အချိန်ရှိခိုက်...လုံ့လစိုက်....
myanmar·@thithisann·
0.000 HBDအချိန်ရှိခိုက်...လုံ့လစိုက်....
အချိန်ရှိခိုက် လုံ့လစိုက်... "အချိန်" ဟု ပြောလျှင် လူသားအားလုံး၏ စိတ်ထဲတွင် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကောင်းဖွင့်ဆိုလိမ့်မည် ။သို့သော် တန်းတူညီတူ အသားအရောင်၊ လူမျိုးခြား မခွဲခြားဘဲ၊အသက်ကြီးငယ်မဟူ မိမိအလိုရှိအပ်သော မည်သည့်အရာကိုမဆို ရရှိအောင်ဆောင်ရွက်ရာတွင် အဓိက ရင်းနှီးရသော Resource တခုဟုပြောလျှင် မှားမည်မဟုတ်ပာပေ။ဤသို မိမိတို့ လိုအပ်သည့် အရာတိုင်းကို ရယူရာတွင်ပေးဆပ်ရန် အချိန်ကို် မည်သည့်လူမျိုး၊မည်သည့် အသက်အရွယ် ၊ကျားမ မရွေး ခွဲခြားမှုမရှိ တန်းတူညီမျှ လူတိုင်းကို သဘာဝတရားကြီးမှပေးအပ်ထားသည့် အရာမှာ အချိန်ပင်ဖြစ်တော့သည်။  ကျမတို့နေထိုင်တဲ့ ကမ္ဘာ လောကကြီးကို ဟောဒီ "အချိန်"ဆိုတဲ့အရာလေးနဲ့ တည်ဆောက်ထားတယ်လို့ပြောရင်ကော မမှားလောက်ပါ။ ဤကဲ့သို့ ပြောရခြင်းမှာ ကျမတိုမှာ တနေ့တာဆိုတဲ့ အချိန်လေး သတ်မှတ်ဖို့ရန် ၂၄နာရီဆိုတဲ့ အချိန်ဝန်းက လည်ပတ် ချုပ်ကိုင်ထားခြင်းကြောင့်ဖြစ်သည်။အဲ့လိုပဲ တစ်နှစ်၊တစ်သက်၊တစ်ကမ္ဘာ စသဖြင့် အချိန်က သက်ဝင်အောင်ကြိုးကိုင်ထားသည်မဟုတ်ပါ့လား။ နေထိုင်ရာပတ်ဝန်းကျင်တွင်လည်း သက်ရှိ၊သက်မဲ့ ဟူ၍ ၂မျိုးခွဲခြားနိုင်သည် ။ဤ နှစ်မျိုးလုံးသည်လည်း အချိန်နဲ့ လှုပ်ရှားအသက်ရှင်သန်နေကြသည်။အရာအားလုံးသည် အချိန်ဟူသော စက်ကွင်းနဲ့ပြေးမလွတ်ပါ။ ဒါပေမယ့် အဲ့ဒီ အချိန်ကို သုံးစွဲတာခြင်း မတူကြပါ။အားလုံးသည် အချိန်တန်ဖိုးရှိမှန်းသိကြသည်၊တန်ဖိုးရှိကြောင်း ပြောကြသည်။ ဤသို့ပြောဆိုလာကြသည်မှာ ယနေ့ခေတ်ကြီးမှာ ပင်မက ယခင်ရှေးလူကြီးများလက်ထက်ကပင် ပြောဆိုကြသည်။ သို့ဖြစ်ပါ၍ အချိန်နဲ့ပတ်သက်တဲ့ စကားပုံများ ပေါ်လာကြသည်။" အချိန်နဲ့ ဒီရေသည် လူကိုမစောင့်" "နေပူတုန်းစပါးလှန်း" "လသာတုန်း ဗိုင်းငင်" ...