Value
sussessful·@sunminhtun·
0.000 HBDValue
တခါတုန်းက ခမောက်သည် တစ်ဦးဟာ ခြင်းတောင်းကြီးနှစ်ခုကို ဝါးလုံးနဲ့လျိုထမ်းပြီး တစ်ရွာဝင် တစ်ရွာထွက် ခမောက်ထမ်းပြီးလှည့်ရောင်းသတဲ့။တနေ့တော့ သူဟာ တရွာဝင် တရွာထွက် လှည့်လှည်ရောင်းရင်း ရွာအပြင်က သစ်ပင်ကြီးတစ်ပင်အောက်မှာ အနားယူရင်း မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။ အတန်ကြာအိပ်ပြီး သူနိုးလာတော့ သူ့ခြင်းတောင်းထဲက ခမောက်တွေတလုံးမှမရှိတော့ဘူး။ခမောက်ရောင်းသမားလေးဟာ သူ့ခမောက်တွေပျောက်တယ်ဆိုပြီး လန့်သွားတယ်။ဖြစ်ချင်တော့ သူအနားယူတဲ့ ညောင်ပင်ကြီးဟာ မျောက်တွေနေတာတဲ့ဗျ။ မျောက်တွေအားလုံးဟာ သူ့ခမောက်တွေကို ဆောင်းထားပြီး ဆော့နေကြတယ်။ခမောက်ရောင်းသမားလေးဟာ သူ့ခမောက်တွေပြန်ရဖို့ ချောက်လှန့်ပေမဲ့ အရာမရောက်ဘူး။မျောက်တွေဟာ ဂရုမစိုက်ဘဲ ဆော့မြဲတိုင်းဆော့နေသတဲ့ဗျ။ အဲ့ဒီအချိန် ခမောက်ရောင်းသမားလေးက စိတ်ပျက်လက်ပျက်နဲ့ ထိုင်ပြီး စဉ်းစားနေလိုက်တယ်။"ဖျောက်"ဆို၍လက်ဖောက်တီးလိုက်ပြီး"အကြံရပြီ" မျောက်တွေဟာ လူတွေပြုမူသလိုပြုလုပ်တတ်တယ်ဆိုတာ ငါကြားဖူးတယ်ဟုဆိုကာ သစ်ပင်နဲ့မနီးမဝေးအရပ်ကိုသွားပြီး မျောက်တွေကို "ဟေး..ဟေးး ဒီမှာကြည့်..ဖျောင်းဖျောင်း"ဆိုပြီး လက်ခုပ်တီးလိုက်တယ်။အဲ့ဒီအချိန်မှာ မျောက်တွေသူ့ဘက်ကို လှည့်ကြည့်လာကြတယ်။လှည့်ကြည့်လာကြတာနဲ့ တပြိုင်နက် ခမောက်ရောင်းသမားလေးဟာ သူ့လက်နဲ့ ဦးခေါင်းကို ပုတ်ပြတယ်။မျောက်တွေကလည်း သူ့ပြုမူတဲ့ ပုံစံအတိုင်း ပြန်လုပ်ကြတယ်။မျောက်တွေ သူပြုမူတဲ့အတိုင်းလိုက်လုပ်ကြတာမြင်တော့ ခမောက်ရောင်းသမားလေးဟာ တပြိုင်တည်း ခမောက်ကိုကိုင်ပြီး အောက်ကို ပြစ်ချလိုက်တယ်။မျောက်တွေကလည်း သူ့အတိုင်းပြစ်ချလိုက်လို့ ခမောက်ရောင်းသမားလေးက သူ့ခမောက်တွေ ပြန်ရပြီး ဝမ်းသာစွာ ခရီးဆက်သွားသတဲ့ဗျ။ ဒီလိုနဲ့...အချိန်တွေ နှစ်လတွေ ကြာညောင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုမှာ ခမောက်ရောင်းတဲ့ ဈေးသည်နောက်တစ်ယောက် အဲ့ဒီအပင်ကြီးအောက်ပြန်ရောက်လာခဲ့တယ် ။သူလဲ မောမောပန်းပန်းအနားယူပြီး အိပ်ပျော်သွားတဲ့တယ်။အထက်ပါ အဖြစ်အပျက်လိုဘဲ သူနိုးလာပြန်တော့ သူ့ခြင်းတောင်းထဲ ခမောက်တလုံးမှမရှိပြန်တော့ဘူး။ညောင်ပင်ကြီးပေါ်မော့ကြည့်လိုက်တော့ မျောက်တွေဟာ ယူဆော့ပြီး နေပြန်တယ်။ခမောက်ရောင်းသမားဟာ ပြုံးလိုက်ပြီး "အေးဆေးပေါ့"ကွာ ငါ့အဖိုးလုပ်ခဲ့သလို ပြန်လုပ်ရင်ရတယ်ဆိုပြီး အေးဆေးနေလေတယ်။ ညနေနေစောင်းခါနီးမှ...သူ့အဖိုးပြောပြခဲ့တဲ့အတိုင်း ကွင်းပြင်ကြီးထဲ သစ်ပင်နဲ့မနီးမဝေးမှာရပ်ပြီး မျောက်တွေကို ခေါင်းပုတ်ပြတယ်.. ဒါပေမဲ့ မျောက်တွေဟာ သူလုက်တဲ့အတိုင်း လုပ်မလုပ်ကြတော့ဘူးတဲ့ဗျ။ခမောက်ရောင်းသမားလေး စိတ်ဓာတ်ကျသွားပြီး သူ့အဖိုးတုန်းက လုပ်တာရပြီး သူ့အလှည့်ကြတော့ ဘာကြောင့်မရသလဲပေါ့။ မျောက်တွေကလည်း ပြန်ပြောတယ်။ "မင်းမှာလဲ အဖိုးရှိတာမဟုတ်ပါဘူးကွာ ငါတို့အဖိုးမျောက်ကလည်း ငါတို့ကို အကုန်ပြောပြထားတယ်တဲ့ကွ"လို့ ဆိုလေသတဲ့ဗျ။  ဒီဆောင်းပါးကို ဘာလို့ကျနော် မျဝေဝေပေးချင်တာလဲဆိုတော့...ဆောင်းပါးဖတ်ရင်း ရင်ထဲကျန်တဲ့ message က ကျနော်တို့ လောကီလူသားတွေအတွက် အကျိုးတစ်ခုခု သက်ရောက်စေခဲ့ပါတယ်။