စိတ္တဇ ဒဏ်ရာ ( ၄ )
myanmar·@suhlaing·
0.000 HBDစိတ္တဇ ဒဏ်ရာ ( ၄ )
ယခု ပြန်စဉ်းစားကြည့်မိသည်မှာ ထို အမျိုးသမီးတိုက်လိုက်သော အရှိန်သည် များမယ်တော့မထင်ပါ။ ကျမက မူးနေသောကြောင့် က ရင်း အနည်းငယ် တိုက်မိသည်ကို ဟန်ချက်ပျက်ကာ လဲဟန်ရှိပါသည်။ ထို အချိန်ကတော့ မိမိအမှားကို မမြင်။ ထို အမျိုးသမီးရန်စ သည်ဟုသာ မြင်မိပါသည်။ ကျမသည် ကောင်းဇေ တွဲပေးသည့် လက်ကိုပင် ရိုက်ချလိုက်ကာ ကုန်း၍ ထလိုက်ပါသည်။ ထို့နောက် ထိုမိန်းမကို ဆွဲလှည့်ကာ မျက်နှာကို လက်သီးနှင့် ထိုးချလိုက်ပါသည်။ ထို အမျိုးသမီးသည် နောက်ကို လန်သွားကာ ဘေးက လူများက ထိန်းပေးလိုက်သောကြောင့် လဲတော့ မသွားပေ။ နှာခေါင်း ၂ဖက်မှ သွေးစီးကြောင်းများကိုတော့ မြင်တွေ့နေရသည်။ ထို အမျိုးသမီးသည် ကျမ ရှေ့သို့ အတင်းတိုးလာကာ ရိုက်ဟန် ရွယ်လိုက်သောကြောင့် ကောင်းဇေက သူမ လက်ကို လိမ်ကာ ဖမ်းချုပ်လိုက်သည်။ ထို အချိန်တွင် သူမ၏ အဖော်ဖြစ်ဟန်တူသော အရပ်မြင့်မြင့် ဗလကောင်းကောင်းနှင့် ယောက်ျား ၂ယောက်ပြေးဝင်လာကာ ကောင်းဇေကို စထိုးပါသည်။ ထိုနောက် ရန်ပွဲထဲသို့ စစ်မင်းပါ ဝင်လာပြီး လုံးထွေး ထိုးနှက်ကျပါတော့သည်။ ရန်ပွဲကြောင့် Clubထဲ က နေသူများသည် ရုန်းရင်းဆန်ခတ်ဖြစ်ကာ Clubအပြင်သို့ ပြေးထွက်သွားကျလေသည်။ DJ တီးလုံးများလည်း ရပ်သွားကာ Clubမှ လုံခြုံရေးဝန်ထမ်းများပြေးဝင်လာကျလေသည်။ ထို့နောက် ၂ဖက်ကို ဖြန်ဖြေပေးရင်း ထို အမျိုးသမီးနှင့် ယောက်ျား ၂ယောက်အား Clubအပြင်သို့ ဆွဲထုတ်သွားလေသည်။ ကျမတို့ သူငယ်ချင်းတစ်စုကိုမူ clubထဲရှိ အခန်းတစ်ခန်းတွင် အနားယူစေပြီး အခြေအနေစောင့်ကြည့်စေလေသည်။ ၂ဖွဲ့လုံး ပြန်လွှတ်လိုက်ပါက အပြင်တွင် ပြဿ နာထက်တက်မည်စိုးသောကြောင့် အခြေအနေကို ထိန်းသိမ်းပေးခြင်းဖြစ်လေသည်။ ခဏနေတော့ Clubမှ မန်နေဂျာရောက်ရှိလာပြီး ပျက်စီးမှုအနည်းငယ်ကို ပေးလျှော်စေလေသည်။  [source](https://kr.123rf.com/photo_24775806_%EC%8B%B8%EC%9B%80-%EA%B5%AC%EB%A6%84.html) ကောင်းဇေသည် ဖူးရောင်သွားသော မျက်ခုံးတလျှောက်ကို ရေခဲတုံးများဖြင့် ပွတ်တိုက်နေသည်။ ယွန်းနဒီက စစ်မင်းပါးရိုးတစ်လျှောက် ကွဲထွက်သွားပြီး သွေးစအနည်းငယ်ထွက်နေသည့် နေရာကို လက်ကိုင်ပုဝါစဖြင့် သုတ်ပေးနေလေသည်။ ကျမကတော့ လဲကျသွားစဉ်က မည်သူ့ ဖိနပ်နှင့် နင်းမိသည်မသိ။ လက်သန်းက အဆစ်နေရာမှ ယောင်လာကာ အလွန် နာကျင်နေလေသည်။ အရိုးကျိုးသွားသလား အဆစ်လွဲသွားသလား မသိပေ။ ဝင့်ဝါကတော့ စိတ်ရှုပ်ထွေးဟန်ဖြင့် အပြစ်တင်နေလေသည်။  [source](https://unrealitymag.com/movies/awesome-bar-fights-in-movies-part-ii/) '' ဒါကြောင့် ငါ ပြောပါတယ် Clubလာရင် မူးအောင် မသောက်ပါနဲ့လို့ အခုတော့ အိမ်နဲ့ ကွိုင်ရတော့မယ်'' ဝင့်ဝါ၏ ပြောစကားသည် ကျမ၏ ဒေါသကို ပြန်ဆွသကဲ့သို့ရှိရာ '' မူးတယ် မမူးဘူးဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဘဲ ဝင့်ဝါ နင် မကျေနပ်ရင် ဒိုးလိုက်တော့'' '' နင် ပြဿ နာရှာလို့ အခု မဖြစ်သင့်တာတွေ ဖြစ်တာလေ သီရိ နင် ငါ့ကို အဲ့လို