စိတ္တဇ ဒဏ်ရာ... (၇)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@suhlaing·
0.000 HBD
စိတ္တဇ ဒဏ်ရာ... (၇)
'' ဟင် ဘယ်လိုပတ်သက်နေတာလည်း သီရိ ငါတို့လည်း စိတ်ဝင်စားလာပြီ ''

ကျမလည်း သူငယ်ချင်းများကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သောအခါ အားလုံးလည်း စိတ်ဝင်စားလာကျသည်။

'' ငါလည်း ဘယ်သိပါ့မလဲ ကောင်းဇေရယ် ဒါပေမဲ့ အဖြေအတိအကျသိရအောင်တော့ ငါ လုပ်မှ ဖြစ်မှာ နင်တို့လည်း ကူညီကျအုံး''

'' ကူညီပေးဖို့က မခက်ပါဘူးဟ ငါတို့ အားလုံး ကူမှာပါ။ နင် ဖြစ်ချင်တာကိုသာ planဆွဲလေ သီရိ''

'' အေးပါ အခုလောလောဆယ်တော့ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ငါ မတွေးတက်သေးဘူး ဒါပေမဲ့ ဒယ်ဒီ့ကို နောက်ယောင်ခံလိုက်ရင် ဒီ မိန်းမ အကြောင်းသိလာမယ်လို့ ငါ ထင်တယ်''

ယွန်းနဒီမှလည်း ဝင်၍

'' အဲ့တော့ ငါတို့ထဲက တစ်ယောက်ယောက် နောက်ယောင်ခံလိုက်ရမလား'' 

စစ်မင်းမှ ခေါင်းခါယမ်းကာ

'' no no မဖြစ်ဘူး ယွန်း ငါတို့ကို သီရိ အဖေ သိတယ် နောက်ယောင်ခံကိစ္စ ငါ့တာဝန်ထား ငါ့မှာ စိတ်ချရတဲ့ ဘဲကြီးတွေရှိတယ် သူတို့ကို အာရကေ နည်းနည်း ကျွေးလိုက်ရင် ပိပိရိရိနဲ့ ငါတို့ လိုချင်တာရပြီ''

ကျမလည်း ဒယ်ဒီ့နောက်ကို နောက်ယောင်ခံလိုက်သည့်ကိစ္စကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ထိုနေ့က စတင်လုပ်ဆောင်ပါသည်။ စစ်မင်း အသိ ဘဲကြီးတစ်ယောက်နှင့် သွားတွေ့ကာ ဒယ်ဒီ့ ကုမ္ပဏီရှေ့တွင် စောင့်ကြည့်စေခြင်းနှင့် ဒယ်ဒီ့ကားကို နောက်ယောင်ခံခြင်းများကို ပြုလုပ်ရန် ငွေပေး၍ စေခိုင်းခဲ့ပါသည်။ သို့သော် ဒယ်ဒီ့နောက်လိုက်သည့် ကိစ္စကတော့ သိပ်မလွယ်ကူပါ။ လူနှစ်ယောက်ခန့် လဲလှယ် အသုံးပြုရပါသည်။ ကျမတို့ နောက်ယောင်ခံလိုက်သည့် ကိစ္စသည် ၂ပတ်ခန့် ကြာသည့်တိုင် သတင်းအစအနပင်မရဖြစ်နေပါသည်။ ဒယ်ဒီ၏ ခြေလှမ်းများသည်လည်း သမာရိုးကျ နေရာများမှ လွဲ၍ ထူးခြားမှုမတွေ့။ 

ထိုနေ့က ကျမတို့ ခိုင်းစေထားသော ဘဲကြီးသည် သူခိုးရိုက်ထားသော ဓာတ်ပုံများကို ပြလေသည်။ ထူးထူးခြားခြားမတွေ့ရဘဲ ဒယ်ဒီ၏ ပုံမှန် လှုပ်ရှားမှုများပင် ဖြစ်လေသည်။ သို့သော် စစ်မင်းမှ ဓာတ်ပုံတစ်ပုံအား ကောက်ယူလိုက်ကာ အံ့သြဟန်ဖြင့်

'' သီရိ ဒီလူတွေကို ကြည့်စမ်း''

ကျမလည်း စစ်မင်းထိုးပြသော လူများကို လိုက်ကြည့်လိုက်လေသည်။

'' အင်း အဲ့ဒါ ဒယ်ဒီ့ သက်တော်စောင့်တွေလေ ဘာဖြစ်လို့လည်း''

'' ငါတို့ အစတည်းက ဒီလူတွေကို ဘာလို့ မတွေ့ရတာလဲ''

ကျမလည်း သောက်လက်စ စီးကရက်ကို ပြာခွက်ထဲထိုးခြေရင်း

'' ဘာထူးခြားလို့လည်း စစ်မင်း''

