ဝမ်းသာမျက်ရည်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@tharpauk·
0.000 HBD
ဝမ်းသာမျက်ရည်
“ ၀မ်းသာမျက်ရည်”

မနက် ၉နာရီထိုးလို့ ကျောင်းတက်ခေါင်းလောင်းထိုးပြီး အတန်းပိုင်ဆရာမမှ ကျောင်းတက်သော ကျောင်းသူ ကျောင်းသားများ နာမည်စာရင်း ခေါ်နေပါသည်။
“ မောင်စံမင်း ရှိလား”
“ရှိပါတယ် ဆရာမ”
“မောင်ငယ် ရှိလား”
“မလာသေးပါဘူး ဆရာမ”
“ဒီကလေး အရင်ဆိုနောက်မကျတတ်ပါဘူး ဘာဖြစ်လို့လဲဆိုတာ သိကြလား”
“မသိပါဘူး ဆရာမ”
“အေး အေးထိုင်ကြ စာအုပ်ထုတ်ကြ ဆရာမစာသင်မယ်”
ဆရာမ ပထမဘာသာ စာသင်ပြီးချိန်လောက်တွင်မှ မောင်ငယ် လည်း ကျောင်းကိုအပြေး  ရောက်ရှိလာပါတော့သည်။
“ဆရာမ ၀င်ခွင့်ပြုပါခင်ဗျ”
“ဟေ့ မောင်ငယ် သားဘာလို့နောက်ကျနေတာလဲကွ ကျောင်းတက်ပြီးလို့ စာသင်တာ ၁ဘာသာတောင်ပြီးသွားပြီ၊ ဒါမျိုးကျောင်းနောက်ကျတာကို ဆရာမမကြိုက်ဘူး သိလား ဘာဖြစ်လို့နောက်ကျတာလဲ”
“ဟို ဟို ဆရာမ အမေကအလုပ်ခိုင်းထားလို့ပါဆရာမ”
“အေး အလုပ်ခိုင်းတာလဲခိုင်းတာပေါ့ ကျောင်းနောက်ကျအောင်တော့ မလုပ်နဲ့ ကြားလား ၊ဒီတစ်ခါ ဆရာမခွင့်လွှတ်လိုက်မယ် နောက်တစ်ခါမဖြစ်စေနဲ့နော်”
“ဟုတ်ကဲ့ဆရာမ”
ဆရာမကသိပ်မဆူတဲ့အတွက် မောင်ငယ်ရင်ထဲ ခုမှအလုံးကြီးကျသွားပါတော့တယ်။မောင်ငယ်ဆိုတာ အဖေ ဆိုက္ကားသမား အရက်သမား ၊ ကုန်စိမ်းရောင်းတဲ့ အမေတို့ကနေ မွေထားတဲ့ တစ်ဥိးတည်းသောသား၊ ဘ၀ပေးအခြေအနေအဆင်မပြေလှတာကြောင့် မောင်ငယ်ဟာ တစ်ခြားကလေးတွေလို မဟုတ်ဘဲ အမေ့အလုပ်ကို ၀ိုင်းကူလုပ်ရင်း ကျောင်းတက်နေတဲ့ ကလေးတစ်ယောက်ပါ။အဖေက ဆိုက္ကားနင်းပေမယ့် သူရတဲ့ပိုက်ဆံကို သူအရက်သောက်တာနဲ့ဘဲ ကုန်နေတာပါ၊တစ်ခါတစ်လေ မလောက်ရင်တောင် အမေဈေးဖိုးထဲကနေ ပြန်တောင်းတတ်တာမျိုးပါ။မရရင် ရိုက်တာကလဲပါပါတယ်။မောင်ငယ်ကိုလဲ စိတ်မကြည်ရင်ရိုက်တတ်ပါသေးတယ်။အမေလုပ်သူမှာလဲ သူကုန်စိမ်းရောင်းတဲ့အလုပ်နဲ့ဆိုတော့ မောင်ငယ်ကိုဂရုစိုက်ဖို့နေနေသာသာ အမေ့အလုပ်ကိုတောင် ၀ိုင်းကူလုပ်ပေးနေ၇တာပါ။တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိသားစုလေးပါ။
![images (1).jpg](https://steemitimages.com/DQmds8TL9GeEXsSRMUUeeqiFhAdorMur3X69VAbS4ppAVZV/images%20(1).jpg)