ပြောစရာမလိုဘူး အေး ဒါဆိုလည်း ငါ ပြန်မယ် '' ယွန်းနဒီမှ ဝင်၍ '' တော်ကျစမ်းပါဟယ် ဒီမှာ နာတဲ့သူက နာနေရတဲ့အထဲ ခဏနေ လမ်းကြောင်းရှင်းရင် ငါတို့ အားလုံးအတူတူပြန်မယ် ဝင့်ဝါ နင်လည်း တိတ်တော့ သီရိလည်းတော်တော့ အချင်းချင်း စကားလာများနေကျတယ်'' ဝင့်ဝါသည် ပုခုံး၂ဖက်ကို ဟန်ပါပါတွန့်ပြရင်း တဖက်သို့လှည့်ကာ ထိုင်နေလေသည်။ ကျမလည်း ဒေါသ အရှိန်မပြေသေးသူပီပီ '' ဒီကိစ္စကို ငါ လုံးဝ မကျေနပ်ဘူး ဒီမိန်းမကို ငါ ရအောင် ပြန်ချေပြမယ် လူပါးဝလို့ ဒီ မိန်းမ ဘယ်သူလည်းဆိုတာ ကောင်းဇေ ငါ့ကို စုံစမ်းပေး'' '' အေးပါ သီရိရယ် ငါ စုံစမ်းပေးပါ့မယ် အခုတော့ ဒေါသကိုလျော့ သယ်ရင်း နောက်နေ့ ငါ စုံစမ်းပေးမယ် သိလား'' စစ်မင်းလည်း ဒေါသ အနည်းငယ် ထွက်နေဟန်ရှိလေသည်။ ဖူးရောင်နေသော အနာကို ကိုင်လျှက်က '' ကျွတ် နာလိုက်တာကွာ ဒီလူကြီး လက်သီး အတော်ပြင်းတာဘဲ သီရိ အပြင်မှာတော့ ငါ ပြိုင်မထိုးနိုင်လောက်ဘူးနော် နင် ကြည့်လုပ်အုံး တော်ကြာ မာလကီးရားနေမယ်'' ယွန်းနဒီမှ '' ပြန်စဉ်းစားကြည့်ရင် ဘလိုင်းကြီး ခံလိုက်ရသလိုဘဲ သီရိ မကျေနပ်တာလည်း မပြောနဲ့ ဟို မိန်းမ မာကျောကျောစောင့်ကြွားကြွားနဲ့ သီရိကို လှမ်းရိုက်တာ မထိလို့နော်'' '' ဟုတ်တယ် ယွန်း ငါ မကျေနပ်နိုင်ဘူး ပြန်ကို ချေမယ် မနက်ဖြန်ကစ ပြီး ဒီ မိန်းမကို ငါ မြေလှန်ရှာမယ်'' ဆက်ရန်... @suhlaing msc 175
👍 myanmarkoko1, tunnaingwin, kokonaing, waizinthwe, naingwintun, nyinyizin, ayeminthein, kyawaung4, kyawkyaw5, khinzarwin, snowoo, ayeayeaung, khinzawlatt, komoekyaw, mmunited, mmcg, prometheus2, ptcmyanmar, yee900, moemoe1998, mmsupporter1, lucifier, nyinyiwin, bahagia-arbi, arcange, raphaelle, caesarsupaimin, tinhlaingoo, honeysara, zinminhtet, myanmarkoko, aungzin, jamunawng, smiing11, glorialion, golden-myanmar, thinzarnyinyi, liongyi, sasansam, plo, desg, nrlio, pcwor, soulkeeper, joot, monst, snowred, phantomassassine, jacklin19, hoverbooker, naruhokage, hanobooy, minhtet, htwegyi, demo, esteem.app, good-karma, feruz, mysteem, esteemapp, ayeayethaw, lwanwai, yuzana, steem-myanmar, kyi, minsoenaing, sthura, uthantzin, steempowerg3, shwethamee, ansoe, mahaw, suhlaing, asterkame, patricksanlin, domelay, kyawthuyein, donjaun, camelot, curie, liberosist, jesusj1, wstanley226, locikll, vact, aboutyourbiz, anwenbaumeister, skycae, sissyjill, morbyjohn, kevinwong, hendrikdegrote, peaceandwar, raymondspeaks, moksamol, stahlberg, didic, janine-ariane, drmake, mangoish, call-me-howie, javier.dejuan, tombstone, tuck-fheman, solominer, thabiggdogg, lianaakobian, mammasitta, wackou, jiujitsu, rival, iansart, massivevibration, benleemusic, eric-boucher, nwjordan, aotearoa, oghie, yomismosoy,