စသည့် စကားပုံများသည် အချိန်၏တန်ဖိုးကို ဖော်ညွန်းထားကြခြင်းဖြစ်သည်။ တချို့လူသားတို့သည် အချိန်ကို လေးလေးစားစား စည်းကမ်းရှိရှိနဲ့ planချပြီး စနစ်တကျ သုံးစွဲသည်။ ထိုသုံးစွဲသူများ အနေနဲ့ ရလဒ်က အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှု ၊ လူနေမှု အဆင့်တန်းမြင့်မားမှု ၊ နာမည်ကျော်မှု စသည့် ရလဒ်ကောင်းများ ကို အကျိုးအမြတ်အဖြစ် ပြန်ရကြသည်။ တချို့လူသားတော်တော်များများသည် အချိန်ကို တန်ဖိုးထားရကောင်းမှန်း မေ့လျော့နေကြသည်။လစ်လျှူရှု ပေါ့ပေါ့တန်တန် သဘောထားပြီး သုံးစွဲကြသည်။ ထိုသူတို့၏ ရလဒ်မှာ စနစ်တကျ သုံးသူများနှင့် ဆန့်ကျက်ဘက်ရလဒ်များ ပင်ဖြစ်သည်။ ထိုသူနှစ်ဦးလုံး၏ အရင်းအနှီးမှာ "အချိန်" ပင်ဖြစ်သော်လည်း အသုံးချမှုပေါ်မူတည်ပြီး profitကွဲပြားကြသည်။ ကျမတို့၏ အရည်အချင်း၊ပညာ၊ အတွေ့အကြုံ စသည်တို့သည်လည်း အချိန် နဲ့ တိုင်းတာမှုတခုပြုလုပ်ပြီးမှ ညီမျှတဲ့ တန်ဖိုးရကြသည်။တချို့တွင်က ညီမျှတဲ့တန်ဖိုး မရကြပါ။ အကြောင်းမှာ အချိန်ရှိခိုက်လုံ့လစိုက်ထုတ်မှု နည်းသောကြောင့်ဖြစ်သည်။ ကျမတို့လူငယ်တွေ ရူးသွပ်နေတဲ့ အချစ်တို့၊သံယောဇဉ်တို့ သည်လည်း အချိန်ပေါ်မူတည်ပြီး ပြောင်းလဲကြသည်၊တန်ဖိုးကွာသွားကြသည်။ ဥပမာဆိုရလျှင်-(၁နှစ်တွဲသော သူငယ်ချင်းနှင့် ၂နှစ်တွဲခဲ့ဖူးသော သူငယ်ချင်း၂ယောက်တွင် အချိန် ကွာ သည်။ထို့ကြောင့် သံယောဇဉ် ဖြစ်မှုလည်းကွာခြားမည်။ ဒါဟာ အချိန်ဆိုတဲ့ ပေတံနဲ့ တိုင်းတာမှု ပြုလုပ်ခြင်းပင်ဖြစ်သည်။ အချိန်ပေါ်မူတည်ပြီး တိုင်းတာမှု ကွားခြားမည်)။ယခု လက်ရှိ လုပ်ငန်းရှင် များသည် အချိန်တိုင်းတာမှု နဲ့ အလုပ်ခေါ်ကြသည်။ဆိုလိုသည်မှာ အလုပ်သက်တန်း ဘယ်လောက်ရှိရမည်၊ ဘယ်အလုပ်ကို လုပ်ခဲ့ဖူးသူဖြစ်ရမည် စသည်ဖြစ် limit ထား၍ ခေါ်ကြသည်။ ဤမျှ အရေးပါလာသော အချိန်ကို သတိပြု၍ သုံးစွဲကြပါ။တနည်းပြောရလျှင် "အချိန်ရှိခိုက် လုံ့လစိုက်"ကြပါ။ ဤစာမူသည် အချိန်နဲ့ပတ်သက်၍ အမြင်၊အတွေးကို သိသလောက်မျှဝေခြင်းမျိုးဖြစ်သည်။ တန်ဖိုးရှိလှသော ၊မိမိ၏ အသုံးချမှုပေါ်မူတည်ပြီး အရာရာကို ဖန်တီးနိုင်စွမ်းရှိသော၊ လူတန်းစား မရွေး တန်းတူညီမျှ ရကြသော "အချိန်" ကို ကောင်းစွာအသုံးချနိုင်ကြပါစေ။ မိမိပေးဆပ်လိုက်ရသော အချိန်နဲ့ တန်ဖိုးညီသော အရာတခု ယနေ့ကစ ၍ပိုင်ဆိုင်နိုင်အောင် အကျိုးရှိရှိသုံးစွဲကြပါ....... @thithisann Fb acc:thithisan Msc လျှောက်ထားဆဲ