မောင်ငယ်ဟာ မပြည့်စုံတဲ့ မိဘကမွေးဖွားလာပေမယ့် စိတ်ထားကောင်းသူလေးတစ်ယောက်ပါ။ဒီနေ့ မောင်ငယ်ကျောင်းလာတဲ့အချိန်မှာ လမ်းမှာ လဲကျနေတဲ့ အဖွားအိုကိုတွေ့တာကြောင့် မောင်ငယ်ဟာ အဖွားအိုကို ကူညီပေးရင်း အဖွားအိုတစ်ယောက်ထဲဖြစ်နေတာကြောင့်အိမ်ထိလိုက်ပို့ ပေးနေရခြင်းကြောင့် ကျောင်းနောက်ကျခဲ့ရပါတယ်။
“လူလေး ကျောင်းသွားမလို့မှတ်လား နောက်ကျနေဦးမယ် သွားတော့လေ”
“ရပါတယ် အဖွား အဖွားကတစ်ယောက်ထဲဆိုတော့ သက်သာမှ ကျွန်တော်ကျောင်းသွားမှာပါ” 
ဒီလိုနဲ့ အဖွားအိုသက်သာပြီး စိတ်ချရမှ မောင်ငယ်ဟာ ကျောင်းကိုထွက်လာခဲ့ပါတယ်။ကျောင်းရောက်တော့ ဆရာမသတိပေးခြင်းကိုခံရပါတော့တယ်။မောင်ငယ်ဟာ ကျောင်းကို တစ်ခါမှ နောက်မကျဘူးပါ။ ဒါပေမယ့်လည်း မောင်ငယ်ဟာကျောင်းနောက်ကျတဲ့အကြောင်းအဖြစ်မှန်ကို ဆရာမအားမပြောဘဲ လိမ်ပြောလိုက်ခြင်းသာ။မောင်ငယ်ဟာ ကျောင်းမှာစာသင်နေပေမယ့်လဲ အဖွားအိုကိုစိတ်မချတာကြောင့် စာထဲကိုစိတ်မရောက်နိုင်ပါ။ဒါကြောင့် ညနေကျောင်းဆင်းတာနဲ့ မောင်ငယ်ဟာ အဖွားအိုအိမ်ကို တန်းပြိးပြေသွားပါတော့တယ်။
“အဖွား အဖွား နေကောင်းလား “
“ဟော လူလေးလား အဖွားကောင်းပါတယ်ကွယ် လူကြီးဆိုတော့လဲ အကုန်လုံးတော့ ဘယ်သက်သာပါ့မလဲ”
“အဲဒါဆို ကျွန်တော် ဆန်ပြုတ်ပြုတ်ပေးခဲ့မယ် အဖွားသောက်လိုက်နော်”
“အေး အေး သာဓုပါကွယ်” 
ဒီလိုနဲ့ မောင်ငယ်လဲ အဖွားအတွက် ဆန်ပြုတ်ကိုပြုတ်ပေးလိုက်ပါတယ်။ဆန်ပြုတ်ပြုတ်ပြီးတော့ အိမ်ပြန်ဖို့တောင်နောက်ကျနေပါပြီ။
“အဖွား ဆန်ပြုတ်ထားခဲ့တယ် သောက်လိုက်နော် ကျွန်တော်နောက်ကျနေလို့ပြန်တော့မယ် နောက်နေ့မှ လာခဲ့တော့မယ်။” 
![21078306_1917981075123466_2564604699743972074_n.jpg](https://steemitimages.com/DQmTQbzY9SpfxQunKL6ADSgTBF2NzMYKzRt9VZ6Ls8vqZrb/21078306_1917981075123466_2564604699743972074_n.jpg)
မောင်ငယ်လဲ အဖွားအိုကိုပြောပြီး အိမ်ကို ဒုန်းစိုင်းပြေးပါတော့တယ်။ အိမ်ရောက်ရင်နောက် ကျလို့ အမေရိုက်မှာကြောင့်ပါ။ အိမ်လဲရောက်ရော အမေကစပြီး ဆူပါတော့တယ်။
