ခိုလှုံရာ ရိပ်မြုံ ( ၂ )
myanmar·@suhlaing·
0.000 HBDခိုလှုံရာ ရိပ်မြုံ ( ၂ )
မျက်နှာမသာယာလှသော သားဖြစ်သူအားမေးရန် မဝံ့ရဲဘဲ ဒေါ်ကြည်အေးသည် ငူငူကြီးထိုင်လျှက် ရှိလေသည်။ မနက်ထဲက ဘာမှ မစားရသေးသောကြောင့် အလွန်ဆာလောင်လျှက်လည်း ရှိလေသည်။ ကလေးတွေလို ဗိုက်ဆာပြီဟုလည်း မပြောရဲပေ။ သား သမီးအိမ်ကပ်နေရသော မိမိအဖြစ်ကိုလည်း ရင်နာလှပေသည်။ ချွေးမဖြစ်သူကလည်း သိပ်မကြည်ချင်။ ကလေးထိန်းဖော် အိမ်ရှင်းဖော်ရနေ၍သာ ဘာမှ မပြောခြင်းဖြစ်သည်။ ထမင်းဟင်းတော့ ချွေးမက သူ့ဟာသူချက်သည်။ မိမ်ချက်လျှင် ဆီကုန်သည်ဟု ပြောလေသည်။ သားနှင့် ချွေးမ အလုပ်သွားလျှင် ဒေါ်ကြည်အေးက ကလေးထိန်းပေးရသည်။ မြေးတသိုက်နှင့် ထို သံယောဇဉ်ကြိုးကို မဖျက်နိုင်ပေ။ '' အမေ ပစ္စည်းတွေ အကုန်သိမ်းထားပြီလား ခဏနေ ကျွန်တော်တို့ကို လာခေါ်လိမ့်မယ် နေရာက မြို့နဲ့ဝေးပေမဲ့ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်'' '' အေးပါ သားရယ် ဘယ်နေရာဘဲ ဖြစ်ဖြစ် အမေ နေနိုင်ပါတယ် ငါ့သားတွေ ငါ့ မြေးတွေနဲ့ အတူတူနေရတာဘဲဟာ''  [source](https://martijnrutgers.wordpress.com/2010/09/17/city-of-joy/) တစ်နာရီခန့်ကြာသောအခါ ပစ္စည်းတင်ရန် ကားတစ်စီးဝင်ရောက်လာလေသည်။ ပစ္စည်းဟာဆိုသော်လည်း ဘာမှ မယ်မယ်ယယမရှိလှပါ။ အိမ်ဖျက်ထားသော ထရံလေးများ ဗီနိုင်း အဟောင်းများ ဓနိဖက်များနှင့် ထင်းရှုးသေတ္တာ ၃လုံးခန့်သာဖြစ်သည်။ ကျန်တာက စားအိုးစားခွက်များနှင့် မြေးအငယ်ဆုံးလး၏ စက်ဘီးအစုတ်လေးတစ်စီး သား ဖြစ်သူ၏ တရုတ်စက်ဘီး ခပ်နွမ်းနွမ်းတစ်စီး။ ပစ္စည်းများတင်ကျပြီး လူများလည်း ဖြစ်သလိုကုတ်ကပ်တက်ကာနှင့် ထွက်ခွာလာခဲ့ကျတော့သည်။ ဒေါ်ကြည်အေးသည် မိမိနေခဲ့သောဟထိုနေရာလေးကို မျက်စိတဆုံး ငေးကြည့်ရင်း လိုက်ပါလာခဲ့လေသည်။ ကားသည် တရွေ့ရွေ့နှင့် မောင်းနှင်လာရာ မြို့နေတိုက်တာ အဆောက်အုံများကို ကျော်လွန်လာခဲ့လေသည်။ တဖြည်းဖြည်းဝေးသွားသော မြို့ပြအငွေ့အသက်များ ကုန်လွန်ပြီးသောအခါ မြို့စွန်နေရာသို့ ရောက်ရှိခဲ့လေသည်။ ကားလမ်းမကြီးကို ဖဲ့ဆင်းပြီး တစ်နာရီခန့် မောင်းနှင်းလိုက်သောအခါ လယ်ပြင်ကွက်ကြီးပေါ်တွင် ငုတ်တိုင်လေးများစိုက်ထားကာ ၁၅ပေ ပေ ၂၀ပတ်လည် မြေကွက်လေးများ ပြုလုပ်ထားလေသည်ကို တွေ့မြင်ရလေသည်။ ထိုမြေကွက်လေးများပေါ်တွင် တစ်ချို့လည်း တဲများဆောက်လုပ်နေထိုင်ထားကျပြီဖြစ်သည်။ သားဖြစ်သူက အိမ်ထဲမှ တုံကင်ပြားကို ထုတ်ကာ မြေကွက်အမှတ်ကို ရှာဖွေနေလေသည်။ ထိုအချိန်တွင် ပစ္စည်းများကို မိမိနှင့် ချွေးမဖြစ်သူက ချနေရလေသည်။ မြေးအကြီးလေးမှလည်း ကူကာ ချပေးနေလေသည်။  [source](https://www.worldatlas.com/articles/what-are-shanty-towns-and-where-are-they-found.html) @suhlaing msc 175 Posted using [Partiko Android](https://steemit.com/@partiko-android)
👍 suhlaing, myanmarkoko1, partiko-promoter, nyinyiwin, caesarsupaimin, tinhlaingoo, honeysara, zinminhtet, myanmarkoko, sawlwin, aungzin, thinzarnyinyi, liongyi, jamunawng, smiing11, glorialion, golden-myanmar, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, minhtet, billionairehein, babakyi, sheinthu, ayeayethaw, minnowsupport, uthantzin, htwegyi, aunggyi100, yuzana, kyi, sthura, tunnaingwin, steempowerg3, shwethamee, waizinthwe, kokonaing, naingwintun, nyinyizin, kyawaung4, kyawkyaw5, khinzarwin, khinzawlatt, asterkame, mahaw, ansoe, konyinyitun, gunapeya, camelot, curie, liberosist, meerkat, aboutyourbiz, zipporah, fbslo, anggaariska, anikekirsten, wstanley226, stahlberg, drmake, didic, janine-ariane, call-me-howie, javier.dejuan, tuck-fheman, misslasvegas, cryptocurator, hawaj, locikll, vact, anwenbaumeister, hendrikdegrote, wackou, rival, massivevibration, benleemusic, uss, eric-boucher, captainquenta, maunghtwe, nwjordan, oghie, abraham10, daydreaming,