အမှားနဲ့ အမှန် ( ၃ )
myanmar·@suhlaing·
0.000 HBDအမှားနဲ့ အမှန် ( ၃ )
ဒီလူငယ်လေးဟာ ၁၀တန်းကို ၆ဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့သူပါ။ မိဘတွေကတော့ နေ့သား သမားတွေသာဖြစ်ပါတယ်။ ဒါပေမဲ့ ရည်မှန်းချက်ကြီးလှတဲ့ အဖေဖြစ်သူဟာ သူ့သားကို ဆေးကျောင်းဆက်တက်ဖို့ တိုက်တွန်းပါတယ်။ ကောင်လေးဟာ သူ့ အိမ်စီးပွားရေး အခြေအနေကို သိတာကြောင့် အမျိုးမျိုး တွေးတောပြီး ဆေးကျောင်းမတက်ဖို့ ဆုံးဖြတ်ချင်ပေမဲ့ မိဘတွေကို မလွန်ဆန်ခဲ့ပါဘူး။ ဒါနဲ့ ဆေးကျောင်းဆက်တက်ခဲ့ပါတယ်။ ကောင်လေးဟာ ကျောင်းမှာ မပျော်ရွှင်ခဲ့ပါဘူး။ကျောင်းလခနဲ့ စာအုပ်ကြေးတွေ ပေးသွင်းရမဲ့ရက်ကို သူအမြဲ ကြောက်လန့်နေခဲ့ပါတယ်။ ဥာဏ်ရည်ထက်မြက်တဲ့ ကလေးဖြစ်တာကြောင့် ကျောင်းစာလိုက်နိုင်ပေမဲ့ ပိုက်ဆံပေးသွားရမဲ့ အချိန်ရောက်တိုင်း နောက်ကျတက်တာမို့ အလိုလိုအားငယ်လာပါတယ်။ အပေါင်းအသင်းတွေထားရင် ဆိုင်ထိုင်ရမှာတွေကြောင့် သူငယ်ချင်းမထားခဲ့ပါဘူး။ အတန်းချိန်ပြီးတာနဲ့ အဆောင်တန်းပြန်လာပြီး စာကျက်ပါတော့တယ်။  [source](https://kr.123rf.com/photo_15098169_%EC%98%B3%EA%B3%A0-%EA%B7%B8%EB%A6%84-%EC%A7%95%ED%9B%84%EC%99%80-%EC%95%84%EC%9D%B4%EB%93%A4.html) ဒုတိယနှစ်ဖြေပြီး ချိန်မှာတော့ ကောင်လေးဟာ မိဘတွေ ဖျောင်းဖျနေတဲ့ ကြားကနေ ကျောင်းဆက်မတက်တော့ပါဘူး။ ငွေကြေးခက်ခဲခြင်းရဲ့အခြေအနေကို သု ထပ်ပြီး ရင်မဆိုင်ချင်တော့လို့ဖြစ်ပါတယ်။ '' ကျွန်တော်ဆေးကျောင်းတက်ခဲ့တာ ဆုံးဖြတ်ချက်မှားတယ်လို့ ကျွန်တော်ထင်တယ် ကျွန်တော့ ဘဝအခြေအနေနဲ့ မစပ်အပ်ခဘူးလေ။ ကျွန်တော့ မိဘတွေက သားသမီးကို ဖြစ်စေချင်လွန်းလို့သာထားခဲ့ကျတာ။ သူတို့လည်း အရမ်း ပင်ပန်းခဲ့တယ်။ ပြီးတော့ အိမ်မှာက ကျွန်တော်က အကြီးဆုံး ကျွန်တော့အောက်မှာ ကျောင်းနေအရွယ် မောင်နှမ ၄ယောက်ရှိသေးတယ်''လို့ ကောင်လေးက သူ့ဘဝဇာတ်ကြောင်းလေးကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး '' အတန်းတက်တိုင်း ကျောင်းမှာ ဘာကြေးကောက်မလဲဆိုတာဘဲ စိတ်ထဲထင့်နေခဲ့တာဗျ အဆောင်ကြေးရယ် ထမင်းစရိတ်ရယ် အုပ်ဖိုးရယ်က လွဲရင် ကျွန်တော့မှာ ငွေပိုဆိုတာ မရှိဘူးလေ အရမ်းမျက်နှာငယ်ရတာ ဒါတောင် အိမ်က တောင်းလိုက်ရင် ချက်ချင်းမပေးဘူး ၃ရက်လောက်တော့ စောင့်ရသေးတယ်။ အိမ်ကိုလည်း ကျွန်တော်နားလည်တယ်။ မိဘတွေက မပေးချင်တာ မဟုတ်ဘူး။ သူတို့လည်း လက်ထဲမရှိတော့ ရှာရဖွေရသေးတယ်လေ။ ကျွန်တော့ အောက်က ညီမလေးဆို ဒီနှစ် ၁၀တန်းဗျ သူလည်း စာအရမ်းတော်တယ် ဒါကြောင့် ကျွန်တော် ကျောင်းဆက်တက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး'' လို့ ကောင်လေးက သူ့ခံစားချက်နဲ့ သူ့ဘဝအခြေအနေကို ရင်ဖွင့်လာခဲ့ပါသေးတယ်။  [source](https://www.sigarch.org/thump-up-and-thump-down-hands-vector-illustration/) ကောင်လေးဟာ ဆေးကျောင်းကနေထွက်ပြီး သူ့ဘဝနဲ့ သင့်တော်တဲ့ အဝေးသင်တက္ကသိုလ် ဥပဒေပညာနဲ့ ကျောင်းဆက်တက်ခဲ့ပါတယ်။ တဖကိကလည်း အလုပ်လုပ်ရင်း မိသားစုအတွက် ဝင်ငွေရှာခဲ့ပါတယ်။ '' ဒါကမှ ကျွန်တော် လျှောက်ရမဲ့ မှန်ကန်တဲ့ လမ်းလို့လည်း''လည်း ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ဘဝအတွက် လမ်းကြောင်းရွေးချယ်တဲ့နေရာမှာ မိသားစု အခြေအနေဟာလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ တချက်ဖြစ်ပါတယ်လို့ ထင်မြင်မိပါတယ်။ ဒါမှသာ အဖက်ဖက်ပါ သာလွန်ကောင်းမွန်ပြီး မှန်ကန်တဲ့ ဘဝလမ်းကြောင်းကို ရွေးချယ်နိုင်မည် ဖြစ်ပါကြောင်း တင်ပြရေးသားအပ်ပါသည်။ @suhlaing msc 175 Posted using [Partiko Android](https://steemit.com/@partiko-android)
👍 suhlaing, myanmarkoko1, htwegyi, thetroublenotes, nyinyiwin, myanmarkoko, caesarsupaimin, tinhlaingoo, zinminhtet, sawlwin, aungzin, honeysara, minhtet, liongyi, smiing11, golden-myanmar, thinzarnyinyi, sasansam, plo, nrlio, pcwor, soulkeeper, snowred, phantomassassine, hoverbooker, naruhokage, hanobooy, jamunawng, glorialion, desg, joot, monst, jacklin19, yuzana, ansoe, maunghtwe, minsoenaing, domelay, donjaun, camelot, curie, liberosist, meerkat, locikll, vact, wstanley226, leysonrye0724, steemitbuzz, andiblok, anwenbaumeister, hendrikdegrote, captainquenta, anthive, cherryandberry, kafupraise, ektorcaba, abraham10, yashshah991, faithfullwills, daydreaming, adahmiracle,