စိတ္တဇ ဒဏ်ရာ...( ၅ )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@suhlaing·
0.000 HBD
စိတ္တဇ ဒဏ်ရာ...( ၅ )
Clubက ရန်စသည် ငြိမ်းအေးမသွားဘဲ ကျမ ရင်ထဲမှာ ဖွဲမီးလိုလောင်ကျွမ်းနေပါသည်။ ကိုယ့်ကို လာချေလျှင် လက်တစ်ဆစ်မျှ မခံတက်သော ကျမသည် ပြန်ချေလိုက်ရမှ ကျေနပ်သော မိန်းမဖြစ်လေသည်။ သို့နှင့်  ထို မိန်းမအကြောင်းကို အပူတပြင်းလိုက်ကာ စုံစမ်းကျသည်။ သို့သော် သဲလွန်စသည် ပျောက်နေဆဲ။ Clubတွင စုံစမ်းသော အခါတွင်လည်း ၂ကြိမ်ခန့်လောက်သာလာဖူးပြီး ကျမနှင့် ရန်ဖြစ်ပြီးကတည်းက မလာတော့ဟု သိရသည်။ ကျမတို့ သူငယ်ချင်းတစ်ခုလည်း လာလိုလာညား Clubသို့ နေ့တိုင်းနီးပါးသွားဖြစ်ကျသည်။ မထူးခြားသည့် သတင်းတစ်ခုတော့ ဝိတ်တာကောင်လေး တစ်ယောက်ဆီမှ ရခဲ့သည်။ ထို အမျိုးသမီးသည် သူဌေးကြီး တစ်ဦး၏ ကီပင်ဖြစ်သည်တဲ့။ သူမနှင့် ပတ်သက်လို့ ကျန်တာ စုံစမ်းလို့ မရခဲ့ပေ။ ထို့နောက် ထိုကိစ္စသည် မေ့မေ့ပျောက်ပျာက်မဟုတ်သော်လည်း လနှင့် ချီလာသောအခါ စိတ်ဝင်စားမှုလျော့နည်းလာခဲ့သည်။ အရင်လို သွေးမဆူကျတော့။ စားကျ သွားကျ နှင့် သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ပြန်ဖြစ်လာကျသည်။ 

 ![image](https://img.esteem.ws/mx8pevj326.jpg)
[source](https://stylelovely.com/ladyaddict/2012/02/b-rock-lady-addict)

ထို့နေ့က သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ရန် ချိန်းထားကျသည်။ ကျမ အိပ်ယာကနိုးတော့ နံနက် ၁၀နာရီကျော်ပြီ။ အိတ်ထဲဖွင့်ကြည့်လိုက်တော့ ပိုက်ဆံက ၁၀သိန်းပင်မပြည့်တော့။ ဖေဖေ့ဆီက ပိုက်ဆံထပ်တောင်းဖို့ လိုလာပြီပေါ့။ ညက ဖေဖေပြန်လာတာ ညနက်သဖြင့် သားအဖနှစ်ယောက်မဆုံဖြစ်လိုက်။ ကျမ ပြန်လာတာစောပေမဲ့ အရင်ညတွေက အိပ်ရေးပျက်ထားသောကြောင့် စောစောအိပ်ယာဝင်ဖြစ်သည်။ အိမ်ဖော်အဒေါ်ကြီး ပြင်ဆင်ပေးသော နံနက်စာကို စားသောက်ရင်း ကျမ အစီအစဉ်တွေ ဆွဲနေမိသည်။ ဖေဖေဆီ အရင်ဝင်မည် ပြီးလျှင် သူငယ်ချင်းတွေကို ကြိုပြီး ဈေးပတ်ကျမည်။ ပြီးတော့ ကျမ အတွက် လိုအပ်မဲ့ ပစ္စည်းလေးတွေကို စဉ်းစားသည်။ ဖေဖေ့ဆီတော့ ဖုန်းကြိုဆက်ထားမှ ဖြစ်မည်။ အလုပ်များသော ဖေဖေသည် ကြိုပြောထားမှ အဆင်သင့်တွေ့နိုင်သည်။ မဟုတ်သေးပါဘူးလေ။ တစ်ခါတစ်လေလည်း ဖေဖေ့ကို အံ့သြသင့်အောင် လုပ်လိုက်ချင်သေးသည်။ တော်ယုံဖေဖေ့ ကုမ္ပဏီကို လာလေ့မရှိသော ကျမကို ဖေဖေတွေ့လျှင် ဖေဖေ ပျော်ရွှင်သွားမည်လား ကျမ သိချင်မိသည်။ ထို့ကြောင့် ဖုန်းမဆက်ဘဲ ဖေဖေ့ဆီ သွားဖို့ ဆုံးဖြတ်လိုက်ပြီး ကျမ ပြင်ဆင်ပြီး အိမ်မှ ထွက်ခဲ့ပါသည်။

 ![image](https://img.esteem.ws/2s5exfobjs.jpg)
[source](http://www.autoscuolaoliver.it/patenti_guida_3.html)

ကျမ ကုမ္ပဏီဝန်းထဲ ကားကွေ့ဝင်လိုက်သည်နှင့် ဖေဖေ့ကို အဆင်သင့်တွေ့လိုက်ရသည်။ ဖေဖေသည် ကုမ္ပဏီရှေ့တွင် ရပ်ထားသော ကားပေါ်က လူတစ်ယောက်နှင့် စကားပြောဆိုနေပြီး လက်ပြနှုတ်ဆက်နေသည်။ ထိုကားသည် အနက်ရောင် proboxကားအမျိုးအစားဖြစ်ကာ အမျိုးသမီးတစ်ယောက်ဟု သူမ လှမ်းမြင်နေရသည်။ ဖေဖေက အပြင်ထိ ထွက်ပြီး နှုတ်ဆက်ရလောက်အောင် ဒီ အမျိုးသမီးက ဘယ်သူလည်းဆိုတာ ကျမ စိတ်ဝင်စားလာသည်။ ကျမ ကားလည်းဆိုက်ရော ထို အမျိုးသမီး ကားက မောင်းထွက်သွားသည်။ ကားမှန်ကို တဖြည်းဖြည်း တင်သွားပေမဲ့ ထို အရိပ်သည် ကျမ စိတ်တွင် စွဲထင်နေသော ပုံရိပ်။ ကျမ ဘယ်တော့မှ မမေ့သော လှောင်ပြုံးပြုံးတက်သော ထိုအမျိးသမီးပင် ဖြစ်လေသည်။ သေချာကို ကျမ မှတ်မိလိုက်ပါသည်။ မျက်မှန်အနက်ထပ်ထားသည့်တိုင် အချိန်ကြာသည့်တိုင် ထို ခပ်ချေချေ မိန်းမ၏ မျက်နှာ။ 

ဆက်ရန်...
@suhlaing
msc 175
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,