'' နင် မမှတ်မိဘူးလား သီရိ ငါ တို့ ကလပ်မှာ ရန်ဖြစ်တဲ့ ညက ငါတို့ကို ဝင်ထိုးသွားတာ ဒီလူတွေဘဲ ငါ ကောင်းကောင်းမှတ်မိတယ်''

![IMG_20181114_035443.png](https://cdn.steemitimages.com/DQmUSpX24twN9c2Xez39mLwhhG8e6MHxJK6v2oANg23CRC6/IMG_20181114_035443.png)
[source](https://loinhacviet.info/explore/spy-clipart-foreign/)

ထို အခါမှ ကျမလည်း ဒယ်ဒီ့ သက်တော်စောင့် ၂ယောက်၏ မျက်နှာကို သေချာစွာကြည့်မိလေသည်။ အတွေးထဲ ခပ်ရေးရေးပြန်ဖော်ရင်း သေချာစွာ မမှတ်မိသော်လည်း ဗလကောင်းကောင်း လူ၂ယောက်ပြေးဝင်လာကာ စစ်မင်းနှင့် ကောင်းဇေကို ထိုးကျိတ်လိုက်တာတော့ မှတ်မိနေသည်။ ကောင်းဇေကလည်း ထပ်၍ အတည်ပြုပြန်သည်။

'' သေချာတယ် သီရိ ဒီလူတွေဘဲ ဒီလူကြီးရဲ့ မျက်လုံးတစ်ဖက်က ကျောက်ထည့်ထားတဲ့ မျက်လုံးသေကြီး ငါ မှတ်မိတယ် သေချာပြီ နင့် အဖေနဲ့ ဒီ မိန်းမ ပတ်သက်နေကျတယ်ဆိုတာ''

ဝင့်ဝါမှလည်း ချိန်ဆဟန်လေးဖြင့် ဝင်ပြောသည်။

'' လုပ်မယ်ဆိုလည်း ပိပိရိရိဖြစ်မှနော် သီရိ တစ်ခုရှိတာက နင့် ဒယ်ဒီကလည်း ပါနေတယ်ဆိုတော့ သိက္ခာပိုင်းထိခိုက်နိုင်တယ် ဟိုးလေးတကျော်ဖြစ်မဲ့ ကိစ္စမျိုးကို နင် ရှောင်ရမယ် သီရိ ပြီးတော့ နင့် ဒယ်ဒီက သာမာန်လူတစ်ယောက်မဟုတ်ဘူး အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် မီဒီယာတွေမျက်စိကျပြီး ရေးကွက်ရအောင် မဖန်တီးသင့်ဘူး''

ယွန်းနဒီမှလည်း

'' ဒါတော့ ဟုတ်တယ် သီရိ ငါလည်း ထောက်ခံတယ် နင့် ဒယ်ဒီရဲ့ ကီပင်မှန်ခဲ့ရင် နင် လုပ်လိုက်မှ တိုင်းသိပြည်သိဖြစ်နေမယ် နင် ဒီမိန်းမကို ခြေချင်တယ်ဆိုရင်တောင် တိတ်တိတ်ဆိတ်ဆိတ်မှ ဖြစ်မယ်''

'' ok ငါ သဘောပေါက်ပြီ ဒီတော့ ပထမ အစီအစဉ်အတိုင်း နင်လားငါလား ဒဲ့ဝုန်းလို့ မရတဲ့ အခြေအနေမှာ ငါ လမ်းကြောင်းပြောင်းရတော့မှာပေါ့''

![IMG_20181114_035729.png](https://cdn.steemitimages.com/DQmTxpkxpMH5tPoXDoaMbcaGMiYeJe46uVhEX2SXhw8T7aE/IMG_20181114_035729.png)
[source](https://www.behance.net/gallery/6851409/Spy-Girl)

ကျမလည်း ဆိုဖာနောက်မှီပေါ်ပစ်လဲချကာ အတွေးများနဲ့ ချာချာလည်နေမိပါတော့သည်။ ဘာဘဲ ဖြစ်ဖြစ် ဒီ မိန်းမကိုတော့ မတွေ့တွေ့အောင် ရှာမည်။ ပြီးတော့ သူမရဲ့ လှောင်ပြုံးနှင့် ဒယ်ဒီ့ဆီက အကြင်နာကိုယူသည့်အတွက် ကျမဆီမှာ ပေးဆပ်ရမည်။ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်သွားကာ ကျမသည် ယနေ့တိုင် စိတ္တဇ ဒဏ်ရာများကို ထင်ကျန်ရစ်မည့် နေ့ရက်များကိုယ်တိုင်ပုံဖော်နိုင်ရန် အစီအစဉ်များ ဆွဲနေမိပါတော့သည်။ 

ဆက်ရန်...

@suhlaing
msc 175
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,