“ဟဲ့ မောင်ငယ် နင်ဘယ်လျှောက်သွားနေတာတုန်း သူများတွေအိမ်ပြန်ရောက်တာတောင်ကြာနေပြီး နင်ကဘယ်သဝေထိုးနေတာလဲ သွားရေချိုး ပြီးရင်ထမင်းစားမယ်” တော်သေးတယ် အမေကသိပ်မဆူလို့။အဲဒီနေ့က မောင်ငယ် ရေချိုးထမင်းစား အိမ်စာလုပ်ပြီး အိပ်ယာဝင်ခဲ့ပါတယ်။
နောက်နေ့မိုးလင်းတော့ အ၀တ်အစားလဲ အဆာပြေစားပြီး အဖွားအိုအိမ်ကို စောစောလာခဲ့ပါတယ်။အဖွားအိုလဲ သက်သာနေပြီမို့ လုပ်စရာရှိတာလုပ်ပေးပြီး ကျောင်းကိုလာခဲ့ပါတော့တယ်။
“ကလေးတို့ရေ နောက်သုံးရက်နေရင် ဆရာမတို့ကျောင်းက ဆုပေးပွဲကျင်းပတော့မှာဆိုတော့ ဆုရတဲ့ကလေးတွေကို ဆုပေးပွဲမတိုင်ခင် ဆရာမကြိုပြောမယ် ၊အဲဒီအခါကျရင် ကိုယ့်ရဲ့မိဘတွေပါခေါ်ခဲ့ကြကြားလား”
“ဟုတ်ကဲ့ဆရာမ”
မောင်ငယ်အတွက်ကတော့ ဆုဆိုတာ မရနိုင်တဲ့အရာတစ်ခုပါ။ဘာဖြစ်လို့လဲဆို တစ်ခြားကလေးတွေလို ကျောင်းစာကို တစိုက်မတ်မတ်မလေ့လာနိုင်သလို မိဘကလဲ မပံ့ပိုးပေးနိုင်တာကြောင့်ပါ။မိဘတွေ လိုက်ဖို့ဆိုတာကတော့ ပိုလို့တောင်မဖြစ်နိုင်၊တစ်နေ့လုပ်မှတစ်နေ့စားရတာပါ။ဒီနေ့လဲ ကျောင်းဆင်းတော့ မောင်ငယ် အဖွားအိမ်ကို မြန်မြန်သွားမြန်မြန်ပြန်ခဲ့ပါတယ်။အရင်နေ့ကလို အမေဆူမှာကြောင့်ပါ။ နောက်နေ့မနက်  အဖွားအိုအိမ်ရောက်တဲ့အချိန်မှာ အဖွားဟာ ရေအိုင်ထဲမှာချော်လဲပြီး သတိလစ်နေတော့ သူလဲကြံရာမရဘဲ သူတို့ရပ်ကွက်ထဲက ဆရာဝန်ကိုသွားခေါ်လာခဲ့ပါတယ်။ဆရာဝန်ရောက်တဲ့အခါမှာ အဖွားအိုဟာ နောက်ကျသွားရင် အသက်ပါဆုံးနိုင်တဲ့အတွက် အခုလိုအချိန်မီလာခေါ်တဲ့မောင်ငယ်ကို ဆရာဝန်က ချီးကျူးစကားပြောနေပါတယ်။မောင်ငယ်လဲ အဖွားအိုသက်သာလာတာကြောင့် ကျောင်းကို နောက်ကျပြီးမှ သွားခဲ့ရပါတယ်။
“ ဆရာမ     ၀င်…၀င်ခွင့်ပြုပါခင်ဗျာ”
“ဟေ့ မောင်ငယ် ဒီတစ်ခါလဲ မင်းနောက်ကျပြန်ပြီ အရင်တစ်ခါထဲကပြောပြီးသား နောက်တစ်ခါဆို ဆရာမ ခွင့်မလွှတ်ဘူးလို့ အေးဒီတော့ မင်းကို ကျောင်းအုပ်ဆရာကြီးဆီခေါ်သွားရမယ် လာလိုက်ခဲ့”
“ဆရာကြီး မောင်ငယ်ဒီနေ့လဲ ကျောင်းနောက်ကျတာကြောင့် ဆရာကြီးကိုလာအသိပေးတာပါ”
“မောင်ငယ် သားဘာဖြစ်လို့နောက်ကျတာလဲ ဆရာကြီးကိုပြောစမ်း”
“ဟို…..ဟို …”
“ဘာဖြစ်နေတာလဲ တစ်ဟိုဟိုနဲ့ အမှန်အတိုင်းပြောနော် မပြောရင်မင်းမိဘတွေပါခေါ်ရလိမ့်မယ်”
“မ မလုပ်ပါနဲ့ဆရာကြီး အမှန်အတိုင်းပြောပါ့မယ် ၊ ဒီလိုပါဗျ …..” 
