ပုံများကပြောသော ဖခင်မေတ္တာ
myanmar·@thetlyar·
0.000 HBDပုံများကပြောသော ဖခင်မေတ္တာ
 [crd image source](https://steemitimages.com/DQmTTvM3NLuEwRfRQEQwGvGwvbQfmDQwqfJaH1ncgGpdqSG/1476167_S.jpg) ဖတ်မိခဲ့သောသတင်းများထဲတွင် ရင်ကိုရိုက်ခတ်စေခဲ့သော ပုံရိပ်များတချို့ကို မြင်တွေ့ခဲ့ရပါတယ် ။ အကြောင်းအရာ ဘာဆိုတာ မဖတ်မိခင် ပုံတွေကိုမြင်လိုက်ကတည်းက ခံစားမှုကိုပေးစွမ်းနိုင်ခဲ့တာပါ ။ သတင်းထဲက အကြောင်းအရာက အတိုပြန်ပြောပြရရင် သားအဖနှစ်ယောက်ဟာ ဈေးရောင်းထွက်ကြပါတယ် ။ ဖခင်ဈေးရောင်းတဲ့နောက်ကို အကြောင်းအမျိုးမျိုးတွေကြောင့် သားသမီးဖြစ်တဲ့ကလေးငယ်က လိုက်ရတာမျိုးဖြစ်နိုင်သလို ကလေးငယ်လိုက်ချင်လို့  ခေါ်ရတာမျိုးလဲ ဖြစ်နိုင်မှာပါ ။  ရာသီဥတုရဲ့အပူဒဏ်ကိုခံရင်း တခြားသူတွေလို အိမ်ထဲမှာမနေနိုင်တဲ့အခြေအနေမို့  ဈေးရောင်းထွက်ရတာပေါ့ ။ ဈေးသည်အမျိုးသားဟာ ကလေးကိုချီရတာတမျိုး အပူဒဏ်ကိုခံရတာတမျိုးနဲ့ ဈေးလှည့်ရောင်းရင်း ပင်ပန်းရာက ရုတ်တရက်ရောဂါဝင်လာပြီး မူးမေ့လဲကျသွားမလိုဖြစ်ခဲ့ပါတယ် ။ သူမူးမေ့လဲကျဘို့ အတွက် သူသတိထားပြီး သူလဲကျလိုက်ရင် သူ့ ကလေးငယ် ထိခိုက်နာကျင်မှာကို သူသိတော့ သူဟာပွေ့ချီရင်း နီးစပ်ရာအမှီရှိရာ သံတိုင်မှာ မှီရင်း တဖြည်းဖြည်းလဲကျဘို့  ဆုံးဖြတ်လိုက်ဟန်ရှိပါတယ် ။  အဲ့လိုနဲ့ သူသံတိုင်ကိုမှီရက်နဲ့ ကလေးငယ်ကိုပွေ့ချီရင်း မှီနေလိုက်တာ အချိန်အတန်ကြာမှ တခြားသူတွေသတိထားမိလိုက်တော့ သူဟာ မူးမေ့ပြီး ကလေးပွေ့ချီလျှက် လဲနေတာကို သိလိုက်ရပါတော့တယ် ။ ဘယ်လောက်လေးစားစရာကောင်းတဲ့ဖခင်ဆိုတာ ပြောပြဘို့ မလိုလောက်ပါဘဲ ။ ဖခင်တိုင်းဟာ သားသမီးတိုင်းအပေါ်မှာ မေတ္တာထားပြီး ချစ်တတ် အနစ်နာခံတတ်ပြီး ရှာဖွေကျွေးမွေးရတာကို သားသမီးဖြစ်တဲ့ကျမတို့ တတွေဟာ နားလည်သိတတ်ကြပြီးသားပါ ။  ခုလိုအဖြစ်အပျက်ကို မြင်တွေ့ဖတ်ရှု့လိုက်ရတော့ ဖခင်တယောက်ရဲ့ သားသမီးအပေါ်မှာထားတဲ့ ဈေးသည်ကြီးရဲ့ မေတ္တာကို ပိုပြီးခံစားမိတယ် ။ သူ့ ရောဂါခံစားနေရချိန်မှာတောင် သတိထားပြီး သားသမီးနာကျင်မှာကိုတွေးပေးရှာတဲ့ဖခင် ဈေးသည်ကြီးပါ ။ ဘေးကလူတွေက ဝိုင်းပြီး မေးကြကူကြ ဆေးကုပေးကြလို့  သတိပြန်ရခဲ့တာပါ ။ ခုအဖြစ်အပျက်ကို အိမ်ကမောင်လေးနဲ့ညီမလေးကိုလဲ ပြောပြပြီး ကျမတို့ မိခင်နဲ့ဖခင်ကို ပိုပြီးလေးစားတန်ဘိုးထားကြဘို့  ပြောရမယ် ။ ကျေးဇူးသိတတ်ပြီး တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ဖို့ ကိုလည်း ကြိုးစားကြမယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။ all photos crd # facebook news @thetlyar MSC 027
👍 thetlyar, thatkozaw, pyaesonekhinkhin, x2x, phyowaiaung, ionlysay, exchange.msc, tinmyoaung, aungzawhtwe, paingheinkyaw, steem-myanmar, kyi, asterkame, mahaw, theinzawlin, uthantzin, thihakoko, lwanwai, mgmglattt, sandipoe, nannhtike, yekungsatthone, camelot, curie, liberosist, meerkat, locikll, tantawi, gabox, esaia.mystic, chimtivers96, pacokam8, skycae, wanderingdanish, chillingotter, kevinwong, anwenbaumeister, hendrikdegrote, sethroot, niouton, boynashruddin, ghostgtr, misterakpan, clweeks, gotgame, mayowadavid, mountainjewel, steem.curator, arconite, vannour, ewuoso, nalabra, anikekirsten, folken, ancapbarbie, pharesim, peppermint24, positiveninja, wdoutjah, thinknzombie, massivevibration, onartbali, ntowl, torico, coloringiship, vigna, alinabarbu, thatterrioguy, peaceandwar,