Hive Game Player
hive-122133·@suhlaing·
0.000 HBDHive Game Player
ကျမ Hive Gameတွေ ရဲ့ Game player အဖြစ် ကစားလာတာ ၂လပြည့်ပါတော့မယ်။ ဒီ အချိန်အတိုင်းအတာအတွင်း Hive Game ၂ခုကို ကစားခဲ့ပါတယ်။ အဲ့ဒီ Gameတွေကတော့ Splinterlands Game နဲ့ Rising Star Gameတို့ ဖြစ်ပါတယ်။ Game ၂ခုလုံး ကတ် ဂိမ်း အမျိုးအစားတွေ ဖြစ်ပါတယ်။  Rising Star Game က ထွေထွေ ထူးထူး ကစားရတာ မဟုတ်ပါဘူး။ ဒီ ဂိမ်းက အကောင့်ဖွင့်ရတာ နည်းနည်းရှုပ်ပါတယ်။ Hive Keychainနဲ့ ဝင်မှ ဂိမ်း အကောင့်ထဲရောက်ပါတယ်။ ပြီးတော့ Browserလည်း ရွေးပါသေးတယ်။ ဒီ ဂိမ်းကို ကစားဖို့ အတွက် ကျမကတော့ Chromeနဲ့ အဆင်မပြေပါဘူး။ KiWi Browserကို သုံးရပါတယ်။ Rising Star Gameက Starbitsတွေကို Mission အလိုက် ပေးပါတယ်။ Mission တစ်ခုနဲ့တစ်ခု ပေးတဲ့ Starbitsတွေက မတူပါဘူး။ Ego% များလာရင် Starbits အရ နည်းပါတယ်။ Risingstar gameရဲ့ ထူးခြားချက်က သီချင်းလေးတွေ နားဆင်ရင်း ဂိမ်း ကစားနိုင်ပါတယ်။ ဂိမ်း level မြင့်လာရင် Fan လိုအပ်ချက် energyလိုအပ်ချက်လေးတွေ ရှိလာပါတယ်။ ဒီအချိန်မှာ သင့်တော်တဲ့ ကတ်တွေကို ဝယ်ယူစုဆောင်းမှုပြုရပါတယ်။ အထူးသဖြင့် energyကတ်တွေကို စုဆောင်းထားရပါတယ်။ Rising Star Gameကို ကျမက နှစ်သက်ပါတယ်။ ဘာလို့လည်းဆိုတော့ ထွေထွေထူးထူး ရင်းနှီးမြှပ်နှံစရာ မလိုတာကြောင့်ပါ။ ပြီးတော့ ရလာတဲ့ Starbitsတွေကို Hiveနဲ့လဲပြီး Power upနိုင်ဖို့ တဖက်တစ်လမ်းက ကူညီပေးပါတယ်။ ဒါကြောင့် ဒီ ဂိမ်းကို ကစားခြင်းဖြင့် အရှုံးမရှိဘူးလို့ ကျမက ယူဆပါတယ်။ ဒါပေမဲ့ အချိန်တော့ အတော်ပေးရပါတယ်။ Mission အကြီးတွေ လုပ်မယ်ဆိုရင် အနည်းဆုံး ၁နာရီကနေ ၃နာရီကြား အချိန် ကုန်ပါတယ်။ ဒါပေမဲ့ ထိုင်ကြည့်နေစရာ မလိုတဲ့အတွက် သိပ်တော့ ဝန် မပိစေပါဘူး။ ဒါကြောင့် Rising Star Gameဟာ ကစားသင့်တဲ့ Hive Game တစ်ခုဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်။ @suhlaing 17-3-2022