ဆန္ဒဟူသည် ……

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@thatkozaw·
0.000 HBD
ဆန္ဒဟူသည် ……
ဆန္ဒဟူသည် လူတိုင်းမှာ ရှိကြတဲ့အတွက် ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ်စီနဲ့ ကိုယ့်ဘဝကို ရှင်သန်ဖြတ်သန်းနေကြရပါတယ် ။ 

ကိုယ့်ဆန္ဒတွေဟာ မှန်သည်လည်းရှိမည် ။ မှားသည်လဲရှိခဲ့မည် ။ ဖြစ်နိုင်တာလည်းရှိသလို မဖြစ်နိုင်တာခည်းရှိမည် ။ 

ကိုယ့်တယောက်ထဲကောင်းစားဘို့ ဆန္ဒလား ?

ကိုယ့်မိသားစုကောင်းစားဘို့ အတွက် ဆန္ဒလား ?

ကိုယ်ရော ကိုယ့်မိသားစုရောအပြင် အများကောင်းစားဘို့ အတွက် ဆန္ဒလား ? 

ဒါကိုတော့ ကိုယ်တိုင်သာအသိဆုံးဖြစ်မှာပါ ။ 

![images (1).jpeg](https://steemitimages.com/DQmXbhc5MDCAhZ7iWdvihvjTu2Ki6LCcJMPytadA1Xa1FrX/images%20(1).jpeg)

[credit image source](https://steemitimages.com/DQmXbhc5MDCAhZ7iWdvihvjTu2Ki6LCcJMPytadA1Xa1FrX/images%20(1).jpeg)

ဆန္ဒဆိုတဲ့ ဘဖစ်လိုတဲ့အရာလေးဟာ ပြာရ ရေးရတာလွယ်သလောက် လက်တွေ့မှာက မလွယ်လှပါဘူး ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ယူမှ ရသလို ကိုယ်က မကြိုးစားဘဲ မလုပ်ဘဲ ပါးစပ်ကလေးက " ငါဟိုဟာလေးလိုချင်လိုက်တာ ။ ငါ့မှာ ဒါလေးရှိရင်ကောင်းမယ် " လို့  ပါးစပ်က ညည်းငြူနေလို့  မရနိုင်ပါဘူး ။

ကျနော် ရွှေလက်စွပ်လေး ဝတ်ချင်တယ်ဗျာ ။
အဲ့ဒီရွှေလက်စွပ်ဟာ ကျနော့်ပါးစပ်က အော်လိုက်လို့  ရောက်မလာနိုင်ပါဘူး ။ ကျနော့်မှာ ခေတ်စကားနဲ့ပြောရမယ်ဆို ပါဝါမရှိဘူးလေဗျာ ။

ဒီတော့ ရွှေလက်စွပ်ဝတ်ချင်တဲ့ကျနော်ဟာ ရွှေဆိုင်သွား ပုတိမ်ဆိုင်ကိုသွားပြီး ရွှေလက်စွပ်ရရန် ထိုရွှေလက်စွပ်နဲ့တန်ဘိုးတူတဲ့ ငွေနဲ့ဝယ်ယူမှသာ ကျနော်ရွှေလက်စွပ်ကို ရမှာပါ ။ တန်ဘိုးတူတဲ့ပိုက်ဆံမရှိဘဲ ရွှေဆိုင်ရှေ့သွားပြီး ကျနော်ရွှေလက်စွပ်ဝတ်ချင်လိုက်တာလို့ အော်ပြီး လုယူပြန်ရင်လည်း သူခိုးဆိုပြီး ဝိုင်းရိုက်တာခံရမယ့်အပြင် ရဲဖမ်းလို့  ထောင်ပါကျအုံးမှာ ။ 

![images (2).jpeg](https://steemitimages.com/DQmZM45P2qwjebDPrtBZNCm4dPvXLo1CNoWz4pAgP2LciDk/images%20(2).jpeg)

[credit image source](https://steemitimages.com/DQmZM45P2qwjebDPrtBZNCm4dPvXLo1CNoWz4pAgP2LciDk/images%20(2).jpeg)

ဒါကြောင့် ဆန္ဒဟူသည် ရှိနိုင်ပါသည် ။

ထိုဆန္ဒကို လက်တွေ့ဖြစ်ဖို့ က ကိုယ်တိုင်လုပ်နိုင်ရပါမည် ။

ကိုယ့်မှာ ကိုယ့်ဆန္ဒနဲ့ ကိုက်ညီတဲ့ ကြိုးစားမှုတွေနဲ့ ပိုင်ဆိုင်မှုတွေရှိရပါမည် လို့  ဆိုချင်ပါတယ် ။

ဖြစ်ပေါ်တဲ့ဆန္ဒတိုင်းကို အကောင်အထည်ဖော်ရန်ကလည်း မလွယ်ကူပါ ။

ထီပေါက်ချင်တဲ့ ဆန္ဒရှိရင် ထီထိုးရပါမယ် ။
ထီထိုးတိုင်းက ထီမပေါက်နိုင်တာကိုလည်း သိနားလည်ပခ ။
တနေ့ ပေါက်လာနိုးဆိုတဲ့ မျှော်လင့်ချက်ထားပြီး ထီကိုလည်း လစဉ်ထိုးမှသာ ထီပေါက်ရန် ဖြစ်နိုင်ပါမည် ။

![images (3).jpeg](https://steemitimages.com/DQmcJFKKsY8vxfJpE9fvCK4QjQHwASndoeJyRqjfzDvvvnk/images%20(3).jpeg)

[credit image source](https://steemitimages.com/DQmcJFKKsY8vxfJpE9fvCK4QjQHwASndoeJyRqjfzDvvvnk/images%20(3).jpeg)

ကျနော်လည်း ရေးပြချင်တာ ပြီးပါပြီဗျာ ။
ဆန္ဒကို အကောင်အထည်ဖော်နိုင်ကြပါစေလို့  ပြောပါရစေ ။
မှန်ကန်တဲ့ဆန္ဒတော့ ထားကြပေါ့ဗျာ ။



@thatkozaw

MSC 005
👍 , , , , , , , , , , , , , , , , , , , , , , ,