ကြုံရတဲ့ တစ်ညတာ ( ၃ )
myanmar·@suhlaing·
0.000 HBDကြုံရတဲ့ တစ်ညတာ ( ၃ )
'' ဗျို့ ဆိုင်ရှင် လယ်ကြွက်ကြော်လေးရှိရင် ချပါအုံးဗျာ '' '' ဗျို့ အမကြီး '' ကိုနောင်နောင်သည် ထပ်ခါ ထပ်ခါ ခေါ်သော်လည်း တဲအတွင်းမှ မည်သည့် အသံမျှ မကြားရဘဲ တိတ်ဆိတ်ကာနေလေသည်။ '' ဗျို့ ဆိုင်ရှင် ဒီလောက်ခေါ်နေတာဗျာ အသံလေး ဘာလေး ပေးပါအုံး ကုန်ရင်လည်း ကုန်ပြီပေါ့ဗျာ ကျုပ်မှာ ခေါ်နေရတာ အာညောင်းလှပြီ'' ကိုနောင်နောင်သည် ပြောလည်းပြော အခန်းတွင်း ဝင်ကြည့်ရန် စိတ်ကူးပေါ်လာပေသည်။ တဖက်မှ တွေးမိသည်ကလည်း အမျိုးသမီးတစ်ဦးတည်း နေထိုင်လျှင် မိမိဝင်သွားပါက မသင့်တော်လှပေ။ သို့သော် ဤသို့ ငြိမ်သက်နေသဖြင့် သို့လော သို့လော အတွေးများလည်း ဝင်လာကာ ဝင်ကြည့်ရင် ဆုံးဖြတ်လိုက်လေသည်။ ထို့နောက် လက်ကျန် အရက်ခွက်ကို အကုန်မော့ကာ ထိုင်ရာမှထပြီး ခန်းစီးစကို ဖယ်ကာ အခန်းတွင်း ကြည့်မိလေသည်။ သို့သော် အခန်းတွင်း ကညှင်ဆီ မီးခွက် ကလေးကိုသာ ထွန်းညှိထားပြီး လူဟူ၍ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။ အနောက်ဖက် အပေါက်မှ အပြင်သို့ ထွက်သွားသည်ဟု ယူဆကာ ကိုနောင်နောင်သည် တဲအရှေ့မှ ပတ်ကာ တဲအနောက်သို့သွားခဲ့လေသည်။  [source](http://scaryghostarea.blogspot.com/2016/07/blog-post.html?m=1) လရောင်သည် ကောင်းစွာသာသည် မဟုတ်ဘဲ တိမ်လိပ်မဲများကြောင့် ပျောက်ချီတစ်ခါ ပေါ်ချီတလည့်နှင့် အလင်းရောင်အား နည်းလှပေသည်။ ရလာသော အလင်းရောင်ဖြင့် ပတ်ဝန်းကျင်ကို အားစိုက်ကြည့်မိလေသည်။ ထိုးထိုးထောင်ထောင်နှင့် တိုင်များ စိုက်ထားသည်ကို ခပ်ဝေးဝေးအထိ တွေ့မြင်ရလေသည်။ ကိုနောင်နောင်သည် သေချာသည်ထက် သေချာအောင် အနီးရှိ တိုင်များကို ကိုင်ကာ စာများရေးသားထားသည်ကို ဖတ်ရှု့ကြည့်လေသည်။  [source](https://www.google.com/amp/s/crackerboy.us/2013/11/27/phantom-forest/amp/) @suhlaing msc 175
👍 honeysara, myanmarkoko1, steeming-hot, htwegyi, nitamita, ezravandi, mmunited, mmcg, prometheus2, yee900, moemoe1998, mmsupporter1, lucifier, ptcmyanmar, lucifer2, demo, esteem.app, good-karma, feruz, mysteem, esteemapp, kevinwong, epic4chris, tombstone, theinspiration, myintlwinsoe, nyinyiwin, thoor, caesarsupaimin, tinhlaingoo, lwanwai, zinminhtet, myanmarkoko, sawlwin, aungzin, liongyi, jamunawng, smiing11, glorialion, golden-myanmar, thinzarnyinyi, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, minhtet, suhlaing, aunggyi100, billionairehein, aggamun, uthantzin, minnowsupport, sheinthu, buildawhale,