ဆောင်းဒဏ်ရာ
myanmar·@suhlaing·
0.000 HBDဆောင်းဒဏ်ရာ
မြူ နှင်းလွှာခြုံအုပ်ထားတဲ့ ဆောင်းငွေ့သက်တွေက တစ်ကျော့ပြန်လာတဲ့ ဒီနေ့ ရှိခဲ့ဘူးတဲ့အတိတ် နှုတ်ဆိတ်နေခဲ့တယ် နွေလယ်ညတွေထက်က နေ့ရက်တစ်ချို့ထဲမှာ အချိန်တန်တော့ ရင်ဘတ်ထဲက နှင်း ရာသီစက်ဝန်းလည်နေတဲ့အထဲ ဘယ်လွန်ဆန်နိုင်ပါ့မလဲ တမ်းတခြင်းနှလုံးသားနဲ့ ရေးခြစ်ခဲ့တဲ့ ဆောင်းပန်းချီ ဇွတ်မေ့ရင်းနဲ့ဘဲ အပြင်ကိုငေးနေတုန်း နှင်းသက်ငွေ့ဝတ်ရုံနဲ့ အိမ်ရှေ့က မနှင်းဆီတောင် အပျိုဖော်ဝင်ခဲ့ပြီဘဲ  photo by me @suhlaing msc 175 Posted using [Partiko Android](https://steemit.com/@partiko-android)