ်သွယ်လေ ကလေး ၃ယောက်ရသွားပြီ ဟီးဟီး'' ဒီး။ ။ '' ငါလည်း ကလေးတစ်ယောက်ပါဟ နောက်တော့မကျသေးပါဘူး'' စု။ ။ '' မီနိုင်ပါသေးတယ်လို့ ဒါနဲ့ နင့် အမျိုးသမီးက ဘယ်ဇာတိလည်း'' ဒီး။ ။ '' မြစ်ကြီးနားသူဘဲ လေးလုံးရေ'' စု။ ။ '' ဟုတ်လား တွေ့ဆုံပုံလေး ဆက်ပါအုံးအေ နင့် အကြောင်းကို ဘာမှ မသိရဘူး နင်ပြောပြမှဘဲ သိရတော့မယ်'' ဒီး။ ။ '' ဒီလိုဟ သူငယ်ချင်းရ ငါနဲ့ နင် နောက်ဆုံး အကြိမ် တွေ့ကျတာ မှတ်မိလား။ မြစ်ကြီးနားမှာလေ အဲ့နောက်တော့ ငါ ရန်ကုန် ဆင်းသွားတာ အဒေါ်အိမ်မှာ ၆လလောက်ကြာတယ် စပီကင်တက်တယ် တခြားဟော်တယ် သင်တန်းစာဖိုမှူးသင်တန်း တော်တော်လေးစုံအောင် တက်ဖြစ်တယ်။ နောက်တော့ ငါ မလေးကို အောက်လမ်းကနေ ထွက်လာတယ် ငါ့ ဦးလေးက မလေးက ကိုးရီးယား စားသောက်ဆိုင်မှာ ဝိတ်တာ လုပ်တာ။ ငါလည်း ဦးလေး အဆက်နဲ့ စားဖိုမှူးအလုပ်ရလိုက်တယ်''  [source](https://www.colourbox.com/image/asian-chefs-in-restaurant-kitchen-cooking-image-9116221) စု။ ။ '' တကယ်ကော ချက်တက်ရဲ့လားအေ လက်ရာက ဝက်စာဖြစ်နေပါအုံးမယ် ဟိဟိ'' ဒီး။ ။ '' အမယ် ကမ္ဘာကျော်စားဖိုမှူးတွေတောင် ထိုင်ငိုသွားမယ်နော်'' စု။ ။ '' ဘာလည်း စားဖိုမှူး သိက္ခာကျရချီရဲ့ဆိုပြီလား'' ဒီး။ ။ '' အေး ပြောထားပါနော့ ငါ ၂၀၂၀ အလည်ပြန်လာရင် နင့်ကို ငါ့လက်ရာလေးနဲ့ ဧည့်ခံမို့တော်ပြီ မကျွေးတော့ဘူး '' စု။ ။ '' နောက်တာပါအေ နင်ကလည်း ကဲပါ နင့် မဒီလေးနဲ့ တွေ့ပုံလေး ဆက်ပါအုံး'' ဒီး။ ။ '' မဒီလေး မဟုတ်ဘူးဟ မဒီကြီး ငါထက် ၅နှစ်လောက်တော့ ကြီးတယ်။ ငါနဲ့ ဘာသာတူ လူမျိုးတူ RC တွေဘဲ။ ဘုရားကျောင်းရင်းနဲ့ မလေးမှာဘဲ ဆုံခဲ့ကျတာ။ သူက ဗြူ တီပါလာဆိုင်မှာ လုပ်တာ။ မလေးရောက်တာ ၃နှစ်ကျော်ပြီ။ အစစအရာရာ မသွားတက်မလာတက်တဲ့ ငါ့ကို အတော်ကူညီပေးခဲ့တယ်။ ရောက်စက ငါက ဘယ်မှ မသွားတက်မလာတက်ဘူးလေ။ ရောက်ပြီး မကြာဘူး။ ဦးလေးက UN လျှောက်ခိုင်းတယ်။ နင် နားလည်လွယ်အောင် ပြောရရင် အနောက်နိုင်ငံကြီးတွေမှာ နိုင်ငံသားခိုလုံခွင့်တောင်းခံတာပေါ့ဟာ။ ဒါကလည်း လွယ်တော့မလွယ်ဘူးဟ။ ဒုက္ခသည်မှ ရတာ။ အိမ်ထာင်သည်လည်း ဖြစ်ရမယ်ပေါ့။ အဲ့မှာ ခက်တော့တာဘဲ ငါက လူပျိုရှိသေးတာ အဲ့အချိန်။ နောက်တော့ ဦးလေးနဲ့ ငါ့ မိန်းမဖြစ်လာမဲ့ အမနဲ့ ညှိနှိုင်းပြီးတော့ လင်မယားလုပ်တန်းကစားကျရတော့တာဘဲ သူငယ်ချင်းရေ'' စု။ ။ '' အမ် ဘာလည်းဟ လင်မယား လုပ်တမ်း'' ဒီး။ ။ '' ဒီလိုလေဟာ သူကလည်း အိမ်ထောင်မရှိ ငါကလည်း လူပျိုဆိုတော့ နိုင်ငံကြီးတွေမှာ အခြေချရပြီးရောဆိုပြီး လင်မယား လုပ်ပြီး လျှောက်ကျရတော့တာ။ အဲ့တုန်းကတော့ ငါလည်း မချစ်သေးဘူးဟ။ နောက်တော့မှ သူ့ရဲ့ အကြင်နာလေးတွေမှာ ငါလည်း ကြွေသွားတာ သြစီ ထွက်လာကျတော့ ငါတို့တကယ့် လင်မယား အစစ်တွေ ဖြစ်သွားကျပြီဟ'' စု။ ။ '' အမ် ထူးဆန်းတာအေ နင့် ဇာတ်လမ်းကလည်း UN ခံချင်တဲ့လူတိုင်းအဲ့လိုလား'' ဒီး။ ။ '' မိသားစုတွေဆို ပိုဦးစားပေးတယ်လေ'' စု။ ။ '' အေးပါ ငါ သဘောပေါက်ပါပြီ ဆက်ပါအုံးဟ စိတ်ဝင်စားစရာ နင့်ဇာတ်လမ်းလေးကို''  [source](http://m.insight.co.kr/newsRead.php?ArtNo=50777) @suhlaing msc 175 Posted using [Partiko Android](https://steemit.com/@partiko-android)
👍 suhlaing, partiko-promoter, myanmarkoko1, nyinyiwin, caesarsupaimin, tinhlaingoo, honeysara, zinminhtet, myanmarkoko, sawlwin, aungzin, jamunawng, glorialion, golden-myanmar, sasansam, desg, hanobooy, smiing11, thinzarnyinyi, plo, nrlio, pcwor, snowred, phantomassassine, jacklin19, liongyi, soulkeeper, joot, monst, hoverbooker, naruhokage, minhtet, nweoomon, asterkame, minnowsupport, htwegyi, yuzana, billionairehein, lwanwai, mahaw, aunggyi100, donjaun, minsoenaing, domelay, ansoe, patricksanlin, kyawthuyein, camelot, curie, liberosist, locikll, wstanley226, steemitbuzz, vact, hendrikdegrote, aboutyourbiz, skycae, anwenbaumeister, kevinwong, peaceandwar, raymondspeaks, stahlberg, didic, call-me-howie, drmake, tombstone, javier.dejuan, tuck-fheman, edjesus, solominer, lianaakobian, ppss, sku77-poprocks, sagesigma, frost1903, wackou, rival, massivevibration, benleemusic, eric-boucher, yomismosoy, faithfullwills, nwjordan, oghie, daydreaming, gpcx86,