မောင်ငယ်လဲ သူအဖွားအိုကို ကူညီလုပ်ကိုင်ပေးတာကြောင့် ကျောင်းနောက်ကျရတဲ့အကြောင်းကို အကြောင်းစုံရှင်းပြလိုက်ပါတော့တယ်။အဲဒီအခါမှ ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာမလဲ အမှန်အတိုင်းသိပြီး မောင်ငယ်ကိုလဲ နောက်ဆိုအမှန်အတိုင်းပြောဖို့ လူကြီးသူမတွေကိုလဲ ကူညီတာကုသိုလ်ရတဲ့အကြောင်း၊ မောင်ငယ်ရဲ့သူတစ်ပါးကိုကူညီတတ်တဲ့စိတ်ကိုလဲ မပြောင်းလဲဘဲ ဆက်ကူညီသွားဖို့ပြောပါတယ်။မောင်ငယ်လဲ ဆရာကြီးကသူ့ကို အာပေးချီးကျူးစကားပြောတဲ့အတွက် ၀မ်းသာမျက်ရည်တောင်လည်နေရှာပါတယ်။
![DAB1tmjW0AEcuCI.jpg](https://steemitimages.com/DQmbaBA1iaSqbR6KoaGRQWB1AuqYMi7BiSakqd1PAqUerL3/DAB1tmjW0AEcuCI.jpg)
“သား မောင်ငယ် အတန်းကိုအရင်ပြန်နှင့်နော် ဆရာကြီးနဲ့စကားပြောပြီးမှ ဆရာမလာခဲ့မယ်”
“ကဲ ကလေးတို့ ဆရာမဆုရတဲ့ကလေးတွေကို ကြေငြာမယ်နော် ဆုရတဲ့ကလေးတွေကမနက်ဖြန် အဖြူအစိမ်ဝတ်ခဲ့ကြနော် နောက်ပြီး ဒီနှစ်ဆုပေးပွဲမှာ အထူးဆုတစ်ခုပါတယ်မနက်ဖြန်ကျရင်သိရမယ် ၊သား မောင်ငယ် သားလဲ အဖြူအစိမ်းအသစ်ဝတ်ခဲ့နော်” 
ဒီနေ့ကျောင်းဆင်းတော့ မောင်ငယ်တစ်ယောက်အတွေးတွေနဲ့အိမ်ပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့ 
“အမေ ဒီနေ့ဆရာမက သားကို ဆုရတဲ့သူထဲမှာမပါဘဲနဲ့ အဖြူအစိမ်းအသစ်ဝတ်ခဲ့လို့ပြောတယ်။ဘာလို့ဝတ်ခိုင်းတယ်ဆိုတာ သားလဲမသိဘူး” အဲဒီအချိန်မှာအဖေက အရက်သောက်နေရင်းနဲ့
“ ဆုမှမရတာ ဒီအတိုင်းဝတ်ခိုင်းတာနေမှာပေါ့ကွ သူများလိုအဖြစ်မှမရှိတာ”
“တော်ကလဲတော် ကျုပ်သားကိုပြောဖို့ဘဲ၊   သား… အမေသားအတွက် အဖြူအစိမ်းအသစ်တစ်စုံဝယ်ထားပြိးသား သားဝတ်သွားလိုက်နော်” အော် ဒီလိုကျတော့လဲ အမေက ဂရုမစိုက်သလိုထင်ရပေမယ့် ဂရုစိုက်ရှာသားဘဲ။
