သီလဝါတာဝန် (အပိုင်း ၂)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@thethtooaung·
0.000 HBD
သီလဝါတာဝန် (အပိုင်း ၂)
သီလဝါတာဝန် (အပိုင်း ၂)

 ![image](https://img.esteem.ws/6jif9a7wrf.jpg)
ဒီနေ့ကတော့ သီလဝါ သဲကွင်းမှာ သဲချဇကာ တပ်ဆင်ခြင်းလုပ်ငန်းကိုအဓိက လုပ်ဖြစ်ပါတယ်။သဲ ဇက်လှေများ သဲကွင်းသို့ကပ်၍ သဲချသောလုပ်ငန်းတွင် အမှိုက်များ၊မီးသွေးများ အစရှိသော အမှိုက်သရိုက်များ မပါအောင် ဇကာ ခံပြီး မူတ်တင်ရန် ဇကာ တပ်ဆင်ရခြင်းဖြစ်ပါတယ်။
 ![image](https://img.esteem.ws/vg8tuotefa.jpg)
သဲသန့်သန့် ရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ supplier များဆီမှ ဝယ်ယူသော သဲမှာ မြစ်ကြမ်းပြင်မှ စုတ်တင်လာသောကြောင့် အမှိုက်များ မီးသွေးများ ပါလာနိုင်ပါတယ်။concrete တွင် မီးသွေးပါဝင်မူက အဓိက ဆိုးကျိုး ဖြစ်စေသော အချက်များတွင်ပါဝင်ပါတယ်။
 ![image](https://img.esteem.ws/16qp21aihr.jpg)
ထို့အတွက်ကြောင့် ဂရုစိုက်ဇကာတပ်ဆင်ရခြင်းဖြစ်ပါတယ်။လှေ ပေါ်မှသဲများကို အင်ဂျင်များအသုံးပြု၍ ရေအားဖြင့် ကမ်းပေါ်သို့ မူတ်တင်ခြင်းဖြစ်ပါတယ် ဇကာတွင် အမှိုက်များသဲများတင်ကျန်ခဲ့ပြီး ဇကာပေါက်ထက်သေးငယ်သော မီးသွေး သစ်တိုသစ်စ များက ပေါ့ပါးသောကြောင့် ရေအားဖြင့် ပြန်လည် ရေထွက်ပေါက်ဆီသို့ ထွက်ခွာသွားပြီး သဲကွင်းတွင် သန့်စင်သော သဲများသာကျန်ရှိနေပါသည်။ထို့ကျန်ရှိသော သဲများအား ကားများဖြင့် လုပ်ငန်း အတွင်းသို့ သယ်ယူပို့ဆောင်ပြီး အသုံးပြုပါတယ်။
@thethtooaung
 ![image](https://img.esteem.ws/7ms2vvoeel.jpg)
 ![image](https://img.esteem.ws/bpc2jnfkmj.jpg)
 ![image](https://img.esteem.ws/z4elbcswp0.jpg)
👍 , , , , , , , , , , , , , , , , , , , ,