ဒီလိုနဲ့ မနက် ကျောင်းဆုပေးပွဲမှာ ကလေးတိုင်းကတော့ မိဘကိုယ်စီနဲ့ပျော်ရွှင်နေကြပေမယ့် မောင်ငယ်မှာတော့ တစ်ယောက်ထဲသာ အားငယ်နေရရှာပါတယ်။အဖေ့ကိုတော့ စောစောကလူကြားထဲမှာတွေ့လိုက်သလိုပါဘဲ။ဒီလိုနဲ့ ပညာရည်ချွန်ဆုရတဲ့သူတွေကို ဆုများပေးအပြိးမှာတော့
“ဒီနှစ် ကျွန်တော်တို့ကျောင်းမှာ ပညာရည်ချွန်ဆုမဟုတ်ဘဲ အခြားအထူးဆုတစ်ခုကိုပေးအပ်မှာဖြစ်ပါတယ်၊ အဲဒါကတော့  သူတစ်ပါးကို ကူညီတတ်တဲ့  လူမှုကူညီမှုဆုကိုပေးအပ်မှာဖြစ်ပါတယ်၊ အဲဒိဆုကိုရရှိတဲ့သူကတော့ စိတ်ရင်းကောင်းပြီး ကူညီတတ်တဲ့ မောင်ငယ်ဖြစ်ပါတယ်ခင်ဗျာ”
![boehnercrying.jpg](https://steemitimages.com/DQmTYGTtJRx5rScJYQEXzo4hJKuJxdH8EHhp5pcqgbAVEeB/boehnercrying.jpg)
အဲဒီအချိန်မှာ မောင်ငယ်ဟာ မယုံနိုင်အောင်ဖြစ်ပြီးတော့ ၀မ်းသာခြင်းဖြစ်မိသလို အားငယ်ခြင်းများလဲ တစ်ပြိုင်တက်ဖြစ်ပေါ်နေပါတယ်။ဝမ်းသားခြင်းကတော့ သူမရဖူးတဲ့ဆုရတာကြောင့်ပါ၊ အားငယ်ခြင်းကတော့ သူအခုလိုဆုရချိန်မှာတောင် သူ့ကိုအားပေးမယ့် မိဘများ အတူရှိမနေခြင်းကြောင့် သူ့ကိုယ်သူအားငယ်နေမိပါတယ်၊ဆုယူဖို့စင်ပေါ်ရောက်တဲ့အချိန်မှာလည်း စောစောက လူကြားထဲရှိနေတဲ့ အဖေ့ကိုရှာကြည့်မိပါတယ်။ဆရာကြီးကဆုပေးပြီးမှာတော့ ၀မ်းသာခြင်းမျက်ရည်တွေက ဘယ်ကဘယ်လိုစီးလာတယ်မသိပါ။အဲအချိန်မှာ လူကြားထဲကအဖေ့ကိုတွေ့တော့ အဖေဟာ သူ့သားအတွက် ဂုဏ်ယူတဲ့အကြည့်နဲ့ မျက်ဝန်းထဲမှာဝဲနေတဲ့ မျက်ရည်တွေကို တွေ့လိုက်တော့ အဖေဟာ ဂရုမစိုက်ခဲ့တဲ့သားအတွက် ခုတော့ ၀မ်းသာမျက်ရည်ကျနေတာကို ကျွန်တော်မြင်တွေ့လိုက်ရပါပြီ…. အဖေ။
ဆက်လက်ကြိုးစားပါမည်။ဖတ်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
![thant logo.jpg](https://steemitimages.com/DQmetb8Hmbmdj888XyGYkaz9GBzTJqnyk1h6JDnX2dkjZsS/thant%20logo.jpg)

Photo Credit: Google Image
Writer - Thant Zin Soe (@tharpauk)
MSC 134
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,